ကိုယ်တော်သည် မြေ၌သင်ကြဲသောမျိုးစေ့အတွက် မိုးကိုရွာစေတော်မူသဖြင့် မြေမှထွက်သောအစားအစာသည် ပေါများကြွယ်ဝမည်။ ထိုနေ့ရက်တွင် သင်၏တိရစ္ဆာန်တို့သည် ကျယ်ပြန့်သောမြက်ခင်းပြင်၌ ကျက်စားကြမည်။
တရားဟော 11:14 - မြန်မာ့စံမီသမ္မာကျမ်း သို့ပြုလျှင် ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်နှင့် ဆီတို့ကို သင်တို့စုသိမ်းနိုင်မည့်အကြောင်း ကိုယ်တော်သည် သင်တို့ပြည်အတွက် မိုးဦး၊ မိုးနှောင်းကို သူ့အချိန်နှင့်သူရွာစေတော်မူမည်။ Common Language Bible သို့မှသာထာဝရဘုရားသည်သင်တို့ အတွက်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ သင်တို့ ၏တိရစ္ဆာန်များအတွက် မြက်စသည်တို့ကို ရရှိစေရန်ဆောင်းဦးပေါက်မိုး၊ နွေဦးပေါက် မိုးကိုအချိန်တန်သောအခါရွာစေတော် မူမည်။ သင်တို့သည်အစာရေစာအလုံ အလောက်ရရှိလိမ့်မည်။- Garrad Bible ဆန် စ ပါး၊ စ ပျစ် ရည်၊ ဆီ များ ကို စု သိမ်း ကြ စေ ခြင်း ငှါ ရာ သီ အ လျောက် မိုး ဦး မိုး နှောင်း ကို ရွာ စေ သည့် ပြင်၊ Judson Bible သင်တို့သည် စပါး၊ စပျစ်ရည်၊ ဆီတို့ကိုစုသိမ်းစေခြင်းငှာ အရင်မိုး၊ နောက်မိုးတည်းဟူသော သင်တို့ပြည်နှင့်ဆိုင်သောမိုးရေကို ငါပေးမည်။ |
ကိုယ်တော်သည် မြေ၌သင်ကြဲသောမျိုးစေ့အတွက် မိုးကိုရွာစေတော်မူသဖြင့် မြေမှထွက်သောအစားအစာသည် ပေါများကြွယ်ဝမည်။ ထိုနေ့ရက်တွင် သင်၏တိရစ္ဆာန်တို့သည် ကျယ်ပြန့်သောမြက်ခင်းပြင်၌ ကျက်စားကြမည်။
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
မိုးဦး၊ မိုးနှောင်းကို အချိန်မှန် ရွာစေတော်မူပြီး ငါတို့အဖို့ သီးနှံရိတ်သိမ်းရမည့်သီတင်းပတ်များကို သတ်မှတ်ပေး၍ တည်မြဲစေတော်မူသောငါတို့၏ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့ကြကုန်စို့ဟု စိတ်ထဲ၌ပင် သူတို့မတွေးကြပေ။
သူတို့နှင့်တကွ သူတို့ကျက်စားရာငါ့တောင်ပတ်ပတ်လည်ကို ကောင်းချီးမင်္ဂလာချပေးမည်။ ရာသီအလိုက် မိုးရွာသွန်းစေမည်။ ကောင်းချီးမိုးကို ရွာသွန်းစေမည်။
ထာဝရဘုရားက မိမိလူမျိုးတော်အား “ကြည့်ရှုလော့။ ငါသည် သင်တို့အား ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်နှင့်ဆီကို ပေးသနား၍ သင်တို့သည် ဝပြောစွာစားသောက်ရမည်။ သင်တို့ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာဖြစ်စေတော့မည်မဟုတ်။
သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကို လိုက်လျှောက်၍ ငါ၏ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းလျှင်
ငါသည် သင်တို့အဖို့ မိုးကို သူ့ရာသီနှင့်သူရွာစေသဖြင့် မြေသည် အသီးအနှံဖြစ်ထွန်းလိမ့်မည်။ လယ်ယာရှိအပင်တို့သည် ကောက်ပဲသီးနှံဖြစ်ထွန်းလိမ့်မည်။
“လောင်မီးပိုးကို ငါတားဆီးမည်။ သင်တို့မြေမှအသီးအနှံကို မဖျက်ဆီးစေရ။ သင်တို့မြေမှစပျစ်ပင်သည် အသီးမသီးဘဲမနေရ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သို့သော် မိမိအကြောင်းကို သက်သေမခံဘဲနေတော်မူသည်မဟုတ်။ ကိုယ်တော်သည် သင်တို့အတွက် ကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံဖြစ်ထွန်းသော ရာသီတို့ကိုပေးကာ အစာအာဟာရနှင့်ဝမ်းမြောက်ခြင်းတို့ဖြင့် သင်တို့စိတ်နှလုံးကို ပြည့်ဝစေလျက် ကောင်းသောအမှုကို ပြုတော်မူ၏”ဟု အော်ဟစ်ပြောဆိုကြ၏။
ထာဝရဘုရားသည် ကြွယ်ဝသောမိုးကောင်းကင်ဘဏ္ဍာတိုက်ကို ဖွင့်ပေးတော်မူပြီး သင်၏ပြည်၌ မိုးကို သူ့အချိန်နှင့်သူရွာစေတော်မူ၍ သင်လုပ်ဆောင်လေရာရာတို့ကိုကောင်းချီးပေးတော်မူမည်။ သင်သည် လူမျိုးများစွာတို့အား ချေးငှားပေးရမည်။ ချေးယူရမည်မဟုတ်။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည့်တိုင်အောင် စိတ်ရှည်သည်းခံကြလော့။ ခြံသမားသည် မြေမှအဖိုးတန်သည့်အသီးအနှံကို မိုးဦးနှင့်မိုးနှောင်းရွာသည်အထိ စိတ်ရှည်စွာစောင့်တတ်၏။