ကျွန်မတို့၏ဘိုးဘေးများသည် ဤတောင်ပေါ်၌ ဝတ်ပြုကိုးကွယ်ခဲ့ကြပါ၏။ အရှင်တို့ကမူ ဝတ်ပြုကိုးကွယ်ရမည့်နေရာသည် ဂျေရုဆလင်မြို့၌ရှိသည်ဟူ၍ ပြောဆိုကြပါ၏”ဟု လျှောက်လေ၏။
တရားဟော 11:29 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ဝင်ရောက်သိမ်းပိုက်ရမည့်ပြည်သို့ သင့်ကို ပို့ဆောင်သောအခါ သင်သည် ကောင်းချီးမင်္ဂလာကို ဂေရဇိမ်တောင်ပေါ်၌လည်းကောင်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌လည်းကောင်း ထားရမည်။ Common Language Bible ထာဝရဘုရားသည် သင်တို့သိမ်းပိုက်မည့် ပြည်ထဲသို့ပို့ဆောင်တော်မူသောအခါ သင် တို့သည်ထိုကောင်းချီးမင်္ဂလာကိုဂေရဇိမ် တောင်ပေါ်မှာလည်းကောင်း၊ ထိုကျိန်ခြင်းကို ဧဗလတောင်ပေါ်မှာလည်းကောင်းကြေညာ ရကြမည်။- Garrad Bible သင် တို့ ဝင် ရောက် ပိုင် ယူ မည့် ပြည် သို့ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဆောင် သွင်း တော် မူ သည့် ကာ လ၊ ယော် ဒန် မြစ် အ နောက် ဘက်၊ အ ရာ ဗာ ချိုင့် တွင် နေ ထိုင် ကြ သူ ခါ နာန် လူ မျိုး၏ ပြည် အ တွင်း၊ နေ ဝင် ရာ အ ရပ် ရှိ လမ်း အ နောက် ဘက်၊ မော ရေ ညန် မြိုင် အ နီး၊ ဂိ လ ဂါ လ မြို့ ရင် ဆိုင် နေ သော ဂေ ရ ဇိမ် တောင် ပေါ်၌ မင်္ဂ လာ ကိုလည်း ကောင်း၊ ဧ ဗ လ တောင် ပေါ်၌ အ မင်္ဂ လာ ကို လည်း ကောင်း၊ တင် ထား ကြ လော့။ Judson Bible သင်တို့သည်သွား၍ ဝင်စားလတ္တံ့သောပြည်သို့ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်ဆောင်သွင်းတော်မူပြီးမှ၊ ကောင်းချီးမင်္ဂလာကို ဂေရဇိမ်တောင်ပေါ်၌လည်းကောင်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌လည်းကောင်း တင်ထားရကြမည်။ |
ကျွန်မတို့၏ဘိုးဘေးများသည် ဤတောင်ပေါ်၌ ဝတ်ပြုကိုးကွယ်ခဲ့ကြပါ၏။ အရှင်တို့ကမူ ဝတ်ပြုကိုးကွယ်ရမည့်နေရာသည် ဂျေရုဆလင်မြို့၌ရှိသည်ဟူ၍ ပြောဆိုကြပါ၏”ဟု လျှောက်လေ၏။
သင်တို့သည် ဂျော်ဒန်မြစ်ကိုကူးပြီးမှ ယနေ့ သင်တို့အား ငါမှာကြားထားသည့်အတိုင်း ဧဗလတောင်ပေါ်၌ ထိုကျောက်တုံးများကိုဆင့်၍ ထုံးသုတ်ရမည်။
ထိုသတင်းကို ယောသံကြားသောအခါ ထွက်သွား၍ ဂေရဇိမ်တောင်ထိပ်ပေါ်၌ ရပ်လျက် “ရှေခင်အမျိုးသားတို့၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင် ဘုရားသခင်လည်း သင်တို့စကားကို နားထောင်တော်မူမည်။