ထိုအချိန်တွင် မြို့တံခါးဝ၌ အနာကြီးရောဂါစွဲနေသူလူလေးယောက်ရှိ၏။ သူတို့က “ငါတို့သည် အဘယ်ကြောင့် သေသည်အထိ ဤနေရာမှာထိုင်နေရမည်နည်း။
တောလည် 5:2 - မြန်မာ့စံမီသမ္မာကျမ်း “ အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ အနာကြီးရောဂါစွဲသောသူရှိသမျှ၊ အရိအရွဲထွက်သောသူရှိသမျှ၊ အသေကောင်ကြောင့်မစင်ကြယ်သောသူရှိသမျှတို့ကို တပ်စခန်းထဲမှ ထွက်သွားစေရမည်။ Common Language Bible ``ဣသရေလအမျိုးသားတို့တွင် ကိုယ်ရေ ပြားရောဂါစွဲသောသူသို့မဟုတ်ရိနာစွဲ သောသူ၊ လူသေကောင်နှင့်ထိမိသဖြင့်မသန့် စင်သောသူတို့ကို စခန်းအပြင်သို့နှင်ထုတ် ရန်ဆင့်ဆိုလော့။- Judson Bible ငါနေသောတပ်ကို မညစ်ညူးစေခြင်းငှာ၊ ဣသရေလအမျိုးသားတို့သည် နူသောသူ၊ ရိနာစွဲသောသူ၊ အသေကောင်ထိ၍ မစင်ကြယ်သောသူ ယောက်ျားမိန်းမအပေါင်းတို့ကို၊ တပ်ပြင်မှာနေရာချထား ရမည်အကြောင်း ဆင့်ဆိုလော့ဟု |
ထိုအချိန်တွင် မြို့တံခါးဝ၌ အနာကြီးရောဂါစွဲနေသူလူလေးယောက်ရှိ၏။ သူတို့က “ငါတို့သည် အဘယ်ကြောင့် သေသည်အထိ ဤနေရာမှာထိုင်နေရမည်နည်း။
အနာကြီးရောဂါစွဲနေသောသူသည် အဝတ်စုတ်ကိုသာ ဝတ်ရမည်။ ဆံပင်ကို ဖားလျားချထားရမည်။ နှုတ်ခမ်းကို ဖုံး၍ ‘မစင်ကြယ် မစင်ကြယ်’ဟု အော်ရမည်။
သူ၌ အနာစွဲနေသည့်ကာလပတ်လုံး သူသည် မစင်ကြယ်။ မစင်ကြယ်သဖြင့် သူတစ်ယောက်တည်းနေရမည်။ သူ၏နေရာသည် တပ်စခန်းအပြင်ဘက် ဖြစ်ရမည်။
ယဇ်ပုရောဟိတ်သည်လည်း ကြည့်ရှုစစ်ဆေး၍ ထိုသူ၏ပွေးဝဲယားနာသည် အရေပြားပေါ်၌ ပျံ့နေလျှင် ယဇ်ပုရောဟိတ်သည် ထိုသူအား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ထိုအနာသည် အနာကြီးရောဂါဖြစ်၏။
စင်ကြယ်စေခြင်းခံသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ မိမိအမွေးရှိသမျှကိုရိတ်ပြီး ရေချိုးရမည်။ ထို့နောက်မှ သူသည် စင်ကြယ်၍ တပ်စခန်းထဲသို့ဝင်ခွင့်ရှိမည်။ သို့သော် သူသည် မိမိတဲ၏အပြင်ဘက်၌ ခုနစ်ရက်နေရမည်။
တစ်ဖန် ထာဝရဘုရားက မောရှေအား “အာရုန်၏သားယဇ်ပုရောဟိတ်တို့ကို ဆင့်ဆိုလော့။ ယဇ်ပုရောဟိတ်သည် ကိုယ့်လူမျိုးထဲမှသေလွန်သွားသူအတွက် ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေရ။
ထိုနေ့၌ မိမိ၏စိတ်ဆန္ဒကိုမငြင်းပယ်သောသူမည်သူမဆို မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
မိုးတိမ်သည် တဲတော်အပေါ်မှ ကွာသွားသည်နှင့် မိရိအံသည် အနာကြီးရောဂါစွဲ၍ နှင်းပွင့်ကဲ့သို့ဖြူလေ၏။ အာရုန်သည် မိရိအံကိုလှည့်ကြည့်သောအခါ အနာကြီးရောဂါစွဲနေသည်ကို မြင်လျှင်
ထာဝရဘုရားက မောရှေအား “သူ့ဖခင်သည် သူ့မျက်နှာကို တံတွေးထွေးလျှင် သူသည် ခုနစ်ရက်ပတ်လုံး အရှက်ရမည်မဟုတ်လော။ သူ့ကို တပ်စခန်း၏အပြင်ဘက်၌ ခုနစ်ရက်ပတ်လုံး နေစေရမည်။ ထို့နောက်မှ သူ့ကိုပြန်ခေါ်လာရမည်”ဟု မိန့်တော်မူ၏။
သင်တို့မူကား ခုနစ်ရက်ပတ်လုံး တပ်စခန်းအပြင်ဘက်၌ နေရမည်။ လူကိုသတ်ခဲ့သောသူ၊ လူအသေကောင်ကိုထိသောသူ မည်သူမဆို တတိယနေ့၊ သတ္တမနေ့၌ သုံ့ပန်းများနှင့်အတူ မိမိကိုယ်မိမိ သန့်စင်စေရမည်။