တရားဟော 11:29 - Common Language Bible29 ထာဝရဘုရားသည် သင်တို့သိမ်းပိုက်မည့် ပြည်ထဲသို့ပို့ဆောင်တော်မူသောအခါ သင် တို့သည်ထိုကောင်းချီးမင်္ဂလာကိုဂေရဇိမ် တောင်ပေါ်မှာလည်းကောင်း၊ ထိုကျိန်ခြင်းကို ဧဗလတောင်ပေါ်မှာလည်းကောင်းကြေညာ ရကြမည်။- အခန်းကိုကြည့်ပါ။Garrad Bible29-30 သင် တို့ ဝင် ရောက် ပိုင် ယူ မည့် ပြည် သို့ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဆောင် သွင်း တော် မူ သည့် ကာ လ၊ ယော် ဒန် မြစ် အ နောက် ဘက်၊ အ ရာ ဗာ ချိုင့် တွင် နေ ထိုင် ကြ သူ ခါ နာန် လူ မျိုး၏ ပြည် အ တွင်း၊ နေ ဝင် ရာ အ ရပ် ရှိ လမ်း အ နောက် ဘက်၊ မော ရေ ညန် မြိုင် အ နီး၊ ဂိ လ ဂါ လ မြို့ ရင် ဆိုင် နေ သော ဂေ ရ ဇိမ် တောင် ပေါ်၌ မင်္ဂ လာ ကိုလည်း ကောင်း၊ ဧ ဗ လ တောင် ပေါ်၌ အ မင်္ဂ လာ ကို လည်း ကောင်း၊ တင် ထား ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible29 သင်တို့သည်သွား၍ ဝင်စားလတ္တံ့သောပြည်သို့ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်ဆောင်သွင်းတော်မူပြီးမှ၊ ကောင်းချီးမင်္ဂလာကို ဂေရဇိမ်တောင်ပေါ်၌လည်းကောင်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌လည်းကောင်း တင်ထားရကြမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ဝင်ရောက်သိမ်းပိုက်ရမည့်ပြည်သို့ သင့်ကို ပို့ဆောင်သောအခါ သင်သည် ကောင်းချီးမင်္ဂလာကို ဂေရဇိမ်တောင်ပေါ်၌လည်းကောင်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌လည်းကောင်း ထားရမည်။ အခန်းကိုကြည့်ပါ။ |