ကိန်းဝပ်တော်မူရာတဲတော်၏ဝင်းကိုလည်း လုပ်ရမည်။ ထိုဝင်း၏တောင်ဘက်ခြမ်းတစ်ခြမ်းအတွက် အလျားအတောင်တစ်ရာရှိသောအကာကို ရက်လုပ်ထားသောပိတ်ချောထည်ဖြင့်လုပ်ရမည်။
တောလည် 4:26 - မြန်မာ့စံမီသမ္မာကျမ်း ဝင်းအကာများ၊ ကိန်းဝပ်တော်မူရာတဲတော်နှင့်ယဇ်ပလ္လင်ကို ပတ်ပတ်လည်ကာထားသောဝင်း၏အဝင်ဝလိုက်ကာနှင့်တကွကြိုးများ၊ ထိုအရာတို့နှင့်ဆိုင်သောတန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ထိုအရာတို့နှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်အလုပ်ရှိသမျှတို့ကို ဆောင်ရွက်ရမည်။ Common Language Bible တဲတော်တံခါးဝကန့်လန့်ကာ၊ တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ရှိကန့်လန့်ကာများနှင့် ကြိုးများ၊ တဲတော်ဝင်းပေါက်ကန့်လန့်ကာ များအစရှိသည်တို့ကိုလည်းကောင်း၊ ထို ပစ္စည်းများကိုတပ်ဆင်ရာ၌အသုံးပြု သောတန်ဆာပလာအားလုံးတို့ကိုလည်း ကောင်းသယ်ဆောင်ရန်ဖြစ်သည်။ သူတို့သည် ထိုပစ္စည်းများနှင့်ဆိုင်၍ ဆောင်ရွက်ရန်ရှိ သမျှတို့ကိုတာဝန်ယူရမည်။- Garrad Bible စံ ရာ တော် နှင့် ပူ ဇော် ရာ ပ လ္လင် တော် ပတ် လည် တံ တိုင်း တင်း တိမ် ရံ၊ တံ တိုင်း မုတ် ဝ ကန့် လန့် ကာ၊ ကြိုး များ မှ စ သော သုံး ရာ ကိ ရိ ယာ များ ကို ထမ်း ဆောင် ရ သည့် ပြင် အ သုံး ပြု လေ ရာ ရာ တွင် ပင် ဆောင် ရွက် ကြ ရ မည်။ Judson Bible တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကုလားကာ၊ ဝင်းတံခါးဝ၌ကာသော ကုလားကာ၊ ကြိုးများအစရှိသည်တို့ကိုလည်းကောင်း၊ ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိသမျှတို့ကိုလည်းကောင်း ထမ်းရွက်ရကြမည်။ |
ကိန်းဝပ်တော်မူရာတဲတော်၏ဝင်းကိုလည်း လုပ်ရမည်။ ထိုဝင်း၏တောင်ဘက်ခြမ်းတစ်ခြမ်းအတွက် အလျားအတောင်တစ်ရာရှိသောအကာကို ရက်လုပ်ထားသောပိတ်ချောထည်ဖြင့်လုပ်ရမည်။
ကိန်းဝပ်တော်မူရာတဲတော်ငုတ်တိုင်များနှင့် တဲတော်ဝင်းငုတ်တိုင်များကိုလည်းကောင်း၊ ငုတ်တိုင်များအတွက် ကြိုးများကိုလည်းကောင်း၊
ကိန်းဝပ်တော်မူရာတဲတော်၏ဝင်းကိုလည်း လုပ်၏။ ထိုဝင်း၏တောင်ဘက်ခြမ်းတစ်ခြမ်းအတွက် အလျားအတောင်တစ်ရာရှိသောအကာကို ရက်လုပ်ထားသောပိတ်ချောထည်ဖြင့်လုပ်၏။
ဂေရရှုန်၏သားမြေးတို့ သယ်ဆောင်ရမည့်ဝန်၊ လုပ်ရမည့်အလုပ်စသည့် သူတို့နှင့်ဆိုင်သည့်အလုပ်ရှိသမျှတို့ကို လုပ်ဆောင်ရာတွင် အာရုန်နှင့်သူ့သားတို့၏အမိန့်အတိုင်း လုပ်ဆောင်ရမည်ဖြစ်၏။ သင်သည် သူတို့သယ်ဆောင်ရမည့်ဝန်ရှိသမျှတို့ကို ချမှတ်ပေးရမည်။