တောလည် 35:12 - မြန်မာ့စံမီသမ္မာကျမ်း12 လူသတ်မိသောသူသည် လူထုရှေ့၌ရပ်၍တရားစီရင်ခြင်းမခံရမီ အသတ်မခံရမည့်အကြောင်း လက်စားချေသူ၏လက်မှလွတ်မြောက်ရန်အတွက် ထိုမြို့တို့သည် ခိုလှုံနိုင်သောမြို့ဖြစ်ရမည်။ အခန်းကိုကြည့်ပါ။Common Language Bible12 ထိုမြို့များတွင်သူသည်သေဆုံးသူနှင့်သွေး တော်စပ်သူ၏လက်စားချေခြင်းမှလွတ်ကင်း လိမ့်မည်။ လူအသက်ကိုသတ်သောသူအား လူ ပရိသတ်ရှေ့တရားရုံးတွင်စီရင်ခြင်းမပြု ဘဲသေစားမသေစေရ။- အခန်းကိုကြည့်ပါ။Garrad Bible12 ထို မြို့ များ သည် လူ ပ ရိ သတ် ရှေ့ တ ရား စီ ရင် ခံ ရန် လူ သတ် တို့ ရပ် ခွင့် မ ရ မ ချင်း၊ သေ စား သေ စေ သူ့ လက် မှ ခို ဝင် ရာ မြို့ များ ဖြစ် ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible12 ထိုမြို့တို့ကား၊ လူအသက်ကိုသတ်သောသူသည် ပရိသတ်ရှေ့သို့ရောက်၍၊ တရားစီရင်ခြင်းကို မခံမီတိုင်အောင်၊ သေစားသေစေသောသူ၏ လက်မှလွတ်၍ မှီခိုရာမြို့ဖြစ်ရသတည်း။ အခန်းကိုကြည့်ပါ။ |
ယခုမှာ ဆွေမျိုးသားချင်းအားလုံးထ၍ အရှင့်ကျွန်မအား ဆန့်ကျင်လျက် ‘ညီအစ်ကိုချင်း သတ်သောသူကို ငါတို့ထံအပ်ပါ။ သူသတ်ခဲ့သော သူ့ညီအစ်ကို၏အသက်အစား သူ့ကိုပြန်သတ်မည်။ အမွေခံဖြစ်နေလျှင်လည်း ဖျက်ဆီးပစ်ရမည်’ဟု ဆိုကြပါ၏။ သူတို့သည် အကျွန်ုပ်အတွက် ကျန်နေသေးသောမီးခဲကိုငြှိမ်းပြီး အကျွန်ုပ်ခင်ပွန်း၏အမည်နှင့် မျိုးဆက်ကို မြေကြီးပေါ်မှပပျောက်သွားအောင် ပြုကြပါတော့မည်”ဟု လျှောက်ဆို၏။