ဖြောင့်မတ်ခြင်း၌တည်မြဲသောသူသည် အသက်ရှင်ခြင်းသို့ရောက်လိမ့်မည်။ မကောင်းမှုနောက်သို့လိုက်သောသူမူကား သေခြင်းသို့ရောက်လိမ့်မည်။
တရားဟော 16:20 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် အသက်ချမ်းသာရာရလျက် သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို ပိုင်ဆိုင်ရမည့်အကြောင်း ဖြောင့်မတ်ခြင်းတစ်ခုတည်းကိုသာ လက်ကိုင်ပြုရမည်။ Common Language Bible သင်တို့၏ဘုရားသခင်ထာဝရဘုရားပေး သနားတော်မူသောပြည်ကိုသိမ်းယူ၍ ထို ပြည်တွင်ဆက်လက်နေထိုင်နိုင်အံ့သောငှာ သင်တို့သည်တရားမျှတစွာအစဉ်ပြုမူ ကျင့်ကြံရကြမည်။'' Garrad Bible သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ပြည် ကို ပိုင် ရ လျက် ရှင် နေ ခွင့် ရ ခြင်း ငှါ တ ရား အ တိုင်း သာ လျှောက် လိုက် ကြ လော့။ Judson Bible သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်ကို သင်သည် အသက်ရှင်၍ အမွေခံမည်အကြောင်း၊ ဖြောင့်သောတရားလမ်းသို့သာ လိုက်ရမည်။ |
ဖြောင့်မတ်ခြင်း၌တည်မြဲသောသူသည် အသက်ရှင်ခြင်းသို့ရောက်လိမ့်မည်။ မကောင်းမှုနောက်သို့လိုက်သောသူမူကား သေခြင်းသို့ရောက်လိမ့်မည်။
ငါ၏ပြဋ္ဌာန်းချက်တို့ကိုလိုက်လျှောက်ပြီး စီရင်ထုံးဖွဲ့ချက်တို့ကို သစ္စာရှိစွာစောင့်ထိန်းလျက် ဖြောင့်မတ်သောသူဖြစ်လျှင် သူသည် အမှန်ပင်အသက်ချမ်းသာရာရမည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
အို အချင်းလူ၊ မည်သည့်အရာကောင်းမြတ်သည်ကို သင့်အားပြောပြတော်မူပြီ။ စင်စစ် တရားမျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာကို မြတ်နိုးခြင်း၊ ဘုရားသခင်ရှေ့တော်၌ စိတ်နှိမ့်ချစွာအသက်ရှင်လျှောက်လှမ်းခြင်း မှတစ်ပါး သင့်အား မည်သည့်အရာကို ထာဝရဘုရား တောင်းဆိုတော်မူသနည်း။
မောရှေကလည်း ပညတ်တရားနှင့်ဆိုင်သော ဖြောင့်မတ်ခြင်းနှင့်ပတ်သက်၍ “ဤအရာများကိုလိုက်နာကျင့်သုံးသောသူသည် ၎င်းတို့အားဖြင့် အသက်ရှင်လိမ့်မည်”ဟု ရေးထား၏။
သင်တည်ဆောက်မည့် သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ဘေး၌ အာရှရနတ်ဘုရားမတံခွန်တိုင်အဖြစ် မည်သည့်သစ်ပင်ကိုမျှ မစိုက်ရ။
အို အစ္စရေးလူမျိုးတို့၊ သင်တို့အား သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သို့ သင်တို့သည် အသက်ချမ်းသာရာရ၍ ဝင်ရောက်ပိုင်ဆိုင်ရမည့်အကြောင်း သင်တို့လိုက်နာရမည့် ငါသွန်သင်သော ပြဋ္ဌာန်းချက်နှင့်စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ ဂုဏ်သရေရှိသောအရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ ဖြူစင်သန့်ရှင်းသောအရာရှိသမျှ၊ နှစ်သက်ဖွယ်ကောင်းသောအရာရှိသမျှနှင့် ဂုဏ်သတင်းကောင်းသောအရာရှိသမျှတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခု၊ သို့မဟုတ် ချီးမွမ်းထိုက်သောအရာတစ်စုံတစ်ခုရှိလျှင် ထိုအရာတို့ကို နှလုံးသွင်းကြလော့။