အာရုန်နှင့်သူ၏သားတို့အား အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာအတွက်ပေးလှူပူဇော်သောသိုးထီးမှ ချီလွှဲရာပူဇော်သက္ကာဖြစ်သော ရင်ပုံ၊ ချီလွှဲရာအလှူပစ္စည်းဖြစ်သော ပေါင်ကို သန့်ရှင်းစေရမည်။
တောလည် 31:29 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ထိုပူဇော်သက္ကာကို သူတို့ရရှိသောတစ်ဝက်ထဲမှ ယူ၍ ထာဝရဘုရားအဖို့ အလှူပစ္စည်းအဖြစ် ယဇ်ပုရောဟိတ်ဧလာဇာအား ပေးရမည်။ Common Language Bible ထာဝရဘုရားအားဆက်သရန်အထူးလှူဖွယ် အဖြစ် ထိုဝေစုကိုယဇ်ပုရောဟိတ်ဧလာဇာ အားပေးအပ်ရမည်။- Garrad Bible ထာ ဝ ရ ဘု ရား ထံ မြှောက် ဆက် ရာ အ လှူ အ ဖြစ် ပ ရော ဟိတ် ဧ လာ ဇာ သို့ အပ် ပေး လော့။ Judson Bible သူတို့ခံရသော ထက်ဝက်အဖို့ထဲကနှုတ်၍၊ ထာဝရဘုရားရှေ့တော်၌ ချီမြှောက်ရာ ပူဇော်သကာပြုဖို့ရာ ယဇ်ပုရောဟိတ်ဧလာဇာအား ပေးရမည်။ |
အာရုန်နှင့်သူ၏သားတို့အား အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာအတွက်ပေးလှူပူဇော်သောသိုးထီးမှ ချီလွှဲရာပူဇော်သက္ကာဖြစ်သော ရင်ပုံ၊ ချီလွှဲရာအလှူပစ္စည်းဖြစ်သော ပေါင်ကို သန့်ရှင်းစေရမည်။
“လေဝိအမျိုးတို့အား ဆင့်ဆိုလော့။ သင်တို့၏အမွေအဖြစ် ငါပေးသော အစ္စရေးအမျိုးသားတို့၏ဆယ်ဖို့တစ်ဖို့ကို သင်တို့ခံယူသောအခါ ထိုဆယ်ဖို့တစ်ဖို့၏ဆယ်ဖို့တစ်ဖို့ကို အလှူပစ္စည်းအဖြစ် ထာဝရဘုရားအား ပေးလှူပူဇော်ရမည်။
ထိုသို့ အစ္စရေးအမျိုးသားတို့ထံမှ သင်တို့ခံယူရရှိသောဆယ်ဖို့တစ်ဖို့အားလုံးထဲမှ အလှူပစ္စည်းကို ထာဝရဘုရားအား ပေးလှူပူဇော်ရမည်။ ထိုဆယ်ဖို့တစ်ဖို့ထဲမှ ထာဝရဘုရားအား ပေးလှူပူဇော်သော အလှူပစ္စည်းကို ယဇ်ပုရောဟိတ်အာရုန်အား သင်တို့ပေးရမည်။
စစ်ထွက်တိုက်သောစစ်သည်တို့ထံမှ လူ၊ နွား၊ မြည်း၊ သိုး စသည်တို့ကို အယောက်ငါးရာလျှင် တစ်ယောက်ကျ၊ အကောင်ငါးရာလျှင် တစ်ကောင်ကျ ထာဝရဘုရားအဖို့ ချီမြှောက်ရာပူဇော်သက္ကာအဖြစ် ဖယ်ထားရမည်။
အစ္စရေးအမျိုးသားတို့ရရှိသောတစ်ဝက်ထဲမှ လူနှင့် နွား၊ မြည်း၊ သိုး စသည့်တိရစ္ဆာန်အားလုံးတို့ကို အယောက်ငါးဆယ်လျှင် တစ်ယောက်ကျ၊ အကောင်ငါးဆယ်လျှင် တစ်ကောင်ကျ ယူ၍ ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်၏အမှုကို ဆောင်ရွက်သောလေဝိအမျိုးတို့အား ပေးရမည်”ဟု မိန့်တော်မူ၏။
သင်တို့မှစ၍ သင်တို့၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများနှင့်အတူ သင်တို့၏မြို့တံခါးအတွင်းရှိ အမွေဝေစုမရသောလေဝိအမျိုးတို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ကြရမည်။
သင်၏ပြည်၌ အသက်ရှင်သမျှကာလပတ်လုံး လေဝိအမျိုးတို့ကို စွန့်ပယ်မထားမိစေရန် သတိပြုလော့။