သို့ရာတွင် သူသည် မရည်ရွယ်ဘဲ သူ့လက်၌ဘုရားသခင်အပ်သဖြင့် လူကိုသတ်မိလျှင် ထိုသူထွက်ပြေးရမည့်နေရာကို ငါသတ်မှတ်ပေးမည်။
တောလည် 35:11 - မြန်မာ့စံမီသမ္မာကျမ်း မရည်ရွယ်ဘဲလူကိုသတ်မိသောလူသတ်သမားတို့ ထွက်ပြေးပြီး ခိုလှုံနိုင်သောမြို့တို့ကို သင်တို့ ရွေးချယ်ရမည်။ Common Language Bible ကြိုတင်ကြံရွယ်ခြင်းမရှိဘဲနှင့်လူတစ်ဦး အားသတ်မိသူသည် ထွက်ပြေးခိုလှုံနိုင်သည့် မြို့များကိုရွေးချယ်သတ်မှတ်ရမည်။- Garrad Bible သူ့ အ သက် ကို မ တော် တ ဆ သတ် မိ သော လူ သတ် တို့ ပြေး သွား ခို ဝင် ရာ မြို့ များ ကို ရွေး ချယ် ကြ လော့။ Judson Bible လူအသက်ကို အမှတ်တမဲ့သတ်မိသောသူပြေး၍ မှီခိုရာမြို့တို့ကို ရွေးထားရမည်။ |
သို့ရာတွင် သူသည် မရည်ရွယ်ဘဲ သူ့လက်၌ဘုရားသခင်အပ်သဖြင့် လူကိုသတ်မိလျှင် ထိုသူထွက်ပြေးရမည့်နေရာကို ငါသတ်မှတ်ပေးမည်။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသောပညတ်တော်ထဲမှ ပညတ်ချက်တစ်ခုခုကို တစ်စုံတစ်ယောက်သည် မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိလျှင်လည်းကောင်း၊
ခေါင်းဆောင်ဖြစ်သူသည် ‘မလုပ်ရ’ဟု မိမိ၏ဘုရားသခင် ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိသဖြင့် သူ့အပေါ် အပြစ်သက်ရောက်၍
ထိုမြို့ခြောက်မြို့သည် အစ္စရေးအမျိုးသားဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ၊ သူတို့၏ဧည့်သည်ဖြစ်စေ မရည်ရွယ်ဘဲလူသတ်မိသောသူမည်သူမဆို ထွက်ပြေးပြီး သွားရောက်ခိုလှုံနိုင်သောမြို့ဖြစ်ရမည်။
လေဝိအမျိုးတို့အား သင်တို့ပေးရမည့်မြို့များမှာ လူသတ်မိသောသူ ထွက်ပြေးပြီး ခိုလှုံနိုင်သောမြို့ခြောက်မြို့အပြင် မြို့လေးဆယ့်နှစ်မြို့ ပေးရမည်။
မိမိအိမ်နီးချင်းကို အမုန်းမရှိဘဲ မတော်တဆသတ်မိသောသူသည် အသက်ချမ်းသာရာရဖို့ ထိုမြို့သုံးမြို့ထဲမှ တစ်မြို့မြို့သို့ ထွက်ပြေးနိုင်၏။
“သင်သည် အစ္စရေးအမျိုးသားတို့အား ‘မောရှေမှတစ်ဆင့် ငါမိန့်မှာခဲ့သည့်အတိုင်း သင်တို့အဖို့ ခိုလှုံရာမြို့ကို ရွေးချယ်ထားလော့။