ကျေးဇူးတော်ချီးမွမ်းခြင်းအတွက်ပူဇော်သော မိတ်သဟာယယဇ်အသားကို ပူဇော်သောနေ့၌ပင် စားရမည်။ ထိုအသားကို နံနက်တိုင်အောင် မချန်ထားရ။
တရားဟော 15:20 - မြန်မာ့စံမီသမ္မာကျမ်း သင်နှင့်သင်၏အိမ်သူအိမ်သားတို့သည် ထိုနွားသားဦး၊ သိုးသားဦးတို့ကို သင်၏ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ နှစ်စဉ်နှစ်တိုင်းစားရမည်။ Common Language Bible နှစ်စဉ်သင်နှင့်သင်၏မိသားစုတို့သည် ဘုရား ဝတ်ပြုရာတစ်ခုတည်းသောဌာနတွင်ထာဝရ ဘုရား၏ရှေ့တော်၌ ထိုနွားဦးပေါက်နှင့် သိုးဦးပေါက်တို့၏အသားကိုစားရမည်။- Garrad Bible အိမ် သူ အိမ် သား တို့ ပါ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ မည့် ဌာ န၌၊ နှစ် စဉ် သုံး ဆောင် ကြ လော့။ Judson Bible ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ ထိုသိုးနွားတို့ကို နှစ်စဉ်မပြတ် အိမ်သူအိမ်သားတို့နှင့်တကွ ကိုယ်တိုင်စားရမည်။ |
ကျေးဇူးတော်ချီးမွမ်းခြင်းအတွက်ပူဇော်သော မိတ်သဟာယယဇ်အသားကို ပူဇော်သောနေ့၌ပင် စားရမည်။ ထိုအသားကို နံနက်တိုင်အောင် မချန်ထားရ။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။
မျိုးနွယ်တစ်နွယ်ထဲရှိ ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌သာ မီးရှို့ရာယဇ်ကို ပူဇော်ရမည်။ ထိုနေရာ၌ ငါမှာကြားထားသမျှကို သင်ပြုရမည်။
သင်၏ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားဦး၊ သိုးသားဦး၊ ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာပူဇော်သက္ကာရှိသမျှ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာ၊ အလှူပစ္စည်း စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို သင်သည် မိမိမြို့၌ စားခွင့်မရှိ။
သင်၏ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားဦး၊ သိုးသားဦး စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ကိုယ်တော်၏ရှေ့တော်၌ စားရမည်။ ဤသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကြောက်ရွံ့မည့်အကြောင်း သင်ယူခြင်းဖြစ်၏။