သူတို့နေထိုင်ရန်မြို့သို့ရောက်ရန် ဖြောင့်သောလမ်းဖြင့် သူတို့ကို ဦးဆောင်လမ်းပြတော်မူ၏။
တောလည် 9:22 - မြန်မာ့စံမီသမ္မာကျမ်း ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ မိုးတိမ်သည် နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်ဖြစ်စေ တည်နေသောအခါလည်း ရှိ၏။ ထိုအခါ အစ္စရေးအမျိုးသားတို့သည် ခရီးမပြုဘဲ စခန်းချကြ၏။ မိုးတိမ်ကွာသောအခါမှ ခရီးပြုကြ၏။ Common Language Bible တဲတော်အပေါ်တွင်မိုးတိမ်သည်နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်သို့မဟုတ်တစ်နှစ်ထက်ပို၍ဖြစ်စေ တည်ရှိသမျှကာလပတ်လုံးသူတို့သည်ခရီးဆက်ခြင်းမပြုကြ။ သို့ရာတွင်မိုးတိမ်တက်သည့်အခါ၌မူကားခရီးဆက်ကြ၏။- Garrad Bible နှစ် ရက် ဖြစ် စေ၊ တစ် လ ဖြစ် စေ၊ တစ် နှစ် ဖြစ် စေ၊ စံ ရာ တော် အ ထက် တိမ် တိုက် ဆိုင်း လင့် တည် နေ လျှင် ဣ သ ရေ လ အ မျိုး သား တို့ သည် မ ချီ ဘဲ စွဲ ရပ် လျက် တက် မှ သာ ချီ သွား ကြ ၏။ Judson Bible နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်ဖြစ်စေ၊ မိုးတိမ်သည် တဲတော်ပေါ်မှာ တည်နေသမျှသောကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ခရီးမသွားဘဲ တဲ၌နေကြ၏။ တစ်ဖန်မိုးတိမ်မြောက်ပြန်သောအခါ ခရီးသွားကြ၏။ |
သူတို့နေထိုင်ရန်မြို့သို့ရောက်ရန် ဖြောင့်သောလမ်းဖြင့် သူတို့ကို ဦးဆောင်လမ်းပြတော်မူ၏။
ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်နိုင်ရန် အကျွန်ုပ်ကိုသင်ကြားပေးတော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်၏ကောင်းမြတ်သောဝိညာဉ်တော်သည် အကျွန်ုပ်ကို ညီညာသောမြေပြင်ပေါ်မှာ ပို့ဆောင်တော်မူပါစေသော။
ငါသည် သင့်ကိုပညာသတိရှိစေ၍ သင်သွားရမည့်လမ်းကိုသွန်သင်ပြသမည်။ သင့်ကိုကြည့်ရှုလျက် အကြံပေးမည်။
အကြောင်းမူကား ဤဘုရားသခင်သည် ကာလအစဉ်အဆက် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါတို့သေဆုံးသည့်တိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလိမ့်မည်။
ကိုယ်တော်၏အကြံဉာဏ်အားဖြင့် အကျွန်ုပ်ကိုရှေ့ဆောင်လမ်းပြတော်မူပြီးနောက် ဘုန်းအသရေတော်ထဲသို့ ခေါ်ဆောင်တော်မူလိမ့်မည်။
ကိုယ်တော်သည် မောရှေနှင့်အာရုန်တို့လက်ဖြင့် မိမိ၏လူမျိုးတော်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူ၏။
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း အစ္စရေးအမျိုးသားတို့သည် အလုပ်ရှိသမျှတို့ကို လုပ်လေ၏။
အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း တစ်သဝေမတိမ်းပြုကြ၏။
ထိုသို့ မောရှေ၊ အာရုန်နှင့် အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် လေဝိအမျိုးတို့အား ပြုကြ၏။ လေဝိအမျိုးတို့နှင့်ပတ်သက်၍ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း အစ္စရေးအမျိုးသားတို့သည် သူတို့အား ပြုကြ၏။
မိုးတိမ်သည် တဲတော်အပေါ်မှ ကွာသည့်အခါ အစ္စရေးအမျိုးသားတို့ ခရီးပြုကြ၏။ မိုးတိမ်ရပ်တန့်သည့်နေရာတွင် အစ္စရေးအမျိုးသားတို့ စခန်းချကြ၏။
မိုးတိမ်သည် နေဝင်ချိန်မှ နံနက်အထိ တည်နေသောအခါလည်း ရှိ၏။ နံနက်အချိန် မိုးတိမ်ကွာလျှင် သူတို့ ခရီးပြုကြ၏။ နေ့ဖြစ်စေ၊ ညဖြစ်စေ မိုးတိမ်ကွာသည့်အခါတိုင်း သူတို့ ခရီးပြုကြ၏။
ထို့နောက် အတူတကွစုရုံးနေကြစဉ် ကိုယ်တော်က သူတို့အား“ဂျေရုဆလင်မြို့မှ ထွက်ခွာမသွားဘဲ ငါ့ထံမှ သင်တို့ကြားရသော ခမည်းတော်၏ကတိတော်ကို စောင့်နေကြလော့။