တောလည် 36:9 - Common Language Bible9 မြေသည်တစ်နွယ်လက်မှအခြားတစ်နွယ် လက်သို့ကူးပြောင်းနိုင်လိမ့်မည်မဟုတ်။ အနွယ် တိုင်းကမိမိပိုင်မြေကိုဆက်လက်ပိုင်ဆိုင် လိမ့်မည်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible9 သို့ နှင့် အ ညီ တစ် နွယ် မှ တစ် နွယ် သို့ ပိုင် စု မ လွှဲ မ ပြောင်း ရ။ ဣ သ ရေ လ အ နွယ် အ သီး အ သီး တို့ သည် ကိုယ့် ပိုင် စု ကို လက် မ လွှတ် ကြ ရ ကြောင်း မိန့် တော် မူ သည် ဟု ဆင့် ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible9 အမွေမြေသည် တစ်မျိုးမှတစ်မျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေမြေ၌နေရကြမည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 အမွေကို အမျိုးအနွယ်တစ်နွယ်မှ အခြားတစ်နွယ်သို့ မပြောင်းရ။ အစ္စရေးအမျိုးသားတို့၏အမျိုးအနွယ်တို့သည် မိမိ၏အမွေကို အသီးသီး ထိန်းသိမ်းရမည်”ဟု မိန့်မှာလေ၏။ အခန်းကိုကြည့်ပါ။ |
အရှင်မင်းကြီး၊ အကျွန်ုပ်လျှောက်ထားသည်ကို နားညောင်းတော်မူပါ။ အရှင့်အားအကျွန်ုပ်နှင့် ရန်သူဖြစ်အောင်ပြုသူသည် ထာဝရဘုရား ဖြစ်ခဲ့သော်အမျက်တော်ပြေစေရန်ပူဇော် သကာကိုဆက်သနိုင်ပါသည်။ အကယ်၍ ယင်းသို့ရန်သူဖြစ်အောင်ပြုသောသူတို့မှာ လူသားများဖြစ်ပါမူ သူတို့သည်ထာဝရ ဘုရား၏ကျိန်စာသင့်ကြပါစေသတည်း။ ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားပေးတော်မူသောနယ်မြေမှ လူမျိုး ခြားတို့၏ဘုရားများကိုသာကိုးကွယ် နိုင်သောနယ်မြေသို့အကျွန်ုပ်အားသူတို့ နှင်ထုတ်ကြပါ၏။-