တရားဟော 1:7 - မြန်မာ့စံမီသမ္မာကျမ်း ခရီးစပြုကြလော့။ အာမောရိတောင်ပေါ်ဒေသနှင့် ထိုဒေသအနီးရှိ အရာဗလွင်ပြင်၊ တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ နေဂေ့အရပ်သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေဒေသသို့လည်းကောင်း၊ ခါနာန်ပြည်သို့လည်းကောင်း၊ လက်ဘနွန်တောင်မှ ယူဖရေးတီးမြစ်ကြီးတိုင်အောင်လည်းကောင်း လှည့်သွားလော့။ Common Language Bible စခန်းသိမ်း၍ခရီးဆက်ကြလော့။ အာမောရိ အမျိုးသားတို့နေထိုင်ရာတောင်ကုန်းဒေသ နှင့် ၎င်းအနီးရှိဒေသများဖြစ်သောတောင် ကုန်းဒေသ၊ လွင်ပြင်ဒေသ၊ တောင်ဘက်ဒေသ၊ မြေထဲပင်လယ်ကမ်းခြေတို့သို့သွားကြလော့။ ခါနာန်ပြည်သို့သွားကြလော့။ ထိုမှတစ်ဖန် လေဗနုန်တောင်ကိုကျော်၍ ဥဖရတ်မြစ်သို့ တိုင်အောင်သွားကြလော့။- Garrad Bible လှည့် ပတ်၍ ခ ရီး ကောက် ချီ လျက်၊ အာ မော ရိ တောင် တန်း မှ စ သော နီး စပ် သည့် အ ရာ ဗာ ချိုင့်၊ ခင် တန်း ခ ရိုင်၊ ရှ ဖေ လာ ခ ရိုင်၊ နေ ဂပ် ခ ရိုင် များ သို့ လည်း ကောင်း၊ ပင် လယ် ကမ်း ခြေ တစ် လျှောက်၊ ခါ နာန် လူ မျိုး တို့ ပြည် နယ် သို့ လည်း ကောင်း၊ လေဗ နုန် တောင် တန်း သို့ လည်း ကောင်း၊ ဥ ဖ ရတ် မြစ် ကြီး တိုင် အောင် ပင် ချီ သွား ကြ လော့။ Judson Bible လှည့်လည်၍ ခရီးသွားကြလော့။ အာမောရိတောင်သို့လည်းကောင်း၊ ထိုတောင်နှင့်နီးသောအရပ်၊ လွင်ပြင်၊ တောင်ရိုး၊ ချိုင့်၊ တောင်မျက်နှာ၊ ပင်လယ်နားသို့လည်းကောင်း၊ ခါနာန်ပြည်၊ လေဗနုန်တောင်၊ ဥဖရတ်မြစ်ကြီးတိုင်အောင်လည်းကောင်း သွားကြလော့။ |
ရဟောဘ၏သား၊ ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးသည် ယူဖရေးတီးမြစ်တစ်လျှောက်ကို ပြန်လည်သိမ်းပိုက်ရန် စစ်ချီလာသောအခါ ဒါဝိဒ်မင်းကြီးသည် သူ့ကိုတိုက်ခိုက်ပြီး
ဇောဘဟာမတ်ဘုရင်ဟာဒဒေဇာမင်းကြီးသည် ယူဖရေးတီးမြစ်တစ်လျှောက်ကို ပြန်လည်သိမ်းပိုက်ရန် စစ်ချီလာသောအခါ ဒါဝိဒ်မင်းကြီးသည် သူ့ကိုတိုက်ခိုက်ပြီး
ရှာရုန်မြို့သား ရှိတရဲသည် ရှာရုန်အရပ်၌ကျက်စားသောတိရစ္ဆာန်အုပ်ကို တာဝန်ယူရ၏။ အာဒလဲ၏သားရှာဖတ်သည် ချိုင့်ဝှမ်းလွင်ပြင်တိရစ္ဆာန်အုပ်ကို တာဝန်ယူရ၏။
ဂိလဒ်ပြည်တွင် သူတို့၏သိုးနွားတိရစ္ဆာန်များတိုးပွားလာသဖြင့် အရှေ့ဘက်၌ ယူဖရေးတီးမြစ်နားထိရောက်သော တောကန္တာရအစပ်တိုင်အောင် အခြေချနေထိုင်ကြ၏။
သင်၏နယ်နိမိတ်ကို ပင်လယ်နီမှ ဖိလိတ္တိပင်လယ်တိုင်အောင်လည်းကောင်း၊ တောကန္တာရမှ ယူဖရေးတီးမြစ်တိုင်အောင်လည်းကောင်း ငါသတ်မှတ်မည်။ အကြောင်းမူကား ငါသည် ထိုပြည်၌နေထိုင်သောသူတို့ကို သင်တို့လက်သို့အပ်သဖြင့် သင်သည် သူတို့ကို သင့်ရှေ့မှ နှင်ထုတ်လိမ့်မည်။
သို့သော် သစ်ကတိုးပင်မြင့်သကဲ့သို့မြင့်၍ ဝက်သစ်ချပင်ကဲ့သို့သန်မာသော အာမောရိလူမျိုးတို့ကို အပင်ပေါ်ရှိအသီးများသာမက မြေအောက်ရှိအမြစ်များပါမကျန် ဖျက်ဆီးသကဲ့သို့ သူတို့ရှေ့တွင်ပင် ငါကိုယ်တော်တိုင် သုတ်သင်ပယ်ရှင်းပစ်ခဲ့၏။
အစ္စရေးအမျိုးသားတို့သည် သိနာတောကန္တာရမှ ခရီးထွက်ခွာလာကြ၏။ မိုးတိမ်သည် ပါရန်တောကန္တာရ၌ ရပ်တန့်လေ၏။
ထိုမှ ငါတို့သည် ငါတို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဟောရပ်တောင်မှ ခရီးပြု၍ အာမောရိတောင်ပေါ်ဒေသလမ်းတစ်လျှောက်ရှိ သင်တို့မြင်ရသည့် ကြောက်မက်ဖွယ်တောကန္တာရကြီးကိုဖြတ်ကာ ကာဒေရှဗာနာအရပ်သို့ ရောက်ကြ၏။
သို့သော် သင်တို့ကူးသွား၍ သိမ်းပိုက်ရမည့်ပြည်သည် တောင်များ၊ ချိုင့်ဝှမ်းများနှင့်ပြည့်စုံ၍ ကောင်းကင်မှမိုးရေကို သောက်ရသောပြည်ဖြစ်၏။
သင်တို့ခြေချရာမြေဟူသမျှကို သင်တို့ပိုင်ဆိုင်ရလိမ့်မည်။ သင်တို့၏နယ်မြေသည် တောကန္တာရမှ လက်ဘနွန်တောင်တိုင်အောင်၊ ယူဖရေးတီးမြစ်မှ အနောက်ဘက်ပင်လယ်တိုင်အောင် ဖြစ်လိမ့်မည်။
သင်တို့နယ်မြေသည် တောကန္တာရမှ လက်ဘနွန်တောင်တိုင်အောင်၊ ယူဖရေးတီးမြစ်ကြီးတစ်လျှောက် ဟိတ္တိပြည်တစ်ပြည်လုံးမှ အနောက်ဘက်ပင်လယ်ကြီးတိုင်အောင် ဖြစ်လိမ့်မည်။
ယောရှုသည် တောင်ပေါ်ဒေသ၊ နေဂေ့အရပ်၊ မြေနိမ့်ဒေသ၊ တောင်စောင်းတစ်လျှောက် စသည့် ထိုနယ်မြေတစ်ခွင်လုံးနှင့် ရှင်ဘုရင်အပေါင်းတို့ကို လုပ်ကြံလေ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း သက်ရှိဟူသမျှကို သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိ။
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။
ဂျော်ဒန်မြစ်တစ်ဖက် တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ လက်ဘနွန်တောင်ခြေရှိမြေထဲပင်လယ်ကမ်းခြေတစ်လျှောက် တို့၌နေထိုင်ကြသော ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ရှင်ဘုရင်အပေါင်းတို့သည် အစ္စရေးလူမျိုးတို့၏သတင်းကို ကြားသောအခါ
ထိုတံပိုးခရာရှိသောဆဋ္ဌမကောင်းကင်တမန်အား “ကြီးမားသောယူဖရေးတီးမြစ်နားမှာ ချည်နှောင်ထားသောကောင်းကင်တမန်လေးပါးတို့ကို ဖြေလွှတ်လိုက်လော့”ဟု ဆိုသည်ကို ငါကြားရ၏။