သင်တို့သည် ပထမနေ့နှင့်သတ္တမနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုလုပ်ရမည်။ ထိုနေ့တို့၌ လူတိုင်း စားစရာများကိုချက်ပြုတ်ခြင်းမှတစ်ပါး အခြားမည်သည့်အလုပ်ကိုမျှမလုပ်ရ။
တောလည် 28:26 - မြန်မာ့စံမီသမ္မာကျမ်း ခုနစ်သီတင်းမြောက်ပွဲတော်တွင် အဦးဆုံးသီးနှံပူဇော်သောနေ့၌ ထာဝရဘုရားအဖို့ သီးနှံအသစ်ပူဇော်သက္ကာကို ပူဇော်သောအခါ သင်တို့သည် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ မည်သည့်အလုပ်ကိုမျှမလုပ်ရ။ Common Language Bible သင်တို့သည်ကောက်သိမ်းပွဲတော်ပထမနေ့၌ ထာဝရဘုရားအားကောက်သစ်ပူဇော်သည့် အခါစုဝေးဝတ်ပြုရကြမည်။ ထိုနေ့၌ အလုပ်မလုပ်ရ။- Garrad Bible သိ တင်း ပွဲ အ တွင်း လက် ဦး လက် ဖျား ဆက်၍ ထာ ဝ ရ ဘု ရား ထံ ဘော ဇဉ် အ သစ် ကို တင် သွင်း သော နေ့၌ ကြိုး ကြိုး ပန်း ပန်း မ လုပ် ဘဲ ဓ မ္မ အ စည်း အ ဝေး ပြု ရာ တွင်၊ Judson Bible ထိုမှတစ်ပါး၊ သီတင်းခုနစ်သီတင်းစေ့ပြီးမှ၊ ဘောဇဉ်ပူဇော်သကာအသစ်ကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သောနေ့၊ အဦးသီးသောအသီးနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ |
သင်တို့သည် ပထမနေ့နှင့်သတ္တမနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုလုပ်ရမည်။ ထိုနေ့တို့၌ လူတိုင်း စားစရာများကိုချက်ပြုတ်ခြင်းမှတစ်ပါး အခြားမည်သည့်အလုပ်ကိုမျှမလုပ်ရ။
လယ်ယာ၌ သင်မျိုးကြဲ၍ ထွက်ရှိသောအဦးဆုံးသီးနှံရိတ်သိမ်းရာပွဲကိုလည်းကောင်း၊ နှစ်ကုန်ချိန်၌ လယ်ယာမှသီးနှံစုသိမ်းသောအခါ စုသိမ်းရာပွဲကိုလည်းကောင်း ကျင်းပရမည်။
ဂျုံရိတ်သိမ်းရာကာလ၏အဦးဆုံးသီးနှံဖြင့် ခုနစ်သီတင်းမြောက်ပွဲတော်ကိုလည်းကောင်း၊ နှစ်ဆန်း၌ စုသိမ်းရာပွဲတော်ကိုလည်းကောင်း သင်ကျင်းပရမည်။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့အား ငါပေးသောပြည်သို့ သင်တို့ဝင်ရောက်၍ သီးနှံရိတ်သိမ်းသောအခါ သင်တို့ရိတ်သိမ်းသော အသီးဦးသီးနှံတစ်စည်းကို ယဇ်ပုရောဟိတ်ထံသို့ ယူဆောင်လာရမည်။
ခုနစ်ရက်ပတ်လုံး မီးဖြင့်ပူဇော်သောယဇ်ကို ထာဝရဘုရားအား ပူဇော်ရမည်။ ခုနစ်ရက်မြောက်သောနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ သင်တို့သည် မည်သည့်အလုပ်ကိုမျှ မလုပ်ရ”ဟု မိန့်တော်မူ၏။
ပထမနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကိုပြုရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးရှို့ရာယဇ်အဖြစ် နွားထီးပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်ခုနစ်ကောင်ကို ပူဇော်ရမည်။
သတ္တမလ၊ ပထမနေ့တွင် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ ထိုနေ့သည် သင်တို့ တံပိုးမှုတ်ရသောနေ့ဖြစ်၏။
ယခုမူကား ခရစ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့တွင် အသီးဦးဖြစ်တော်မူပြီ။
ကိုယ်တော်သည် မိမိဖန်ဆင်းတော်မူသောအရာတို့တွင် ငါတို့ကို အသီးဦးသဖွယ်ဖြစ်စေရန် အလိုတော်ရှိသည့်အတိုင်း သမ္မာတရား၏နှုတ်ကပတ်တော်အားဖြင့် ငါတို့ကိုဖြစ်ပွားစေတော်မူ၏။