ထိုမြို့တို့သည် လေဝိအမျိုးတို့အတွက် နေထိုင်စရာဖြစ်ပြီး စားကျက်မြေတို့သည်လည်း သူတို့၏သိုးနွားတိရစ္ဆာန်အားလုံးတို့အတွက် ဖြစ်ရမည်။
ဤမြို့များသည်လေဝိအနွယ်ဝင်တို့အတွက် ဖြစ်၍ သူတို့သည်ထိုမြို့များတွင်နေထိုင်ရ ကြမည်။ စားကျက်မြေသည်သူတို့၏နွား များနှင့်အခြားတိရစ္ဆာန်တို့အတွက်ဖြစ် သည်။-
ထို မြို့ များ သည် သူ တို့ နေ ထိုင် ရာ ဖြစ် လျက် ပတ် ဝန်း ကျင် လည်း နွား၊ သိုး၊ ဆိတ်၊ အ စ ရှိ သော တိ ရ စ္ဆာန် များ စား ကျက် ဖြစ် ရ မည်။
ထိုမြို့တို့သည် လေဝိသားနေစရာဖို့ဖြစ်၍၊ မြို့ပတ်လည်နယ်တို့၌ သိုးနွား အစရှိသောတိရစ္ဆာန်များနှင့် ဥစ္စာများကိုထားရမည်။
ယေရောဗောင်မင်းကြီးနှင့် သူ၏သားတို့သည် လေဝိအမျိုးတို့ကို ထာဝရဘုရားအမှုတော်ဆောင်သောယဇ်ပုရောဟိတ်အဖြစ်မှ ရပ်စဲသွားစေသောကြောင့် လေဝိအမျိုးတို့သည် မိမိတို့စားကျက်မြေများအပါအဝင် ပိုင်ဆိုင်ရာများကိုစွန့်ပြီး ယုဒပြည်၊ ဂျေရုဆလင်မြို့သို့ လာကြ၏။
ထိုမြေထဲမှ အလျားအတောင်ငါးရာ၊ အနံအတောင်ငါးရာ စတုရန်းပုံမြေကွက်သည် သန့်ရှင်းရာဌာနအဖို့ ဖြစ်ရမည်။ ထိုမြေကွက်၏ပတ်ပတ်လည်တွင် အတောင်ငါးဆယ်မြေကွက်လပ် ထားရှိရမည်။
“အစ္စရေးအမျိုးသားတို့သည် မိမိတို့ပိုင်သောအမွေမြေထဲမှ လေဝိအမျိုးတို့အား နေထိုင်စရာမြို့တို့ကိုလည်းကောင်း၊ ထိုမြို့တို့၏ပတ်ပတ်လည်ရှိ စားကျက်မြေတို့ကိုလည်းကောင်း ပေးရမည်ဟု ဆင့်ဆိုလော့။
လေဝိအမျိုးတို့အား သင်တို့ပေးရမည့်မြို့၏စားကျက်မြေသည် မြို့ရိုးအပြင်ဘက် အတောင်တစ်ထောင်ပတ်ပတ်လည်ရှိရမည်။
လေဝိအမျိုးတစ်စုံတစ်ယောက်သည် သူနေထိုင်သော အစ္စရေးမြို့တစ်မြို့မှ ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ စိတ်အားထက်သန်စွာဖြင့် လာ၍
သူတို့အား ယုဒတောင်ပေါ်ဒေသရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများကို ပေးလေ၏။ (အာဘသည် အာနက၏ဖခင်ဖြစ်၏။)