Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 9:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သူ​တို့ စခန်းချ​ကြ​၏​၊ ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သူ​တို့ ခရီးပြု​ကြ​၏​။ မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သူ​တို့​သည် ထာဝရဘုရား​၏​ညွှန်ကြားချက်​ကို စောင့်​လျက်​နေ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​ပေး​သော​အ​မိန့်​တော်​အ​ရ သူ​တို့​သည်​စ​ခန်း​ချ​ခြင်း၊ စ​ခန်း​ဖြုတ်​ခြင်း​ပြု​လုပ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ထာ ဝ ရ ဘု ရား အ မိန့် တော် အ ရ စ ခန်း ချ ခြင်း၊ ချီ သွား ခြင်း ပြု၍ ထာ ဝ ရ ဘု ရား အ မိန့် တော် ကို မော ရှေ ဖြင့် ထုတ် ဆင့် ချက် အ တိုင်း ကျိုး နွံ ကြ ကုန် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း တဲ၌​နေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း​လည်း ခ​ရီး​သွား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၌ စောင့်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 9:23
11 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား အာဗြဟံ​သည် ငါ့​စကား​ကို​နားထောင်​ပြီး ငါ​၏​ညွှန်ကြားချက်​မှစ၍ ငါ​၏​ပညတ်ချက်​များ​၊ ငါ​၏​ပြဋ္ဌာန်းချက်​များ​နှင့် ငါ​၏​တရား​များ​ကို စောင့်ထိန်း​သောကြောင့်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​နေထိုင်​ရန်​မြို့​သို့​ရောက်​ရန် ဖြောင့်​သော​လမ်း​ဖြင့် သူ​တို့​ကို ဦးဆောင်​လမ်းပြ​တော်မူ​၏​။


ကိုယ်တော်​၏​အကြံဉာဏ်​အားဖြင့် အကျွန်ုပ်​ကို​ရှေ့ဆောင်​လမ်းပြ​တော်မူ​ပြီးနောက် ဘုန်းအသရေ​တော်​ထဲသို့ ခေါ်ဆောင်​တော်မူ​လိမ့်မည်​။


အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သိန်​တောကန္တာရ​မှ​ထွက်ခွာ​၍ ခရီးဆက်​ကာ ရေဖိဒိမ်​အရပ်​၌ စခန်းချ​ကြ​၏​။ ထို​အရပ်​၌ လူ​တို့​သောက်​ရန် ရေ​မ​ရှိ​ပေ​။


ချိုင့်ဝှမ်း​ထဲသို့​ဆင်းလာနား​သော တိရစ္ဆာန်​ကဲ့သို့ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သူ​တို့​ကို အနားယူ​စေ​တော်မူ​၏​။ ထိုနည်းတူ ကိုယ်တော်​သည် နာမ​တော်​ဘုန်းကြီး​စေရန် လူမျိုး​တော်​ကို ဦးဆောင်​တော်မူ​၏​။


သင်​တို့​သည် ငါ​၏​သန့်ရှင်း​သော​အမှု​တော်​ကို မ​ထမ်းဆောင်​။ ငါ​၏​သန့်ရှင်းရာဌာန​အမှု​ကို ထမ်း​ရ​မည့်​အစား အခြားသူ​တို့​ကို ထမ်း​စေ​ကြ​၏’​ဟု မိန့်​တော်မူ​၏​။


“​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ ‘သင်​သည် ငါ့​လမ်းစဉ်​များ​အတိုင်း လိုက်လျှောက်​ပြီး ငါ​ညွှန်ကြား​သည့်​အတိုင်း လိုက်နာ​မည်​ဆိုလျှင် ငါ့​အိမ်​တော်​တွင် တာဝန်ထမ်း​ရ​သော​အခွင့်​၊ ငါ့​ဝင်း​တော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရ​သော​အခွင့်​ကို ပေး​မည်​။ ရပ်​နေ​သော ဤ​သူ​တို့​နှင့်အတူ ဝင်ထွက်​သွားလာ​ရ​သော​အခွင့်​ကို​လည်း သင့်​အား ငါ​ပေး​မည်​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား


မောရှေ​မှတစ်ဆင့် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သူ​တို့​ခရီးပြု​ကြ​သည်​မှာ ပထမ​အကြိမ်​ဖြစ်​၏​။


မိုးတိမ်​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​၌ ရက်​ပေါင်း​များစွာ​တည်နေ​လျှင်​လည်း အစ္စရေး​အမျိုးသား​တို့​သည် ခရီး​မ​ပြု​ဘဲ ထာဝရဘုရား​၏​ညွှန်ကြားချက်​ကို စောင့်​လျက်​နေ​ကြ​၏​။


သင်​တို့​သည် ယနေ့​အထိ သင်​တို့​၏​ညီအစ်ကို​တို့​ကို​မ​စွန့်​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား စီရင်​မှာကြား​တော်မူ​သည့်​အတိုင်း ဆောင်ရွက်​ကြ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ