သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ရွက်ထည်များ၊ တွေ့ဆုံစည်းဝေးရာတဲတော်အမိုး၊ ထိုအမိုးပေါ်ရှိ တဟာရှသားရေအမိုး၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝလိုက်ကာ၊
စံ ရာ တော် တင်း တိမ် ရံ၊ တွေ့ ဆုံ ရာ တဲ တော် အ မိုး၊ ထပ် ဆင့် မိုး၊ အ ထက် ထပ် ဖျံ ရေ မိုး၊ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ ကန့် လန့် ကာ၊
အတွင်းတဲတော်ကုလားကာ၊ ပရိသတ်စည်းဝေးရာ တဲတော်ကုလားကာ၊ အပေါ်တဲ၊ တဟာရှသားရေအဖုံး၊ ပရိသတ်စည်းဝေးရာတဲတော် တံခါးဝ၌ကာသောကုလားကာ၊
ထို့ပြင် သင်သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ရမည်။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြစ်ရမည်။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားရမည်။
တဲတော်၏အမိုးကို အနီရောင်ဆိုးထားသောသိုးထီးသားရေဖြင့် လုပ်ရမည်။ ထိုအပေါ်ထပ်မိုးရန်အမိုးကို တဟာရှသားရေဖြင့် လုပ်ရမည်။
ကိန်းဝပ်တော်မူရာတဲတော်အပေါ်တွင် တဲတော်ကိုဖြန့်မိုး၍ ထိုအပေါ်တွင် တဲတော်အမိုးကို ထပ်မိုး၏။
လေဝိအမျိုးတို့ကို သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်၊ ထိုတဲတော်၏တန်ဆာပလာရှိသမျှ၊ ထိုတဲတော်နှင့်ဆိုင်သမျှတို့ကို ထိန်းသိမ်းဖို့ ခန့်အပ်လော့။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်နှင့် ထိုတဲတော်၏ တန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိုဆောင်ရွက်၍ ထိုတဲတော်၏ပတ်ပတ်လည်၌ စခန်းချရမည်။
ဂေရရှုန်မျိုးနွယ်စုများလုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်တို့မှာ ဤသို့ဖြစ်၏။
ကန့်လန့်ကာပေါ်၌ တဟာရှသားရေဖုံးကို ဖုံးအုပ်၍ ထိုအပေါ်၌ အပြာရောင်အဝတ်ကိုဖြန့်ခင်းပြီးလျှင် သေတ္တာ၏ထမ်းပိုးများကို လျှိုသွင်းရမည်။