ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
တရားဟော 11:17 - မြန်မာ့စံမီသမ္မာကျမ်း သို့မဟုတ်လျှင် ထာဝရဘုရားသည် သင်တို့အပေါ် အမျက်ထွက်၍ မိုးကောင်းကင်ကိုပိတ်တော်မူသဖြင့် မိုးမရွာ၊ မြေသည် အသီးအနှံကိုမပေးသောကြောင့် သင်တို့သည် ထာဝရဘုရားပေးတော်မူသည့် သာယာဝပြောသောပြည်၌ အလျင်အမြန် ပျက်စီးကြလိမ့်မည်။ Common Language Bible အခြားသောဘုရားများကိုဝတ်ပြုကိုးကွယ် လျှင် ထာဝရဘုရားသည်သင်တို့ကိုအမျက် ထွက်၍ မိုးကိုမရွာစေသဖြင့်လယ်မြေများ ခြောက်သွေ့၍ အသီးအနှံများမဖြစ်ထွန်း နိုင်ရှိလိမ့်မည်။ ထိုအခါထာဝရဘုရားပေး သနားတော်မူသောပြည်သည်ကောင်းမွန်သော် လည်း သင်တို့သည်မကြာမီသေကြေပျက်စီး ကြလိမ့်မည်။'' Judson Bible သို့မဟုတ် ထာဝရဘုရားသည် အမျက်တော်ထွက်၍ မိုးမရွာ၊ မြေ၏အသီးအနှံကို မဖြစ်စေခြင်းငှာ၊ မိုးကောင်းကင်ကို ပိတ်တော်မူမည်။ ထာဝရဘုရားပေးတော်မူသော ကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန် ပျောက်ပျက်ကြလိမ့်မည်။ |
ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
ကိုယ်တော့်ကိုပြစ်မှားမိ၍ ကိုယ်တော်သည် သူတို့ကို ဆုံးမသောအားဖြင့် ကောင်းကင်တံခါးကိုပိတ်လျက် မိုးခေါင်စေသောအခါ သူတို့သည် အပြစ်လမ်းမှပြန်လှည့်၍ ကိုယ်တော်၏နာမတော်ကိုဝန်ခံလျက် ဤနေရာသို့မျက်နှာမူပြီး ဆုတောင်းအသနားခံလျှင်
ကိုယ်တော့်ကိုပြစ်မှားမိ၍ ကိုယ်တော်သည် သူတို့ကို ဆုံးမသောအားဖြင့် ကောင်းကင်တံခါးကိုပိတ်လျက် မိုးခေါင်စေသောအခါ သူတို့သည် အပြစ်လမ်းမှပြန်လှည့်၍ ကိုယ်တော်၏နာမတော်ကိုဝန်ခံလျက် ဤနေရာသို့မျက်နှာမူပြီး ဆုတောင်းအသနားခံလျှင်
ငါသည် မိုးကောင်းကင်ကိုပိတ်ထားပြီး မိုးခေါင်စေသောအခါ၊ ပြည်ထွက်သီးနှံကိုဝါးမျိုရန် နှံကောင်များကို အမိန့်ပေးသောအခါ၊ ငါ့လူမျိုးတော်တို့တွင် ကပ်ဘေးကျရောက်စေသောအခါ၊
ရေကိုတားတော်မူလျှင် ခန်းခြောက်သွားတတ်၏။ ရေကိုလွှတ်ပေးလိုက်လျှင် မြေကြီးကို လွှမ်းမိုးသွားတတ်၏။
ငါသည် သင်တို့၏မာနတန်ခိုးကိုချိုး၍ သင်တို့၏မိုးကောင်းကင်ကို သံကဲ့သို့လည်းကောင်း၊ သင်တို့၏မြေကို ကြေးဝါကဲ့သို့လည်းကောင်း ဖြစ်စေမည်။
သင်တို့၏ခွန်အားသည် အချည်းနှီးကုန်သွားလိမ့်မည်။ သင်တို့၏မြေသည် အသီးအနှံဖြစ်ထွန်းလိမ့်မည်မဟုတ်။ သင်တို့ပြည်ရှိအပင်တို့သည်လည်း အသီးဖြစ်ထွန်းလိမ့်မည်မဟုတ်။
“ငါသည် ရိတ်သိမ်းချိန်မရောက်မီသုံးလအတွင်း သင်တို့အတွက် မိုးကိုမရွာစေခဲ့။ တစ်မြို့တွင် မိုးရွာစေပြီး အခြားတစ်မြို့တွင် မိုးခေါင်စေ၏။ လယ်မြေတစ်ကွက်တွင် မိုးရွာစေပြီး အခြားတစ်ကွက်တွင် မိုးခေါင်၍ ခြောက်သွေ့စေ၏။
အကြောင်းမူကား နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့၏ဘိုးဘေးတို့အား ပေးမည်ဟုငါကျိန်ဆိုခဲ့သည်နှင့်အညီ သူတို့ကို ထိုပြည်သို့ ငါပို့ဆောင်သဖြင့် သူတို့သည် ဝလင်စွာစားရ၍ ကြွယ်ဝပြည့်စုံသောအခါ အခြားဘုရားများထံသို့လှည့်သွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုမထီလေးစားပြုကြလိမ့်မည်။ ငါနှင့်ဖွဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။
ယနေ့ ငါသည် သင်တို့တစ်ဖက်၌ ကောင်းကင်နှင့်မြေကြီးကိုသက်သေထား၍ တိုင်တည်၏။ သင်တို့သည် ဂျော်ဒန်မြစ်ကိုကူးသွား၍သိမ်းပိုက်မည့်ပြည်မှ မကြာမီလုံးလုံးဖျက်ဆီးခြင်းခံရမည်။ ထိုပြည်၌ အသက်ရှည်ရှည်မနေရ၊ လုံးလုံးဖျက်ဆီးခြင်းခံရမည်။
သင်တို့နှင့်အတူရှိတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သဝန်တိုတတ်သောဘုရားဖြစ်တော်မူ၏။ ထို့ကြောင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အပေါ်အမျက်ထွက်၍ သင်တို့ကို မြေကြီးပေါ်မှ ဖျက်ဆီးတော်မူမည်ကို စိုးရိမ်ရ၏။
ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးချင်လောက်အောင် သင်တို့ကို အမျက်ထွက်တော်မူသောကြောင့် ထိုပြင်းစွာသောအမျက်တော်ကို ငါကြောက်ရွံ့၏။ ထိုအချိန်၌လည်း ထာဝရဘုရားသည် ငါ၏စကားကိုနားညောင်းတော်မူ၏။