Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည် 28:26 - Common Language Bible

26 သင်​တို့​သည်​ကောက်​သိမ်း​ပွဲ​တော်​ပ​ထ​မ​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​အား​ကောက်​သစ်​ပူ​ဇော်​သည့် အ​ခါ​စု​ဝေး​ဝတ်​ပြု​ရ​ကြ​မည်။ ထို​နေ့​၌ အ​လုပ်​မ​လုပ်​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 သိ တင်း ပွဲ အ တွင်း လက် ဦး လက် ဖျား ဆက်၍ ထာ ဝ ရ ဘု ရား ထံ ဘော ဇဉ် အ သစ် ကို တင် သွင်း သော နေ့၌ ကြိုး ကြိုး ပန်း ပန်း မ လုပ် ဘဲ ဓ မ္မ အ စည်း အ ဝေး ပြု ရာ တွင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ထို​မှ​တစ်​ပါး၊ သီ​တင်း​ခု​နစ်​သီ​တင်း​စေ့​ပြီး​မှ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​သစ်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​သော​နေ့၊ အ​ဦး​သီး​သော​အ​သီး​နေ့​ရက်၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို မ​လုပ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ခုနစ်သီတင်း​မြောက်​ပွဲတော်​တွင် အဦးဆုံးသီးနှံ​ပူဇော်​သော​နေ့​၌ ထာဝရဘုရား​အဖို့ သီးနှံ​အသစ်​ပူဇော်သက္ကာ​ကို ပူဇော်​သောအခါ သင်​တို့​သည် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြု​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 28:26
13 ပူးပေါင်းရင်းမြစ်များ  

``ဂျုံ​စ​ပါး​စ​တင်​ရိတ်​ချိန်​၌​ကောက်​သိမ်း​ပွဲ​တော် ကို​လည်း​ကောင်း၊ သစ်​သီး​များ​ကို​စု​သိမ်း​ချိန်​ဖြစ် သော​ဆောင်း​ဦး​ပေါက်​ရာ​သီ​၌ သစ်​သီး​သိမ်း​ပွဲ တော်​ကို​လည်း​ကောင်း၊ ကျင်း​ပ​ရ​မည်။


``သင်​တို့​လယ်​များ​မှ​ကောက်​ရိတ်​သိမ်း​ချိန်​သို့ ရောက်​လျှင် သင်​တို့​စိုက်​ပျိုး​ခဲ့​သော​သီး​နှံ​များ နှင့်​ကောက်​သိမ်း​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ ``နှစ်​အ​ကုန်​တွင်​သင်​တို့​၏​သစ်​သီး​ခြံ​များ​မှ သစ်​သီး​များ​ကို​စု​သိမ်း​ချိန်​၌ သစ်​သီး​သိမ်း​ပွဲ တော်​ကို​ကျင်း​ပ​ရ​မည်။-


သို့​ရာ​တွင်​အ​မှန်​ဖြစ်​ရပ်​မှာ​ခ​ရစ်​တော်​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ ယင်း သို့​ထ​မြောက်​တော်​မူ​ခြင်း​ကြောင့်​သေ​လွန်​သူ တို့​သည် ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်​ဖြစ် ကြောင်း​အာ​မ​ခံ​ချက်​ရ​ရှိ​ကြ​သည်။-


ကိုယ်​တော်​သည်​ဖန်​ဆင်း​တော်​မူ​သော​သတ္တ​ဝါ များ​တွင်​အ​ဦး​ဆုံး​နေ​ရာ​၌​ရှိ​ကြ​စေ​ရန် သမ္မာ တ​ရား​တော်​အား​ဖြင့်​မိ​မိ​၏​အ​လို​တော်​နှင့် အ​ညီ​ငါ​တို့​အား​ဖြစ်​ပွား​စေ​တော်​မူ​၏။


ပွဲ​တော်​ပ​ထ​မ​နေ့​တွင်​သင်​တို့​စု​ဝေး​ဝတ်​ပြု ရ​မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ရ။-


သင်​တို့​သည်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး ပျို​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​ဖွယ်​ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-


သင်​တို့​သည်​သတ္တ​မ​လ၊ ပ​ထ​မ​နေ့​တွင် စု​ဝေး ဝတ်​ပြု​ရ​မည်။ ထို​နေ့​တွင်​အ​လုပ်​မ​လုပ်​ရ။ ထို​နေ့​တွင်​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ရ​မည်။-


ပ​ထ​မ​နေ့​နှင့်​သတ္တမ​နေ့​၌​ဝတ်​ပြု​အ​စည်း အ​ဝေး​ကို​ကျင်း​ပ​ရ​မည်။ ထို​နေ့​ရက်​များ တွင်​စား​စ​ရာ​ပြင်​ဆင်​ခြင်း​အ​လုပ်​မှ​တစ် ပါး​အ​ခြား​အ​လုပ်​မ​လုပ်​ရ။-


ခု​နစ်​ရက်​ပတ်​လုံး​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော် သ​ကာ​ကို​ဆက်​သ​ရ​မည်။ သို့​ရာ​တွင်​သတ္တ​မ နေ့​၌​စု​ဝေး​ဝတ်​ပြု​ကိုး​ကွယ်​၍​အ​သက်​မွေး ဝမ်း​ကျောင်း​အ​လုပ်​ကို​မ​လုပ်​ရ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ