သူတို့သည် ဧရှကောလချိုင့်ဝှမ်းသို့ရောက်သောအခါ ထိုအရပ်မှ စပျစ်သီးအပြွတ်လိုက်ပါသောစပျစ်ခိုင်တစ်ခိုင်ကို အကိုင်းနှင့်တကွခုတ်ယူ၍ သလဲသီး၊ သဖန်းသီးအချို့တို့နှင့်အတူ ထမ်းပိုးဖြင့် လူနှစ်ယောက်ထမ်းလာကြ၏။
တောလည် 32:9 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဧရှကောလချိုင့်ဝှမ်းတိုင်အောင်သွား၍ ထိုပြည်ကို ကြည့်ရှုခဲ့သော်လည်း ထာဝရဘုရားပေးတော်မူသောပြည်သို့ အစ္စရေးအမျိုးသားတို့ ဝင်လိုသောစိတ်မရှိအောင် လုပ်ကြ၏။ Common Language Bible သူတို့သည်ဧရှကောလချိုင့်ဝှမ်းသို့တိုင်အောင် သွားရောက်ခဲ့ကြ၍ ထိုပြည်ကိုတွေ့မြင်ပြီး နောက်ပြန်လည်ရောက်ရှိလာကြသောအခါ ထာဝရဘုရားပေးသနားတော်မူသော ပြည်သို့မသွားရန်လူတို့ကိုတိုက်တွန်း ကြ၏။- Garrad Bible ဧ ရှ ကော လ ချိုင့် သို့ သွား၍ တိုင်း ပြည် ကို ရှု ကြည့် ပြီး မှ ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ပြည် သို့ ဝင် မည့် စိတ် ပျက် အောင် ဣ သ ရေ လ အ မျိုး သား တို့ ကို မြစ် တား ကြ သည့် နေ့ တွင်၊ Judson Bible ဧရှကောလချောင်းသို့သွား၍ ပြည်တော်ကို ကြည့်မြင်ပြီးမှ၊ ထာဝရဘုရားပေးတော်မူသောပြည်သို့ ဣသရေလအမျိုးသားတို့သည် မသွားမည်အကြောင်း သူတို့စိတ်ကိုဖျက်ကြ၏။- |
သူတို့သည် ဧရှကောလချိုင့်ဝှမ်းသို့ရောက်သောအခါ ထိုအရပ်မှ စပျစ်သီးအပြွတ်လိုက်ပါသောစပျစ်ခိုင်တစ်ခိုင်ကို အကိုင်းနှင့်တကွခုတ်ယူ၍ သလဲသီး၊ သဖန်းသီးအချို့တို့နှင့်အတူ ထမ်းပိုးဖြင့် လူနှစ်ယောက်ထမ်းလာကြ၏။
(အစ္စရေးအမျိုးသားတို့ ထိုအရပ်မှ ခုတ်ယူခဲ့သောစပျစ်အပြွတ်အခိုင်ကိုအကြောင်းပြု၍ ထိုအရပ်ကို ဧရှကောလချိုင့်ဝှမ်းဟု ခေါ်၏။)
သူတို့ပြန်လာကြ၍ ကာဒေရှအရပ်၊ ပါရန်တောကန္တာရရှိ မောရှေ၊ အာရုန်နှင့် အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထံသို့ ရောက်ကြသောအခါ မောရှေ၊ အာရုန်နှင့် လူထုအပေါင်းတို့ထံ အစီရင်ခံ၍ ထိုပြည်မှယူလာသောအသီးကိုပြကြ၏။