ဖမ်းခေါ်သွားခြင်းခံရရာမှ ပြန်ရောက်လာသောအစ္စရေးအမျိုးသားတို့နှင့်အတူ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရန် မိမိကိုယ်ကို တစ်ပါးအမျိုးသားတို့၏ညစ်ညူးခြင်းမှ ကင်းစင်စေသောသူအပေါင်းတို့သည် ထိုအသားကို စားကြ၏။
တောလည် 9:14 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပလိုလျှင် ပသခါပွဲတော်ဆိုင်ရာပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်များနှင့်အညီ ကျင်းပရမည်။ တိုင်းတစ်ပါးသားအတွက်ဖြစ်စေ၊ အမျိုးသားချင်းအတွက်ဖြစ်စေ ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်း ဖြစ်ရမည်”ဟု မိန့်တော်မူ၏။ Common Language Bible ``သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြားသားတစ်ဦးသည်ပသခါပွဲခံလိုလျှင် သူသည်ပွဲတော်နှင့်ဆိုင်သောပြဋ္ဌာန်းချက်အားလုံးကိုလိုက်နာရမည်။ ဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြားဖြစ်စေဤပြဋ္ဌာန်းချက်များကိုလိုက်နာရမည်။ Garrad Bible သင် တို့ တွင် ဝင် နေ သူ သည် ထာ ဝ ရ ဘု ရား ရှေ့ ပ သ ခါ ပွဲ ကို ကျင်း ပ လို လျှင် ပ သ ခါ ပွဲ ထုံး ဖွဲ့ ချက်၊ ဆုံး ဖြတ် ချက် အ တိုင်း ကျင်း ပ စေ။ ဝင် နေ သူ၌ လည်း ကောင်း၊ တိုင်း ရင်း သား၌ လည်း ကောင်း ထုံး ဖွဲ့ ချက် တစ် ပါး တည်း သာ ရှိ ရာ သည် ဟု မိန့် တော် မူ ၏။ Judson Bible သင်တို့ထံမှာတည်းခိုသော တစ်ပါးအမျိုးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲကိုခံခြင်းငှာ အလိုရှိလျှင်၊ စီရင်ထုံးဖွဲ့၍ ခံရသောထုံးစံအတိုင်း ပွဲခံရမည်။ သင်တို့တွင် တည်းခိုသော တစ်ပါးအမျိုးသားဖြစ်သောသူ၊ အမျိုးသားချင်းဖြစ်သောသူတို့သည် ထုံးစံတစ်ပါးတည်းသာ ရှိရကြမည်ဟု မိန့်တော်မူ၏။ |
ဖမ်းခေါ်သွားခြင်းခံရရာမှ ပြန်ရောက်လာသောအစ္စရေးအမျိုးသားတို့နှင့်အတူ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရန် မိမိကိုယ်ကို တစ်ပါးအမျိုးသားတို့၏ညစ်ညူးခြင်းမှ ကင်းစင်စေသောသူအပေါင်းတို့သည် ထိုအသားကို စားကြ၏။
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား “ပသခါပွဲဆိုင်ရာပြဋ္ဌာန်းချက်ဟူမူကား မည်သည့်တိုင်းတစ်ပါးသားမျှ ပသခါသိုးကိုမစားရ။
သင်၏စပျစ်ခြံတွင် ကောက်သင်းမကောက်ရ။ သင့်စပျစ်ခြံမှ ကြွေကျသောစပျစ်သီးကိုလည်း မကောက်ရ။ ဆင်းရဲသားနှင့်တိုင်းတစ်ပါးသားတို့အတွက် ချန်ထားရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ထိုသို့သောအကောင်ကို တိုင်းတစ်ပါးသားတို့ထံမှလက်ခံယူ၍ သင်တို့ဘုရားသခင်အဖို့ စားဖွယ်ရာအဖြစ် မပူဇော်ရ။ ထိုအကောင်တို့သည် ပုံပန်းပျက်၍ အနာအဆာရှိနေသောကြောင့် သင်တို့ကို လက်ခံတော်မူမည်မဟုတ်”ဟု မိန့်တော်မူ၏။
တိုင်းတစ်ပါးသားအတွက်ဖြစ်စေ၊ အမျိုးသားချင်းအတွက်ဖြစ်စေ သင်တို့၌ စီရင်ထုံးဖွဲ့ချက်သည် တစ်မျိုးတည်း ဖြစ်ရမည်။ အကြောင်းမူကား ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
သင့်အိမ်နီးချင်းထံမှ လယ်ယာကို သင်ဝယ်သောအခါ မင်္ဂလာရတုနှစ်ပြီး၍ကျန်ရှိသောနှစ်အရေအတွက်နှင့်အညီ ဝယ်ရမည်။ သူသည်လည်း သီးနှံရိတ်သိမ်းနိုင်မည့်နှစ်အရေအတွက်နှင့်အညီ သင့်အား ရောင်းရမည်။
သင်တို့အတွက်ဖြစ်စေ၊ သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားအတွက်ဖြစ်စေ လူအစုအဝေးအတွက်ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်းဖြစ်ရမည်။ ဤသည်ကား သင်တို့မျိုးဆက်အစဉ်အဆက်အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။ ထာဝရဘုရားရှေ့တော်၌ သင်တို့နှင့်တိုင်းတစ်ပါးသားတို့သည် အတူတူဖြစ်ရမည်။
သင်တို့အတွက်ဖြစ်စေ၊ သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားအတွက်ဖြစ်စေ တရားသည် တစ်မျိုးတည်း၊ စီရင်ထုံးဖွဲ့ချက်သည် တစ်မျိုးတည်း ဖြစ်၏”ဟု မိန့်တော်မူ၏။
သင်တို့၏ကလေး၊ သင်တို့၏မယားနှင့် သင်တို့တပ်စခန်းထဲရှိ ထင်းခွေသူ၊ ရေခပ်သူတိုင်းတစ်ပါးသားများပါ ရပ်နေကြသည်မှာ
ယောက်ျား၊ မိန်းမ၊ ကလေးမှစ၍ သင်တို့၏မြို့၌ရှိသော တိုင်းတစ်ပါးသားတို့သည် ပညတ်တရားစကားရှိသမျှတို့ကို ကြားနာ၍သင်ယူမည့်အကြောင်း၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ကြောက်ရွံ့၍ ပညတ်တရားစကားရှိသမျှတို့ကို လိုက်နာစောင့်ထိန်းမည့်အကြောင်း သူတို့ကို စုရုံးစေလော့။