Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 29:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ဤ​သတ္တမ​လ​၊ ဆယ်​ရက်​နေ့​၌ သင်​တို့​သည် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြု​ရ​မည်​။ သင်​တို့​သည် မိမိ​တို့​၏​စိတ်ဆန္ဒ​ကို ငြင်းပယ်​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 သင်​တို့​သည်​သတ္တ​မ​လ​တစ်​ဆယ့်​လေး​ရက် နေ့​တွင် စု​ဝေး​ဝတ်​ပြု​ရ​မည်။ ထို​နေ့​၌​အ​စား အ​စာ​မစား​ရ၊ အ​လုပ်​မ​လုပ်​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ထို သ တ္တ မ လ တွင် ဒ သ မ နေ့၌ လည်း အ မှု အ ရေး မည် သည် ကို မျှ မ လုပ် ဆောင် ဘဲ ခြိုး ခြံ စွာ ပြု လျက် ဓ မ္မ အ စည်း အ ဝေး ပြု ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ၎င်း​လ၊ ဒ​သ​မ​နေ့​ရက်၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို​ပြု၍ ခြိုး​ခြံ​စွာ​ကျင့်​ရ​မည်။ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 29:7
17 ပူးပေါင်းရင်းမြစ်များ  

လမ်းခရီး​တွင် ငါ​တို့​နှင့်​ကလေးသူငယ်​များ​အပါအဝင် ပစ္စည်းဥစ္စာ​များ လုံခြုံမှု​ရှိ​စေရန် ဘုရားသခင်​ရှေ့​တော်​၌ ကိုယ်​ကို​နှိမ့်ချ​၍ အစာရှောင်​ဆုတောင်း​ကြ​မည့်​အကြောင်း အဟာဝ​မြစ်​နား​တွင် ငါ​ကြေညာ​၏​။


ငါ​မူကား သူ​တို့​ဖျားနာ​သောအခါ လျှော်တေအဝတ်​ကို​ဝတ်​၍ အစာရှောင်​လျက် မိမိကိုယ်မိမိ​ချိုးနှိမ်​၏​။ ငါ​၏​ဆုတောင်းချက် ငါ့​ရင်ခွင်​သို့​သာ ပြန်လှည့်​လာ​သောအခါ


ထို​နေ့ရက်​၌ ငိုကြွေး​မြည်တမ်း​ကြ​ရန်​နှင့် ခေါင်းတုံးတုံး​ပြီး လျှော်တေအဝတ်​ဝတ်​ကြ​ရန်​အတွက် ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား နှိုးဆော်​တော်မူ​၏​။


ငါ​သည် ဒါဝိဒ်​အမျိုးအနွယ်​မှစ၍ ဂျေရုဆလင်​မြို့သူမြို့သား​တို့​အား သနားကြင်နာ​တတ်​သော​စိတ်သဘော​၊ ဆုတောင်း​ပတ္ထနာပြု​တတ်​သော​စိတ်သဘော​ကို သွန်းလောင်း​ပေး​မည်​။ သူ​တို့​သည် မိမိ​တို့​ထိုးဖောက်​ခဲ့​သော​ငါ့​ကို မြင်​ရ​သောအခါ တစ်ဦးတည်း​သော​သား​အတွက် မြည်တမ်း​သကဲ့သို့ မြည်တမ်း​ရ​လိမ့်မည်​၊ သားဦး​အတွက် ခါးသီး​စွာ​ခံစား​ရ​သကဲ့သို့ ခါးသီး​စွာ​ခံစား​ရ​လိမ့်မည်​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​အိမ်​တော်​ရှိ ယဇ်ပုရောဟိတ်​နှင့် ပရောဖက်​တို့​အား “​အကျွန်ုပ်​သည် နှစ်ပေါင်း​များစွာ​ကပင် ပဉ္စမ​လ​တွင် အစာရှောင်​ငိုကြွေး​ခဲ့​သည့်​အတိုင်း ယခု​လည်း​ပြု​ရ​မည်လော​”​ဟု မေးလျှောက်​စေရန် စေလွှတ်​၏​။


ဝမ်းနည်း​ကြေကွဲ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် နှစ်သိမ့်​ခြင်း​ကို​ခံစား​ရ​ကြ​လိမ့်မည်။


ထိုသို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အားလုံး​သည်​လည်း နောင်တ​မ​ရ​လျှင် ထိုနည်းတူ​ပျက်စီး​ကြ​လိမ့်မည်။


ထိုသို့​မ​ဟုတ်​ပေ။ သင်​တို့​အား ငါ​ဆို​သည်​ကား သင်​တို့​အားလုံး​သည်​လည်း နောင်တ​မ​ရ​လျှင် ထိုနည်းတူ​ပျက်စီး​ကြ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


အချိန်​များစွာ​ကြာ​လာ​၍ အစာရှောင်​ရာ​နေ့​သည်​လည်း လွန်​ခဲ့​ပြီ​ဖြစ်​သောကြောင့် ပင်လယ်​ခရီး​သည် ဘေးအန္တရာယ်​ရှိ​လာ​သဖြင့် ပေါလု​သည် သူ​တို့​အား သတိပေး​ကာ


ငါ​တို့​၏​လူ​ဟောင်း​သည် ခရစ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သည်မှာ အပြစ်​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​သည် ဖျက်ဆီး​ခြင်း​ခံရ​လျက် ငါ​တို့​သည် နောက်ထပ် အပြစ်​ထံ၌ ကျွန်​မ​ခံရ​ရန်​အတွက်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။


သူတစ်ပါး​ကို သွန်သင်​ပြီးမှ ငါ​ကိုယ်တိုင်​ကျရှုံး​သော​သူ မ​ဖြစ်​စေရန် ငါ​သည် မိမိ​ကိုယ်ခန္ဓာ​ကို ထိုးနှက်​၍ နာခံ​စေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ