နာဗုတ်က အာဟပ်မင်းကြီးအား “ဤမြေသည် ဘိုးဘေးတို့ထံမှရထားသောအမွေမြေဖြစ်၏။ ထာဝရဘုရားတားမြစ်ထားသည်ဖြစ်၍ အရှင်မင်းကြီးအား ပေး၍မရပါ”ဟု ပြန်လျှောက်၏။
တောလည် 36:9 - မြန်မာ့စံမီသမ္မာကျမ်း အမွေကို အမျိုးအနွယ်တစ်နွယ်မှ အခြားတစ်နွယ်သို့ မပြောင်းရ။ အစ္စရေးအမျိုးသားတို့၏အမျိုးအနွယ်တို့သည် မိမိ၏အမွေကို အသီးသီး ထိန်းသိမ်းရမည်”ဟု မိန့်မှာလေ၏။ Common Language Bible မြေသည်တစ်နွယ်လက်မှအခြားတစ်နွယ် လက်သို့ကူးပြောင်းနိုင်လိမ့်မည်မဟုတ်။ အနွယ် တိုင်းကမိမိပိုင်မြေကိုဆက်လက်ပိုင်ဆိုင် လိမ့်မည်'' ဟုဆို၏။ Garrad Bible သို့ နှင့် အ ညီ တစ် နွယ် မှ တစ် နွယ် သို့ ပိုင် စု မ လွှဲ မ ပြောင်း ရ။ ဣ သ ရေ လ အ နွယ် အ သီး အ သီး တို့ သည် ကိုယ့် ပိုင် စု ကို လက် မ လွှတ် ကြ ရ ကြောင်း မိန့် တော် မူ သည် ဟု ဆင့် ဆို လေ ၏။ Judson Bible အမွေမြေသည် တစ်မျိုးမှတစ်မျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေမြေ၌နေရကြမည်ဟု မိန့်တော်မူ၏။ |
နာဗုတ်က အာဟပ်မင်းကြီးအား “ဤမြေသည် ဘိုးဘေးတို့ထံမှရထားသောအမွေမြေဖြစ်၏။ ထာဝရဘုရားတားမြစ်ထားသည်ဖြစ်၍ အရှင်မင်းကြီးအား ပေး၍မရပါ”ဟု ပြန်လျှောက်၏။
ဇလောဖဒ်သမီးတို့သည်လည်း မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ပြုကြ၏။
အစ္စရေးအမျိုးသားတို့တွင် အမွေကို အမျိုးအနွယ်တစ်နွယ်မှ တစ်နွယ်သို့ မပြောင်းရ။ အစ္စရေးအမျိုးသားအသီးသီးတို့သည် မိမိဘိုးဘေးတို့အမျိုးအနွယ်၏အမွေကိုထိန်းသိမ်းရမည်။
အစ္စရေးအမျိုးသားတို့၏အမျိုးအနွယ်ထဲတွင် အမွေပိုင်ဆိုင်သောအမျိုးသမီးတိုင်းသည် မိမိဘိုးဘေးအမျိုးအနွယ်၏မျိုးနွယ်စုထဲမှ တစ်ယောက်ယောက်နှင့်သာစုံဖက်ရမည်။ သို့မှသာ အစ္စရေးအမျိုးသားတို့သည် မိမိဘိုးဘေးတို့၏အမွေကို အသီးသီး ပိုင်ဆိုင်ရလိမ့်မည်။
အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။