Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 35:3 - Common Language Bible

3 ဤ​မြို့​များ​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက် ဖြစ်​၍ သူ​တို့​သည်​ထို​မြို့​များ​တွင်​နေ​ထိုင်​ရ ကြ​မည်။ စား​ကျက်​မြေ​သည်​သူ​တို့​၏​နွား များ​နှင့်​အ​ခြား​တိ​ရစ္ဆာန်​တို့​အ​တွက်​ဖြစ် သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ထို မြို့ များ သည် သူ တို့ နေ ထိုင် ရာ ဖြစ် လျက် ပတ် ဝန်း ကျင် လည်း နွား၊ သိုး၊ ဆိတ်၊ အ စ ရှိ သော တိ ရ စ္ဆာန် များ စား ကျက် ဖြစ် ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ထို​မြို့​တို့​သည် လေ​ဝိ​သား​နေ​စ​ရာ​ဖို့​ဖြစ်၍၊ မြို့​ပတ်​လည်​နယ်​တို့၌ သိုး​နွား အ​စ​ရှိ​သော​တိ​ရ​စ္ဆာန်​များ​နှင့် ဥ​စ္စာ​များ​ကို​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထို​မြို့​တို့​သည် လေဝိ​အမျိုး​တို့​အတွက် နေထိုင်စရာ​ဖြစ်​ပြီး စားကျက်မြေ​တို့​သည်​လည်း သူ​တို့​၏​သိုးနွား​တိရစ္ဆာန်​အားလုံး​တို့​အတွက် ဖြစ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 35:3
6 ပူးပေါင်းရင်းမြစ်များ  

ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နှင့်​သူ​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​သူ​တို့​သည် လေ​ဝိ​အ​နွယ်​ဝင် တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ်​ဖြင့်​အ​မှု​တော်​ထမ်း​ဆောင်​ရန်​ခွင့်​မ​ပြု ကြ​ချေ။ သို့​ဖြစ်​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် မိ​မိ​တို့​၏​စား​ကျက်​များ​နှင့်​အ​ခြား​မြေ​ယာ များ​ကို​စွန့်​၍ ယု​ဒ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​ရှိ​လာ​ကြ​၏။-


ဗိ​မာန်​တော်​အ​တွက်​စ​တု​ရန်း​ရှစ်​ရာ​လေး ဆယ်​ပေ​ရှိ​သော​မြေ​ကွက်​ပါ​ဝင်​ရ​မည်။ ထို မြေ​ကွက်​ပတ်​လည်​တွင်​အ​နံ​ရှစ်​ဆယ့်​လေး ပေ​ရှိ​သော​မြေ​လပ်​ရှိ​ရ​မည်။-


``ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ရ​ရှိ​သော​နယ်​မြေ​ထဲ​မှ အ​ချို့​သော​မြို့​များ နှင့်​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​လေ​ဝိ အ​နွယ်​အား​ပေး​ရ​မည်။-


စား​ကျက်​မြေ​သည်​မြို့​ရိုး​မျက်​နှာ​လေး​ဘက်​မှ အ​ပြင်​သို့​ကိုက်​ငါး​ရာ​အ​ထိ​ကျယ်​ပြန့်​စေ ရ​မည်။-


``ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​မည်​သည့်​မြို့​မှ​မ​ဆို လေ​ဝိ​အ​မျိုး​သား​မည်​သူ​မ​ဆို တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​တော်​သို့​သွား​ရောက်​၍၊-


ယု​ဒ​နယ်​မြေ​တောင်​ကုန်း​ဒေ​သ​ရှိ​ယ​ခု​အ​ခါ ဟေ​ဗြုန်​မြို့​ဟု​နာ​မည်​တွင်​သော​အာ​ဘ​မြို့(အာ​ဘ သည်​အာ​န​က​၏​အ​ဖ​ဖြစ်​၏) နှင့်​တ​ကွ​ပတ်​ဝန်း ကျင်​ရှိ​စား​ကျက်​များ​ကို​သူ​တို့​အား​ပေး​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ