ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း ယာယီတဲစုပွဲတော်ကိုလည်း ကျင်းပကြ၏။ စီရင်ထုံးဖွဲ့ချက်အရ တစ်ရက်စီအတွက်ပူဇော်ရမည့် ယဇ်ကောင်အရေအတွက်နှင့်အညီ မီးရှို့ရာယဇ်များကိုလည်း နေ့စဉ်ပူဇော်ကြ၏။
တောလည် 29:6 - မြန်မာ့စံမီသမ္မာကျမ်း လဆန်းတစ်ရက်နေ့၌ပူဇော်သော မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာ၊ ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာ၊ ထိုယဇ်တို့အတွက် သွန်းလောင်းရာပူဇော်သက္ကာများအပြင် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ကို စီရင်ထုံးဖွဲ့ချက်အတိုင်း ပူဇော်ရမည်။ Common Language Bible လစဉ်လဆန်းတစ်ရက်နေ့တွင်ပူဇော်သည့် မီးရှို့ရာသကာ၊ ၎င်းနှင့်တွဲဖက်သောဘောဇဉ် သကာ၊ နေ့စဉ်မီးရှို့ရာသကာနှင့်၎င်းနှင့်တွဲဖက် သောဘောဇဉ်သကာ၊ စပျစ်ရည်သကာအပြင် ဤသကာများကိုပူဇော်ရမည်။ ဤပူဇော် သကာတို့၏ရနံ့ကိုထာဝရဘုရားနှစ် သက်တော်မူ၏။ Garrad Bible လ ဆန်း နေ့ မီး ရှို့ ရာ သ က္ကာ၊ ဆက် မြဲ မီး ရှို့ ရာ သ က္ကာ၊ ဆုံး ဖြတ် ချက် အ ရ အ သီး အ သီး ဆိုင် ရာ ဘော ဇဉ် သ က္ကာ နှင့် သွန်း လောင်း ရာ သ က္ကာ များ ပြင်၊ စိတ် တော် ပြေ ဖွယ် ရ နံ့၊ မီး ပူ ဇော် ရာ အ ဖြစ် ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ကြ လော့။ Judson Bible ထိုသို့ထုံးစံရှိသည်အတိုင်း၊ လဆန်းနေ့မီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ်ပူဇော်သကာ၊ နေ့တိုင်းပြုသောမီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာမှတစ်ပါး၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသောယဇ်ပူဇော်သကာကို ပူဇော်ရမည်။ |
ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း ယာယီတဲစုပွဲတော်ကိုလည်း ကျင်းပကြ၏။ စီရင်ထုံးဖွဲ့ချက်အရ တစ်ရက်စီအတွက်ပူဇော်ရမည့် ယဇ်ကောင်အရေအတွက်နှင့်အညီ မီးရှို့ရာယဇ်များကိုလည်း နေ့စဉ်ပူဇော်ကြ၏။
“အာရုန်နှင့်သူ၏သားတို့အား ဆင့်ဆိုလော့။ မီးရှို့ရာယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ မီးရှို့ရာယဇ်ကောင်ကို ယဇ်ပလ္လင်ပေါ်ရှိ မီးတောက်ပေါ်တွင် နံနက်တိုင်အောင် တစ်ညလုံးရှိစေ၍ ယဇ်ပလ္လင်၏မီးသည် တောက်လောင်လျက်နေရမည်။
လူမမြင်ကွယ်ရာတွင် မရည်ရွယ်ဘဲကျူးလွန်မိမည်ဆိုလျှင် လူထုအပေါင်းတို့သည် စီရင်ထုံးဖွဲ့ချက်နှင့်အညီ မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှနွားထီးပျိုတစ်ကောင်ကို မွှေးကြိုင်သောရနံ့အဖြစ် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်အတူ ထာဝရဘုရားအား ပူဇော်ရမည်။ ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
ထာဝရဘုရားအား ပူဇော်သက္ကာကိုပူဇော်လိုသောသူသည် ဆီတစ်ဟိန်၏လေးပုံတစ်ပုံရောထားသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကိုလည်း ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးရှို့ရာယဇ်အဖြစ် နွားထီးပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်ခုနစ်ကောင်ကို ပူဇော်ရမည်။
နွားထီး၊ သိုးထီးနှင့် သိုးသငယ်တို့အရေအတွက်အလိုက် ဘောဇဉ်ပူဇော်သက္ကာနှင့်သွန်းလောင်းရာပူဇော်သက္ကာတို့ကို စီရင်ထုံးဖွဲ့ချက်အတိုင်း ပူဇော်ရမည်။
နွားထီး၊ သိုးထီးနှင့် သိုးသငယ်တို့အရေအတွက်အလိုက် ဘောဇဉ်ပူဇော်သက္ကာနှင့်သွန်းလောင်းရာပူဇော်သက္ကာတို့ကို စီရင်ထုံးဖွဲ့ချက်အတိုင်း ပူဇော်ရမည်။
သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
သူ၏ပူဇော်သက္ကာများမှာ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊
သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပလိုလျှင် ပသခါပွဲတော်ဆိုင်ရာပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်များနှင့်အညီ ကျင်းပရမည်။ တိုင်းတစ်ပါးသားအတွက်ဖြစ်စေ၊ အမျိုးသားချင်းအတွက်ဖြစ်စေ ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်း ဖြစ်ရမည်”ဟု မိန့်တော်မူ၏။