ယောသပ်သည် ဖာရောမင်းကြီးမိန့်မှာသည့်အတိုင်း မိမိဖခင်နှင့်မိမိညီအစ်ကိုတို့ကိုနေရာချပေး၏။ အီဂျစ်ပြည်ရှိ အကောင်းဆုံးနေရာဖြစ်သော ရာမသက်အရပ်ကို သူတို့ပိုင်ဆိုင်ရာအဖြစ်ပေး၏။
တောလည် 33:3 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် ပထမလ၊ တစ်ဆယ့်ငါးရက်နေ့တွင် ရာမသက်အရပ်မှ ခရီးပြုကြ၏။ သူတို့သည် ပသခါပွဲလွန်ပြီးနောက်တစ်နေ့တွင် အီဂျစ်လူမျိုးအပေါင်းတို့၏ရှေ့မှ ဝင့်ကြွားစွာထွက်လာကြ၏။ Common Language Bible ဣသရေလအမျိုးသားတို့သည် ပထမဦး ဆုံးကျင်းပသောပသခါပွဲတော်လွန်ပြီး နောက်တစ်နေ့ဖြစ်သောပထမလတစ်ဆယ် ငါးရက်နေ့၌ အီဂျစ်ပြည်မှထွက်ခွာလာခဲ့ ကြ၏။ သူတို့သည်ထာဝရဘုရား၏အကာ အကွယ်ဖြင့် အီဂျစ်အမျိုးသားတို့ရှေ့မှောက် တွင်ရာမသက်မြို့မှထွက်ခွာလာကြ၏။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် ပ ထ မ လ ဆယ့် ငါး ရက် နေ့၊ ပ သ ခါ ပွဲ လွန် တစ် ရက် တွင် အိ ဂျစ် ဘု ရား များ အား ဒဏ် စီ ရင် တော် မူ သော ထာ ဝ ရ ဘု ရား ဒဏ် ခတ် တော် မူ သည့် သား ဦး ဟူ သ မျှ ကို ပြည် သူ ပြည် သား တို့ သင်္ဂြိုဟ် ကြ သည့် အ တွင်း မောက် မာ သော လက် ရုံး ရည် ဖြင့် ထို လူ အ ပေါင်း တို့ ရှေ့၊ ရာ မ သက် မြို့ မှ ထွက် ချီ ပြီး လျှင် သု ကုတ် မြို့၌ စွဲ ရပ် ကြ၏။ Judson Bible ပထမလတစ်ဆယ်ငါးရက်နေ့၌ ရာမသက်မြို့မှ ထွက်လာကြ၏။ ပသခါပွဲကို ခံပြီးသောနောက်၊ နက်ဖြန်နေ့၌ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုလူအပေါင်းတို့ရှေ့မှာ ဝါကြွားသောအခြင်းအရာနှင့် ထွက်လာကြ၏။ |
ယောသပ်သည် ဖာရောမင်းကြီးမိန့်မှာသည့်အတိုင်း မိမိဖခင်နှင့်မိမိညီအစ်ကိုတို့ကိုနေရာချပေး၏။ အီဂျစ်ပြည်ရှိ အကောင်းဆုံးနေရာဖြစ်သော ရာမသက်အရပ်ကို သူတို့ပိုင်ဆိုင်ရာအဖြစ်ပေး၏။
သူတို့ထွက်ခွာသွားသောအခါ အီဂျစ်ပြည်သည် ဝမ်းမြောက်၏။ အကြောင်းမူကား သူတို့ကိုကြောက်ရွံ့သောစိတ်သည် ထိုပြည်သားတို့ကို လွှမ်းမိုးခဲ့၏။
သို့ဖြစ်၍ အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ကြမ်းတမ်းသောအလုပ်များဖြင့် နှိပ်စက်ရန် အဓမ္မစေခိုင်းသူများကို ခန့်ထားကြ၏။ အစ္စရေးအမျိုးသားတို့သည် ပစ္စည်းသိုလှောင်ရာမြို့ဖြစ်သောပိသုံမြို့နှင့် ရာမသက်မြို့ကို ဖာရောမင်းကြီးအတွက် တည်ဆောက်ကြရ၏။
ကလေးများအပြင် အစ္စရေးအမျိုးသား ယောက်ျားခြောက်သိန်းခန့်တို့သည် ရာမသက်အရပ်မှ သုကုတ်အရပ်တိုင်အောင် ခြေကျင်ခရီးပြုကြ၏။
ထာဝရဘုရားသည် အီဂျစ်ဘုရင်ဖာရောမင်းကြီး၏စိတ်နှလုံးကိုမာကျောစေသဖြင့် သူသည် ဝင့်ကြွားစွာဖြင့်ထွက်သွားကြသော အစ္စရေးအမျိုးသားတို့နောက်သို့လိုက်လေ၏။
သင်တို့သည် အလျင်စလိုမထွက်သွားရကြ။ ပြေး၍လည်းမသွားရကြ။ အကြောင်းမူကား ထာဝရဘုရားသည် သင်တို့ရှေ့၌ကြွတော်မူမည်။ အစ္စရေးလူမျိုး၏ဘုရားသခင်သည် အနောက်မှလည်း သင်တို့ကို ကာကွယ်တော်မူမည်။
ထိုးဖောက်သွားမည့်သူသည် သူတို့ရှေ့မှကြွမည်။ သူတို့လည်း မြို့တံခါးကိုဖြိုဖျက်ပြီး ထိုတံခါးမှ ဖြတ်သွားကြမည်။ သူတို့၏ရှင်ဘုရင်သည် သူတို့ရှေ့မှကြွမည်။ ထာဝရဘုရားသည် သူတို့ကိုဦးဆောင်တော်မူမည်။”
မောရှေသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း သူတို့၏ခရီးစဉ်အဆင့်ဆင့်ကို ရေးမှတ်ထား၏။ သူတို့၏ခရီးစဉ်အဆင့်ဆင့်ကား ဤသို့ဖြစ်၏။