သင်မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည့် ကြောက်မက်ဖွယ်ကောင်းသောအမှုကြီးများကို သင့်အတွက်ပြုတော်မူသောအရှင်သည် သင်ချီးမွမ်းရာ သင်၏ဘုရားသခင်ဖြစ်တော်မူ၏။
ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်သည် သင်တို့၏ဘုရားဖြစ်တော်မူ၏။ သင်တို့အတွက် ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်သောအမှု ကြီးများကို သင်တို့ကိုယ်တိုင်မြင်ခဲ့ရကြပြီ။-
ကိုယ် တော် သည် သင် တို့ ဒိ ဋ္ဌ မြင် ရ သော ကြောက် မက် ဖွယ် ဤ တန် ခိုး များ ကို ပြု စု တော် မူ ခဲ့ သည့် အ လျောက်၊ ချီး မွမ်း ထိုက် ချီး မွမ်း ရာ သင် တို့ ဘု ရား သ ခင် ဖြစ် တော် မူ၏။
ထာဝရဘုရားသည် သင်၏ဂုဏ်အသရေ၊ သင်၏ဘုရားသခင် ဖြစ်တော်မူ၏။ သင်သည် ကိုယ်မျက်စိနှင့် မြင်သည်အတိုင်း၊ ကြောက်မက်ဖွယ်သော အမှုအရာကြီးတို့ကို သင့်အဖို့ပြုတော်မူပြီ။
မြေကြီးပေါ်တွင် ဘုရားသခင်၏လူမျိုးတော်အစ္စရေးနှင့်တူသောလူမျိုး တစ်မျိုးမျိုးရှိပါသလော။ ဘုရားသခင်သည် မိမိလူမျိုးတော်အဖြစ် သူတို့ကို ရွေးနုတ်တော်မူခဲ့ပါပြီ။ အီဂျစ်ပြည်၊ လူမျိုးခြားတို့နှင့် သူတို့၏ဘုရားများထံမှ ရွေးနုတ်တော်မူခဲ့သောလူမျိုးတော်၏ရှေ့မှောက်မှာပင် ပြည်တော်အဖို့ ကြီးမြတ်၍အံ့ဖွယ်သောအမှုများပြုခြင်းဖြင့် နာမတော်ကို ထင်ရှားစေခဲ့ပါပြီ။
အကျွန်ုပ်၏ချီးမွမ်းရာဖြစ်တော်မူသော ဘုရားသခင်၊ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။
သူတို့သည် ကိုယ်တော်၏အံ့ဩဖွယ်ကောင်းသော တန်ခိုးတော်အကြောင်းကို ပြောဆိုကြပါလိမ့်မည်။ အကျွန်ုပ်သည်လည်း ကိုယ်တော်၏ ကြီးမြတ်တော်မူခြင်းအကြောင်းကို ပြောကြားပါမည်။
ကိုယ်တော်သည် မိမိ၏လူမျိုးတော်အတွက် ဦးချိုကိုချီးမြှောက်တော်မူ၏။ ၎င်းသည် မိမိ၏သန့်ရှင်းသူအားလုံးအတွက်၊ မိမိအနီးတွင်ရှိသည့်လူမျိုးတည်းဟူသော အစ္စရေးအမျိုးသားတို့အတွက် ချီးမွမ်းရာဖြစ်၏။ ဟာလေလုယ။
သို့သော် ကိုယ်တော်သည် သန့်ရှင်းသောအရှင်ဖြစ်တော်မူပြီး အစ္စရေးလူမျိုး၏ချီးမွမ်းခြင်း၌ စိုးစံတော်မူ၏။
ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါကျူးဧရာတေးသီချင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါ၏ဘုရားဖြစ်တော်မူသော ကိုယ်တော်အား ငါချီးမွမ်းမည်။ ငါ့အဖ၏ဘုရားဖြစ်တော်မူသောကိုယ်တော်အား ငါချီးမြှောက်မည်။
ထာဝရဘုရားကလည်း “ငါပဋိညာဉ်ပြုမည်။ ကမ္ဘာမြေတစ်ခွင်လုံး၌လည်းကောင်း၊ လူမျိုးရှိသမျှတို့၌လည်းကောင်း မပြုခဲ့ဖူးသောအံ့ဖွယ်အမှုတို့ကို သင်၏လူအပေါင်းတို့ရှေ့၌ ငါပြုမည်။ သင်နှင့်အတူရှိသောလူအပေါင်းတို့သည် ငါထာဝရဘုရား၏အမှုကို တွေ့မြင်ကြလိမ့်မည်။ ထိုအမှုသည် သင်နှင့်အတူငါပြုမည့် ကြောက်မက်ဖွယ်အမှုဖြစ်၏။
နေ့အချိန် သင်ရသောအလင်းသည် နေ၏အလင်းမဟုတ်တော့ပေ။ တောက်ပသောလသည်လည်း သင့်အပေါ်ထွန်းလင်းတော့မည်မဟုတ်။ အကြောင်းမူကား ထာဝရဘုရားသည် သင်၌ ထာဝရအလင်းဖြစ်တော်မူမည်။ သင်၏ဘုရားသခင်သည် သင်၏ဂုဏ်ကျက်သရေဖြစ်တော်မူမည်။
အကျွန်ုပ်တို့မမျှော်လင့်သည့် ကြောက်မက်ဖွယ်ရာတို့ကို ကိုယ်တော်ပြုတော်မူသောအခါ၊ ကိုယ်တော်ကြွဆင်းတော်မူသောအခါ တောင်တို့သည် ကိုယ်တော်၏ရှေ့တော်၌ လှုပ်ကြပါ၏။
အို ထာဝရဘုရား အကျွန်ုပ်ကို ကျန်းမာစေတော်မူပါ။ သို့မှသာ အကျွန်ုပ် ကျန်းမာပါလိမ့်မည်။ အကျွန်ုပ်ကိုကယ်တော်မူပါ။ သို့မှသာ အကျွန်ုပ် ကယ်တင်ခြင်းခံရပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်၏ချီးမွမ်းရာဖြစ်တော်မူပါ၏။
ထာဝရဘုရားသည် ဤပြည်၌နေထိုင်သောအာမောရိလူမျိုးအပါအဝင် လူမျိုးခြားအပေါင်းတို့ကို အကျွန်ုပ်တို့ရှေ့မှ နှင်ထုတ်ပေးတော်မူ၏။ ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူသောကြောင့် ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ပြန်ဖြေကြ၏။
ဘုရားသခင်၏ဘုန်းအသရေတော်သည် ထိုမြို့ကိုထွန်းလင်းစေ၍ သိုးသငယ်တော်သည် ထိုမြို့၏ဆီမီးဖြစ်သောကြောင့် ထိုမြို့ကိုထွန်းလင်းစေရန် နေနှင့်လတို့ကို မလိုအပ်ပေ။
ထာဝရဘုရားသည် သင်တို့အဖို့ မည်မျှကြီးမားသောအမှုပြုတော်မူသည်ကို ဆင်ခြင်၍ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေကြလော့။ သစ္စာရှိလျက် ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြလော့။