ထိုသို့မပြုလျှင် သင်တို့သည် ထာဝရဘုရားကိုပြစ်မှားပြီဖြစ်၍ သင်တို့အပြစ်အတွက် သင်တို့ ခံရမည်ဟု သိမှတ်ကြလော့။
တောလည် 34:14 - မြန်မာ့စံမီသမ္မာကျမ်း ရုဗင်သားမြေးတို့၏အမျိုးအနွယ်သည် ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ ဂဒ်သားမြေးတို့၏အမျိုးအနွယ်သည်လည်း ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် သူတို့၏အမွေကို ရပြီးဖြစ်၏။ မနာရှေအမျိုးအနွယ်တစ်ဝက်သည်လည်း သူတို့၏အမွေကို ရပြီးဖြစ်၏။ Common Language Bible ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်အရှေ့ပိုင်းမနာရှေ အနွယ်တစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ယေရိခေါမြို့တစ်ဘက်ကမ်းရှိနယ်မြေကို မိမိ တို့၏သားချင်းစုအလိုက်ခွဲဝေကြပြီးဖြစ် သည်'' ဟုဆိုလေ၏။ Garrad Bible အိမ် ထောင် များ အ လိုက် ရု ဗင့် အ နွယ်၊ ဂဒ် အ နွယ် သား တို့ မှာ မူ မ နာ ရှေ့ အ နွယ် တစ် ဝက် နှင့် တ ကွ ကိုယ့် ပိုင် စု ကို ခံ ရ လေ ပြီ။ Judson Bible ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုးသား တစ်ဝက်တည်းဟူသော အမျိုးနှစ်မျိုးနှင့် တစ်ဝက်တို့သည် မိမိတို့အမွေခံသောမြေကို ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တစ်ဖက်၊ နေထွက်ရာဘက်၌ ဘိုးဘအဆွေအမျိုးအလိုက် ခံရကြပြီဟု ဣသရေလအမျိုးသားတို့အား မှာထားလေ၏။ |
ထိုသို့မပြုလျှင် သင်တို့သည် ထာဝရဘုရားကိုပြစ်မှားပြီဖြစ်၍ သင်တို့အပြစ်အတွက် သင်တို့ ခံရမည်ဟု သိမှတ်ကြလော့။
ထိုအခါ မောရှေသည် ဂဒ်သားမြေး၊ ရုဗင်သားမြေးများနှင့် ယောသပ်သား မနာရှေမျိုးနွယ်တစ်ဝက်အား အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး၏နိုင်ငံ၊ ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံတို့ကို မြို့များနှင့်တကွ မြေများ၊ မြို့ပတ်ပတ်လည်ရှိ နယ်မြေများကိုပေးလေ၏။
ဤအမျိုးအနွယ်နှစ်နွယ်နှင့် တစ်ဝက်သည် ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ အရှေ့ဘက်နေထွက်ရာအရပ်တွင် အမွေရပြီးဖြစ်၏”ဟု မိန့်မှာလေ၏။
သူသည် မိမိအဖို့အကောင်းဆုံးကိုရွေးချယ်၏။ ခေါင်းဆောင်ဝေစုကိုရယူထား၏။ လူမျိုး၏အကြီးအမှူးထံသို့လာ၍ အစ္စရေးလူမျိုးတို့နှင့်အတူ ထာဝရဘုရား၏ဖြောင့်မတ်ခြင်းတရားနှင့်စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာဆောင်ရွက်၏။
ကိုယ်တော်သည် သင်တို့ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးမားသောလူမျိုးတို့ကို သင်တို့ရှေ့မှနှင်ထုတ်ပြီး သင်တို့ကို သူတို့၏ပြည်သို့ ပို့ဆောင်တော်မူ၍ ယနေ့မြင်ရသည့်အတိုင်း သူတို့၏ပြည်ကို သင်တို့အား အမွေအဖြစ် ပေးတော်မူ၏။