ဝတ်ပြု 13:45 - မြန်မာ့စံမီသမ္မာကျမ်း45 အနာကြီးရောဂါစွဲနေသောသူသည် အဝတ်စုတ်ကိုသာ ဝတ်ရမည်။ ဆံပင်ကို ဖားလျားချထားရမည်။ နှုတ်ခမ်းကို ဖုံး၍ ‘မစင်ကြယ် မစင်ကြယ်’ဟု အော်ရမည်။ အခန်းကိုကြည့်ပါ။Common Language Bible45 ဆိုးရွားသောကိုယ်ရေပြားရောဂါစွဲသော သူသည် စုတ်သောအဝတ်ကိုဝတ်ရမည်။ ဆံပင် ကိုမဖြီးရ။ မျက်နှာအောက်ပိုင်းကိုဖုံးလျက် မသန့်ရှင်း၊ မသန့်ရှင်းဟုအော်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible45 နူ နာ အ မှတ် လ က္ခ ဏာ မှန် သူ ကား အ ဝတ် ဆုတ် ခြင်း၊ ဆံ ဖျား လျား ချ ခြင်း၊ နှုတ် ဖုံး ထား ခြင်း များ ကို ပြု လျက်၊ မ သန့် မ သန့် ဟု ဟစ် ကြော် ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible45 နူနာစွဲသောသူသည် စုတ်သောအဝတ်ကိုဝတ်ရမည်။ ခေါင်းကိုမဖုံး၊ အထက်နှုတ်ခမ်းကိုဖုံးလျက်၊ မစင်ကြယ်၊ မစင်ကြယ်ဟု ဟစ်ကြော်ရမည်။ အခန်းကိုကြည့်ပါ။ |
ထို့နောက် မောရှေသည် အာရုန်နှင့် သူ၏သားဧလာဇာ၊ ဣသမာတို့အား “သင်တို့ မသေကြရမည့်အကြောင်း၊ ကိုယ်တော်သည် လူထုအပေါင်းတို့ကိုအမျက်ထွက်တော်မမူမည့်အကြောင်း သင်တို့၏ဆံပင်ကို ဖားလျားမချနှင့်၊ သင်တို့၏အဝတ်ကို မဆုတ်နှင့်။ သင်တို့၏အမျိုးသားချင်းများဖြစ်သော အစ္စရေးအမျိုးသားအပေါင်းတို့သည် ထာဝရဘုရားရှို့တော်မူသောမီးအတွက် ငိုကြွေးရကြမည်။
အကျွန်ုပ်တို့သည် အရှက်ကွဲခြင်း၌ လဲလျောင်းရပါစေ။ အသရေပျက်ခြင်းသည် အကျွန်ုပ်တို့ကို ဖုံးလွှမ်းပါစေ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ငယ်စဉ်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ဘိုးဘေးများသည် ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြပါပြီ။ ဘုရားသခင်ထာဝရဘုရား၏အသံတော်ကို နားမထောင်ကြပါ”ဟု ဆိုကြ၏။