အကျွန်ုပ်တို့သည် လက်နက်ကိုင်စွဲလျက် ထာဝရဘုရားရှေ့တော်၌ ခါနာန်ပြည်သို့ ကူးသွားပါမည်။ အကျွန်ုပ်တို့အတွက် ပိုင်ဆိုင်ရာအမွေမြေသည် ဂျော်ဒန်မြစ်တစ်ဖက်၌ ဖြစ်စေပါ”ဟု ပြန်လျှောက်ကြ၏။
တောလည် 34:15 - မြန်မာ့စံမီသမ္မာကျမ်း ဤအမျိုးအနွယ်နှစ်နွယ်နှင့် တစ်ဝက်သည် ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ အရှေ့ဘက်နေထွက်ရာအရပ်တွင် အမွေရပြီးဖြစ်၏”ဟု မိန့်မှာလေ၏။ Garrad Bible ထို နှစ် နွယ် နှင့် တစ် ဝက် သည် ယေ ရိ ခေါ မြို့ တစ် ဘက်၊ ယော် ဒန် မြစ် အ ရှေ့၊ နေ ထွက် ရာ အ ရပ်၌ ပိုင် စု ကို ရ ကြ လေ ပြီ ဟု ဣ သ ရေ လ အ မျိုး သား တို့ အား မှာ ထား လေ ၏။ |
အကျွန်ုပ်တို့သည် လက်နက်ကိုင်စွဲလျက် ထာဝရဘုရားရှေ့တော်၌ ခါနာန်ပြည်သို့ ကူးသွားပါမည်။ အကျွန်ုပ်တို့အတွက် ပိုင်ဆိုင်ရာအမွေမြေသည် ဂျော်ဒန်မြစ်တစ်ဖက်၌ ဖြစ်စေပါ”ဟု ပြန်လျှောက်ကြ၏။
ထိုအခါ မောရှေသည် ဂဒ်သားမြေး၊ ရုဗင်သားမြေးများနှင့် ယောသပ်သား မနာရှေမျိုးနွယ်တစ်ဝက်အား အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး၏နိုင်ငံ၊ ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံတို့ကို မြို့များနှင့်တကွ မြေများ၊ မြို့ပတ်ပတ်လည်ရှိ နယ်မြေများကိုပေးလေ၏။
ရုဗင်သားမြေးတို့၏အမျိုးအနွယ်သည် ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ ဂဒ်သားမြေးတို့၏အမျိုးအနွယ်သည်လည်း ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် သူတို့၏အမွေကို ရပြီးဖြစ်၏။ မနာရှေအမျိုးအနွယ်တစ်ဝက်သည်လည်း သူတို့၏အမွေကို ရပြီးဖြစ်၏။
ကိုယ်တော်သည် သင်တို့ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးမားသောလူမျိုးတို့ကို သင်တို့ရှေ့မှနှင်ထုတ်ပြီး သင်တို့ကို သူတို့၏ပြည်သို့ ပို့ဆောင်တော်မူ၍ ယနေ့မြင်ရသည့်အတိုင်း သူတို့၏ပြည်ကို သင်တို့အား အမွေအဖြစ် ပေးတော်မူ၏။