နောက်မှ ထိုအကြောင်းကို ဒါဝိဒ်မင်းကြီး ကြားသောအခါ “နေရ၏သား အာဗနာကိုသတ်သည့်အမှုနှင့်ပတ်သက်၍ ငါနှင့် ငါ့ပြည်သူပြည်သားတို့သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အပြစ်ကင်းလွတ်၏။
တောလည် 32:22 - မြန်မာ့စံမီသမ္မာကျမ်း ထိုပြည်သည် ထာဝရဘုရားရှေ့တော်၌ ရှုံးနိမ့်သည်အထိ စစ်တိုက်ကြမည်ဆိုလျှင် သင်တို့သည်လည်း ထာဝရဘုရားရှေ့၊ အစ္စရေးလူမျိုးတို့ရှေ့၌ အပြစ်တင်ခြင်းကင်းလျက် ဤအရပ်သို့ ပြန်လာခွင့်ရှိမည်။ ထာဝရဘုရားရှေ့တော်၌ ဤအရပ်သည် သင်တို့ပိုင်ဆိုင်ရာဖြစ်မည်။ Common Language Bible တိုင်းပြည်ကိုသိမ်းပိုက်ရမည်။ ထိုနောက်သင် တို့သည်ထာဝရဘုရားနှင့်အမျိုးသား ချင်းတို့အတွက် တာဝန်ကျေပွန်ပြီဖြစ်၍ ဤအရပ်သို့ပြန်လာနိုင်သည်။ ထိုအခါ ထာဝရဘုရားသည်ယော်ဒန်မြစ်အရှေ့ ဘက်ရှိ ဤပြည်သည်သင်တို့ဝေစုဖြစ် ကြောင်းသိမှတ်တော်မူလိမ့်မည်။- Judson Bible သင်တို့ရှိသမျှသည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ ယော်ဒန်မြစ်တစ်ဖက်သို့ ကူးသွားလျှင်လည်းကောင်း၊ ထိုနောက်မှ ထာဝရဘုရားရှေ့၊ ဣသရေလအမျိုးသားရှေ့၌ အပြစ်ကင်းလွတ်လျက်၊ ဤပြည်သို့ပြန်လာ၍ ထာဝရဘုရားအခွင့်နှင့် အမွေခံရကြမည်။ |
နောက်မှ ထိုအကြောင်းကို ဒါဝိဒ်မင်းကြီး ကြားသောအခါ “နေရ၏သား အာဗနာကိုသတ်သည့်အမှုနှင့်ပတ်သက်၍ ငါနှင့် ငါ့ပြည်သူပြည်သားတို့သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အပြစ်ကင်းလွတ်၏။
ထို့နောက် လူမျိုးခြားတို့ကို သူတို့ရှေ့မှနှင်ထုတ်တော်မူပြီး အမွေအဖြစ် တိုင်းတာသတ်မှတ်ထားသောနယ်မြေအလိုက် သူတို့ကိုခွဲဝေပေး၍ အစ္စရေးအမျိုးအနွယ်တို့အား မိမိတို့တဲများ၌ နေထိုင်စေတော်မူ၏။
“သင်တို့အား ပိုင်ဆိုင်ရာအဖြစ် ငါပေးသောခါနာန်ပြည်ထဲသို့ သင်တို့ဝင်ရောက်၍ သင်တို့ပိုင်ဆိုင်ရာပြည်ရှိအိမ်၌ မှိုစွဲနာကို ငါဖြစ်ပွားစေသောအခါ
လက်နက်ကိုင်စွဲသူအပေါင်းတို့သည်လည်း ထာဝရဘုရားရှေ့တော်၌ ဂျော်ဒန်မြစ်ကိုကူးမည်၊ ထာဝရဘုရားသည် ရန်သူကို မိမိရှေ့မှ နှင်ထုတ်၍
ထာဝရဘုရားသည် သင်တို့ကဲ့သို့ သင်တို့၏အမျိုးသားချင်းတို့ကို အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ပေး၍ သူတို့အား ဂျော်ဒန်မြစ်တစ်ဖက်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို ပိုင်ဆိုင်ပြီးမှ သင်တို့အား ငါအပိုင်ပေးသောပြည်အသီးသီးသို့ သင်တို့ပြန်လာခွင့်ရှိ၏’ဟု ဆိုခဲ့၏။
ထာဝရဘုရားသည် သင်တို့ကဲ့သို့ သင်တို့၏အမျိုးသားချင်းတို့ကို အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ပေးသည်အထိ၊ သူတို့အား ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို အပိုင်ရသည်အထိ သူတို့ကို ကူညီရမည်။ ပြီးမှ သင်တို့ပြန်လာ၍ သင်တို့အားထာဝရဘုရား၏အစေအပါးမောရှေ ပေးခဲ့သော ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ကို သင်တို့ပိုင်ဆိုင်ရမည်”ဟု ဆိုလေ၏။
ထာဝရဘုရားသည် ထိုမြို့နှင့်ဘုရင်ကို အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူသဖြင့် သူတို့သည် မြို့သူမြို့သားအပေါင်းတို့ကို ဓားဖြင့်လုပ်ကြံလေ၏။ အသက်ရှင်ကျန်ရစ်သောသူ တစ်ယောက်မျှမရှိ။ ဂျေရိခေါဘုရင်ကို ပြုသကဲ့သို့ ထိုမြို့၏ဘုရင်ကို ပြုလေ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် အစ္စရေးလူမျိုးအတွက် စစ်တိုက်တော်မူသောကြောင့် ယောရှုသည် ရှင်ဘုရင်တို့နှင့်တကွ သူတို့၏တိုင်းပြည်များကို တစ်ချီတည်းသိမ်းပိုက်အောင်မြင်ခဲ့လေ၏။
မောရှေအား ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ယောရှုသည် ပြည်တစ်ပြည်လုံးကို သိမ်းယူ၍ အစ္စရေးလူမျိုးတို့အား မျိုးနွယ်အလိုက် အမွေမြေအဖြစ် ခွဲဝေပေးလေ၏။ ထို့နောက်တွင် တစ်ပြည်လုံး စစ်ငြိမ်းလေ၏။
ကျန်မနာရှေအမျိုးတစ်ဝက်နှင့် ရုဗင်အမျိုး၊ ဂဒ်အမျိုးတို့မူကား ဂျော်ဒန်မြစ်အရှေ့ဘက်တွင် မောရှေခွဲပေးသော အမွေမြေကို ရပြီးဖြစ်၏။ ထာဝရဘုရား၏ကျွန်မောရှေခွဲပေးခဲ့သည့်အတိုင်း
ထိုပြည်ကို အောင်နိုင်ပြီးနောက် အစ္စရေးလူထုတစ်ရပ်လုံး ရှိလောအရပ်၌ စုရုံး၍ တွေ့ဆုံစည်းဝေးရာတဲတော်ကို တည်ကြ၏။
သင့်အိမ်အပြင်ဘက် လမ်းပေါ်သို့ထွက်သွားသောသူ မည်သူမဆို သူ့သွေးသည် သူ့ခေါင်းပေါ်၌တည်စေ။ ငါတို့၌အပြစ်မရှိ။ သင့်အိမ်ထဲ၌ရှိသောသူ တစ်စုံတစ်ယောက်ကို ငါတို့လက်လွန်မိလျှင် သူ့သွေးသည် ငါတို့ခေါင်းပေါ်တည်စေ။
ယခုတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားကတိပေးခဲ့သည့်အတိုင်း သင်တို့၏ညီအစ်ကိုတို့အား အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကိုပေးတော်မူပြီ။ ထို့ကြောင့် သင်တို့သည်လည်း သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေပေးခဲ့သည့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ သင်တို့ပိုင်ဆိုင်ရာပြည်၊ သင်တို့၏အိမ်ရှိရာသို့ပြန်သွားကြလော့။
သို့ဖြစ်၍ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့သည် အစ္စရေးအမျိုးသားတို့ရှိရာ ခါနာန်ပြည်၊ ရှိလောမြို့မှထွက်ခွာ၍ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူထားသည့်အတိုင်း မိမိတို့အပိုင်ရရှိခဲ့သောဂိလဒ်ပြည်သို့ ပြန်သွားကြ၏။