ထာဝရဘုရားသည် ဩဇကို အမျက်ထွက်တော်မူ၏။ သူပြုမိသောအမှားကြောင့် ဘုရားသခင်သည် သူ့ကို ထိုနေရာတွင်ပင် ဒဏ်ခတ်တော်မူရာ သူသည် ဘုရားသခင်၏သေတ္တာတော်နားတွင် သေလေ၏။
တောလည် 3:10 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်ရမည်။ သူတို့သည် သူတို့၏ယဇ်ပုရောဟိတ်အရိုက်အရာကို စောင့်ထိန်းရမည်။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်”ဟု မိန့်တော်မူ၏။ Common Language Bible သင်သည်အာရုန်နှင့်သူ၏သားတို့အားယဇ် ပုရောဟိတ်၏ဝတ္တရားများကိုဆောင်ရွက်ခန့် ထားရမည်။ မဆိုင်သူကယဇ်ပုရောဟိတ် ဝတ္တရားများကိုဝင်ရောက်ဆောင်ရွက်လျှင် ထိုသူအားသေဒဏ်စီရင်ရမည်'' ဟုမိန့် တော်မူ၏။ Garrad Bible ခန့် ထား သော အာ ရုန် နှင့် သား တို့ သာ ပ ရော ဟိတ် ဝတ် ကို ဆောင် ရွက် ကြ စေ။ မ ဆိုင် သူ ချဉ်း ကပ် မိ သော် ကား သေ ဒဏ် ခံ စေ ဟု မိန့် တော် မူ ၏။ Judson Bible အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်ထား၏။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကိုစောင့်ရကြမည်။ သူ၏အမျိုးမှတစ်ပါး အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။ |
ထာဝရဘုရားသည် ဩဇကို အမျက်ထွက်တော်မူ၏။ သူပြုမိသောအမှားကြောင့် ဘုရားသခင်သည် သူ့ကို ထိုနေရာတွင်ပင် ဒဏ်ခတ်တော်မူရာ သူသည် ဘုရားသခင်၏သေတ္တာတော်နားတွင် သေလေ၏။
အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ဝတ်ကျောင်းများကို တည်ဆောက်ပြီး လေဝိအမျိုးမဟုတ်သော သာမန်လူများအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထား၏။
ဂျေရုဆလင်မြို့တွင် ထာဝရဘုရား၏အိမ်တော်ကို ရှောလမုန်မင်းကြီး မတည်ဆောက်မီအချိန်ထိ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၊ ကိန်းဝပ်တော်မူရာတဲတော်တွင် သီချင်းဖြင့် အမှုတော်ကိုထမ်းကြ၏။ စီရင်ထုံးဖွဲ့ချက်များအတိုင်းလည်း အမှုတော်ကို ထမ်းရကြ၏။
ထိုအခါ ငါက “ငါကဲ့သို့သောလူက ပြေးပုန်းရမည်လော။ အသက်ချမ်းသာရာရရန် ဗိမာန်တော်ထဲ ဝင်ပုန်းရမည်လော။ ငါမဝင်နိုင်ပါ”ဟု ပြန်ပြော၏။
အာရုန်နှင့်သူ၏သားတို့အား ခါးစည်းကိုစည်းပေးပြီးလျှင် ခေါင်းပေါင်းပေါင်းပေးရမည်။ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်နှင့်အညီ ယဇ်ပုရောဟိတ်အရိုက်အရာကို သူတို့ရရှိမည်။ ဤသို့ဖြင့် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်ထားရမည်။
သင်တို့သည် ငါ၏သန့်ရှင်းသောအမှုတော်ကို မထမ်းဆောင်။ ငါ၏သန့်ရှင်းရာဌာနအမှုကို ထမ်းရမည့်အစား အခြားသူတို့ကို ထမ်းစေကြ၏’ဟု မိန့်တော်မူ၏။
သာမန်လူတစ်ယောက်မျှ သန့်ရှင်းသောပူဇော်သက္ကာကို မစားရ။ ယဇ်ပုရောဟိတ်၏ဧည့်သည်ဖြစ်စေ၊ သူရင်းငှားဖြစ်စေ သန့်ရှင်းသောပူဇော်သက္ကာကို မစားရ။
ရွှေ့ပြောင်းသောအခါ လေဝိအမျိုးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို ဖြုတ်သိမ်းရမည်။ စခန်းချသောအခါ လေဝိအမျိုးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို စိုက်ထူရမည်။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်။
ကိုယ်တော်သည် သင်နှင့်တကွ လေဝိသားမြေးများဖြစ်သည့် သင်၏အမျိုးသားချင်းအပေါင်းတို့ကိုလည်း ချဉ်းကပ်ခွင့်ပေးတော်မူ၏။ သို့ရာတွင် သင်တို့သည် ယဇ်ပုရောဟိတ်အရိုက်အရာကိုပါ ရှာကြံကြသည်တကား။
ထာဝရဘုရားထံတော်မှလည်း မီးထွက်လာ၍ နံ့သာပေါင်းပူဇော်နေသော လူအယောက်နှစ်ရာ့ငါးဆယ်တို့ကို လောင်ကျွမ်းလေ၏။
ဤသည်ကား ကောရနှင့်သူ၏အပေါင်းပါတို့ကဲ့သို့မဖြစ်မည့်အကြောင်း ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းမီးရှို့ဖို့ အာရုန်၏သားစဉ်မြေးဆက်မဟုတ်သည့်သာမန်လူတစ်စုံတစ်ယောက်မျှမချဉ်းကပ်မိစေရန် အစ္စရေးအမျိုးသားတို့ အမှတ်ရစရာဖြစ်၏။
သူတို့သည် သင်နှင့်ဆိုင်သောအလုပ်၊ တဲတော်တစ်ခုလုံးနှင့်ဆိုင်သောအလုပ်တို့ကို ဆောင်ရွက်ရမည်။ သန့်ရှင်းရာဌာန၏တန်ဆာပလာများနှင့်ယဇ်ပလ္လင် အနီးသို့မလာရ။ လာမိလျှင် သင်နှင့်အတူ သူတို့ပါ သေကြရမည်။
သင်နှင့်သင်၏သားတို့ကား ယဇ်ပုရောဟိတ်အရိုက်အရာကို စောင့်ထိန်းရမည်။ ယဇ်ပလ္လင်နှင့် ကန့်လန့်ကာအတွင်းရှိ အလုပ်ဟူသမျှကို လုပ်ဆောင်ရမည်။ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ခြင်းကို သင်တို့အား လက်ဆောင်အဖြစ် ငါပေး၏။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်”ဟု မိန့်တော်မူ၏။
ကိန်းဝပ်တော်မူရာတဲတော်၏အရှေ့ဘက်ဖြစ်သော တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့ နေထွက်ရာအရပ်၌ စခန်းချရမည့်သူများမှာ မောရှေမှစ၍ အာရုန်နှင့်သူ၏သားတို့ ဖြစ်ကြ၏။ သူတို့သည် အစ္စရေးအမျိုးသားတို့ကိုယ်စား သန့်ရှင်းရာဌာန၏အမှုကိစ္စကိုဆောင်ရွက်သောသူများ ဖြစ်ကြ၏။ မဆိုင်သောသူချဉ်းကပ်လျှင် အသတ်ခံရမည်။
အမှုတော်ဆောင်ဖြစ်လျှင် အမှုတော်ကိုဆောင်ရွက်စေ။ သွန်သင်သောသူဖြစ်လျှင် သွန်သင်ခြင်းကိုပြုစေ။
ထို့ကြောင့် သင်တို့သည် လူမျိုးခြားများနှင့်သူစိမ်းဧည့်သည်များမဟုတ်တော့ဘဲ သန့်ရှင်းသူတို့နှင့်တစ်မျိုးသားတည်းဖြစ်ကြပြီး ဘုရားသခင်၏အိမ်သူအိမ်သားများဖြစ်ကြ၏။
အကြောင်းမူကား ယဇ်ပုရောဟိတ်နှင့် သူ၏သားမြေးတို့သည် နေ့စဉ်နေ့တိုင်း ထာဝရဘုရား၏နာမတော်၌ အမှုတော်ဆောင်ရွက်မည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို သင်၏မျိုးနွယ်အပေါင်းတို့ထဲမှ ရွေးချယ်တော်မူ၏။
ကိုယ်တော်သည် ကမ္ဘာမြေကြီးပေါ်တွင်ရှိခဲ့လျှင် ပညတ်တရားအရ ပူဇော်သက္ကာကိုပူဇော်သောသူများရှိနေကြသည်ဖြစ်၍ ယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်မဟုတ်။
ထိုသူ မိက္ခာ၌ ဘုရားဝတ်ကျောင်းရှိ၏။ သူသည် ဧဖုဒ်နှင့်တေရပ်ရုပ်တုများကို သွန်းလုပ်ပြီးလျှင် မိမိသားတစ်ယောက်ကို ယဇ်ပုရောဟိတ်အဖြစ်ခန့်ထား၏။
ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏သေတ္တာတော်ထဲသို့ ကြည့်မိသောကြောင့် ကိုယ်တော်သည် မြို့သားအချို့တို့ကို ဒဏ်ခတ်တော်မူ၏။ လူငါးသောင်းခုနစ်ဆယ် ဒဏ်ခတ်ခံရလေ၏။ ထာဝရဘုရားသည် လူတို့ကို အမြောက်အမြားဒဏ်ခတ်တော်မူသောကြောင့် လူတို့ ငိုကြွေးမြည်တမ်းကြရလေ၏။