လူသတ်မိသောသူသည် လူထုရှေ့၌ရပ်၍တရားစီရင်ခြင်းမခံရမီ အသတ်မခံရမည့်အကြောင်း လက်စားချေသူ၏လက်မှလွတ်မြောက်ရန်အတွက် ထိုမြို့တို့သည် ခိုလှုံနိုင်သောမြို့ဖြစ်ရမည်။
တောလည် 35:24 - မြန်မာ့စံမီသမ္မာကျမ်း လူထုသည် လူသတ်မိသောသူနှင့် သွေးကြွေးအတွက်လက်စားချေပေးသောသူအကြား၌ ဤစီရင်ထုံးဖွဲ့ချက်များအတိုင်း တရားစီရင်ရမည်။ Common Language Bible လူပရိတ်သတ်ကလူသတ်မှုကူးလွန်သူ နှင့် သေဆုံးသူ၏အနီးဆုံးသွေးတော်စပ် သူတို့အကြားတရားဋ္ဌမ္မသတ်အတိုင်း စီရင်ရမည်။- Garrad Bible လူ ပ ရိ သတ် သည် သတ် မိ သူ နှင့် သေ စား သေ စေ သူ တို့ ကြား တွင် ဤ ဆုံး ဖြတ် ချက် များ နှင့် အ ညီ စီ ရင်၍၊ Judson Bible ယခုစီရင်ထုံးဖွဲ့သည်အတိုင်း၊ ပရိသတ်တို့သည် သတ်သောသူနှင့် သေစားသေစေသောသူ စပ်ကြား၌တရားစီရင်၍၊ |
လူသတ်မိသောသူသည် လူထုရှေ့၌ရပ်၍တရားစီရင်ခြင်းမခံရမီ အသတ်မခံရမည့်အကြောင်း လက်စားချေသူ၏လက်မှလွတ်မြောက်ရန်အတွက် ထိုမြို့တို့သည် ခိုလှုံနိုင်သောမြို့ဖြစ်ရမည်။
မိမိ၏ရန်သူမဟုတ်၊ အန္တရာယ်ပြုရန်လည်းမရည်ရွယ်ဘဲ မမြင်သဖြင့် သေစေနိုင်သောကျောက်တုံးတစ်တုံးတုံးဖြင့်ပစ်မိ၍ဖြစ်စေ ထိုလူသေသွားလျှင်
လူသတ်မိသောသူကို သွေးကြွေးအတွက်လက်စားချေပေးသောသူလက်မှကယ်နုတ်ရမည်။ သူထွက်ပြေးပြီး သွားရောက်ခိုလှုံခဲ့သောမြို့သို့ သူ့ကိုပြန်ပို့ရမည်။ သန့်ရှင်းသောဆီဖြင့်ဘိသိက်ခံယဇ်ပုရောဟိတ်မင်း ကွယ်လွန်သည့်တိုင်အောင် သူသည် ထိုမြို့၌နေရမည်။
လူသတ်သမားသည် လူထုရှေ့တွင် ရပ်၍တရားစီရင်ခြင်းမခံရမီ၊ ထိုကာလရှိ ယဇ်ပုရောဟိတ်မင်း မကွယ်လွန်မီ ထိုမြို့၌ နေရမည်။ ထို့နောက်မှ သူထွက်ပြေးလာခဲ့သော သူ့မြို့၊ သူ့အိမ်သို့ ပြန်လာခွင့်ရှိ၏’ဟူ၍ ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။