ဂဒ်သားမြေး၊ ရုဗင်သားမြေးတို့ကလည်း မောရှေအား “သခင်၏အစေအပါးတို့သည် သခင်မိန့်မှာသည့်အတိုင်းပြုပါမည်။
တောလည် 32:26 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့၏မယားနှင့်သားသမီးများ၊ အကျွန်ုပ်တို့၏သိုးနွားတိရစ္ဆာန်ရှိသမျှတို့သည် ဤအရပ်၊ ဂိလဒ်ပြည်ရှိမြို့တို့၌ နေရစ်ကြလိမ့်မည်။ Common Language Bible အကျွန်ုပ်တို့၏ဇနီးနှင့်သားသမီးများ၊ သိုး၊ ဆိတ်၊ နွားများသည်ဤအရပ်ရှိဂိလဒ် မြို့များတွင်နေရစ်ကြပါမည်။- Garrad Bible မိန်း မ များ၊ သူ ငယ် များ နှင့် သိုး၊ ဆိတ်၊ နွား များ ကို ဂိ လဒ် မြို့ ရွာ များ တွင် နေ စေ ပြီး မှ၊ Judson Bible ကျွန်တော်တို့မယား သားသူငယ်များနှင့် သိုးနွားအလုံးစုံတို့သည် ဤအရပ်၊ ဂိလဒ်မြို့တို့၌ နေရစ်ရပါမည်။ |
ဂဒ်သားမြေး၊ ရုဗင်သားမြေးတို့ကလည်း မောရှေအား “သခင်၏အစေအပါးတို့သည် သခင်မိန့်မှာသည့်အတိုင်းပြုပါမည်။
သင်တို့၌ တိရစ္ဆာန်များစွာရှိကြောင်း ငါသိ၏။ ထို့ကြောင့် သင်တို့၏မယားနှင့်ကလေးများ၊ သင်တို့၏တိရစ္ဆာန်များသည် သင်တို့ကို ငါပေးသောမြို့များ၌ နေရစ်ရမည်။
သင်တို့၏မယားနှင့် ကလေးများ၊ သင်တို့၏တိရစ္ဆာန်များသည် ဂျော်ဒန်မြစ်တစ်ဖက် မောရှေပေးခဲ့သောပြည်တွင် နေရစ်ရမည်။ ရဲစွမ်းသတ္တိရှိသူအပေါင်းတို့မူကား လက်နက်စွဲကိုင်လျက် သင်တို့၏အမျိုးသားချင်းတို့ရှေ့မှ ဂျော်ဒန်မြစ်ကိုကူးသွားရမည်။
သို့ဖြစ်၍ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့သည် အစ္စရေးအမျိုးသားတို့ရှိရာ ခါနာန်ပြည်၊ ရှိလောမြို့မှထွက်ခွာ၍ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူထားသည့်အတိုင်း မိမိတို့အပိုင်ရရှိခဲ့သောဂိလဒ်ပြည်သို့ ပြန်သွားကြ၏။