“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ယောက်ျားရှိသောမိန်းမသည် ဖောက်ပြန်၍ မိမိယောက်ျားအပေါ် သစ္စာမဲ့သဖြင့်
တောလည် 5:19 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယဇ်ပုရောဟိတ်က ထိုမိန်းမအား ‘သင်သည် အခြားယောက်ျားနှင့်မေထုန်ပြုခြင်းမရှိလျှင်၊ သင်သည် မိမိလင်ယောက်ျားနှင့်အတူနေထိုင်စဉ် ဖောက်ပြန်ညစ်ညူးခြင်းမရှိလျှင် ကျိန်ဆဲခြင်းကိုဖြစ်စေသည့် ဤခါးသောရေအားဖြင့်သင့်ရောက်မည့် အပြစ်ဒဏ်နှင့်ကင်းလွတ်စေ။ Common Language Bible ထိုနောက်သူသည်အမျိုးသမီးအားဤသို့ ကျိန်စာတိုက်ရမည်။ ``သင်သည်အခြားသော ယောကျာ်းနှင့်မဖောက်ပြန်မကူးလွန်ခဲ့သည် ရှိသော် ဤသစ္စာရေကြောင့်ကျရောက်မည့်ဘေး ဒဏ်နှင့်ကင်းလွတ်ပါစေသား။- Garrad Bible သင် သည် လင့် ဝတ် အောက် နေ လျက် ညစ် ညူး ရာ သို့ မ သွေ ဘဲ သူ တစ် ပါး နှင့် မ ဆက် ဆံ သည် မှန် လျှင် အ မင်္ဂ လာ ဖြစ် စေ သော ဤ နစ် နာ ခြင်း ရေ ဘေး ကင်း လွတ် စေ။ Judson Bible ထိုအခါယဇ်ပုရောဟိတ်သည်၊ ထိုမိန်းမကိုအကျိန်တိုက်လျက် သင်သည် ကိုယ်ခင်ပွန်းမှတစ်ပါး အခြားသောယောက်ျားနှင့် မှားယွင်းခြင်း၊ ညစ်ညူးခြင်းမရှိလျှင်၊ ကျိန်ခြင်းဘေးကိုဖြစ်စေသော၊ ဤရေခါးနှင့် ကင်းလွတ်စေသတည်း။ |
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ယောက်ျားရှိသောမိန်းမသည် ဖောက်ပြန်၍ မိမိယောက်ျားအပေါ် သစ္စာမဲ့သဖြင့်
ထိုမိန်းမကို ထာဝရဘုရားရှေ့တော်၌ ရပ်စေ၍ ထိုမိန်းမ၏ဆံပင်ကိုဖားလျားချစေရမည်။ ဒုစရိုက်ကိုအောက်မေ့စေသည့်ဘောဇဉ်ပူဇော်သက္ကာ၊ သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သည့်ဘောဇဉ်ပူဇော်သက္ကာကို သူ့လက်ထဲသို့ထည့်ရမည်။ ယဇ်ပုရောဟိတ်သည် ကျိန်ဆဲခြင်းကိုဖြစ်စေသည့်ခါးသောရေကို ကိုင်ထားရမည်။
သို့သော် ထိုမိန်းမသည် မိမိကိုယ်မိမိညစ်ညူးစေခြင်းမရှိဘဲ စင်ကြယ်သည်ဆိုလျှင် သူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်၍ သားသမီးထွန်းကားလိမ့်မည်။
သို့သော် ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်ဟုတ်၊ မဟုတ် ငါတို့အားပြောရန် အသက်ရှင်တော်မူသောဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ သင့်အား ငါအမိန့်ပေး၏”ဟု ဆို၏။
ဥပမာဆိုသော် ကာမပိုင်ရှိသောအမျိုးသမီးတစ်ဦးသည် ပညတ်တရားအရ အသက်ရှင်နေသောခင်ပွန်းနှင့်အနှောင်အဖွဲ့ရှိ၏။ ခင်ပွန်းသေလျှင်မူကား ခင်ပွန်းနှင့်ပတ်သက်သောပညတ်တရားမှ ကင်းလွတ်၏။