အကြောင်းမူကား ဆိုးညစ်သောအမှုကိုပြုသောသူတို့သည် ဖယ်ရှားခြင်းခံကြရလိမ့်မည်။ ထာဝရဘုရားကိုစောင့်မျှော်သောသူတို့မူကား ပြည်တော်ကိုအမွေဆက်ခံရကြလိမ့်မည်။
တောလည် 26:65 - မြန်မာ့စံမီသမ္မာကျမ်း “ထိုသူတို့သည် တောကန္တာရ၌ မုချသေရမည်”ဟု ထာဝရဘုရား မိန့်တော်မူခဲ့သောကြောင့် ထိုသူတို့တွင် ယေဖုန္နာသား ကာလက်နှင့် နုန်၏သား ယောရှုတို့မှလွဲ၍ မည်သူမျှ မကျန်ရစ်ပေ။ Common Language Bible ထိုသူအပေါင်းတို့သည်တောကန္တာရ၌သေဆုံး ရကြမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူခဲ့ သည့်အတိုင်းယေဖုန္နာ၏သားကာလက်နှင့် နုန် ၏သားယောရှုမှတစ်ပါးကျန်သောသူအား လုံးပင်သေဆုံးခဲ့ကြ၏။ Judson Bible အကြောင်းမူကား၊ ထိုသူတို့သည်တော၌ အမှန်သေရကြမည်ဟု ထာဝရဘုရားမိန့်တော်မူပြီ။ ယေဖုန္နာ၏သားကာလက်နှင့် နုန်၏သားယောရှုမှတစ်ပါး၊ အရင်လူတစ်ယောက်မျှ မကြွင်းမကျန်ရ။ |
အကြောင်းမူကား ဆိုးညစ်သောအမှုကိုပြုသောသူတို့သည် ဖယ်ရှားခြင်းခံကြရလိမ့်မည်။ ထာဝရဘုရားကိုစောင့်မျှော်သောသူတို့မူကား ပြည်တော်ကိုအမွေဆက်ခံရကြလိမ့်မည်။
ကလေးများအပြင် အစ္စရေးအမျိုးသား ယောက်ျားခြောက်သိန်းခန့်တို့သည် ရာမသက်အရပ်မှ သုကုတ်အရပ်တိုင်အောင် ခြေကျင်ခရီးပြုကြ၏။
ငါထာဝရဘုရားမိန့်တော်မူပြီ။ အကယ်စင်စစ် ငါ့ကို ဆန့်ကျင်စုဝေးကြသည့် ဤဆိုးညစ်သောလူထုအပေါင်းတို့ကို ငါသည် ထိုသို့ပြုမည်။ သူတို့သည် ဤတောကန္တာရထဲ၌ လမ်းဆုံးကြရလိမ့်မည်။ ထိုအရပ်တွင် သင်တို့ သေဆုံးကြရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုပြည်ကိုစူးစမ်းရန် သွားခဲ့သောသူတို့ထဲမှ နုန်၏သား ယောရှုနှင့် ယေဖုန္နာ၏သား ကာလက်တို့မူကား အသက်ချမ်းသာရာရကြ၏။
“အကျွန်ုပ်တို့၏ဖခင်သည် တောကန္တာရ၌ သေဆုံးသွားပါ၏။ ထာဝရဘုရားကိုဆန့်ကျင်လျက်စုဝေးသောလူထုဖြစ်သည့် ကောရ၏အပေါင်းပါများထဲတွင် သူ မပါဝင်ခဲ့ပါ။ သူ့အပြစ်ကြောင့် သူသေဆုံးသွားပါ၏။ သူ၌ သားမရှိပါ။
ထို့ကြောင့် ဘုရားသခင်၏ပြင်းထန်သောစီရင်တော်မူခြင်းနှင့်ကျေးဇူးပြုတော်မူခြင်းတို့ကို ကြည့်ကြလော့။ ပြင်းထန်သောစီရင်တော်မူခြင်းသည် လဲကျသောသူတို့ပေါ်၌ရှိ၍ ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းမူကား သင်သည် ထိုကျေးဇူးပြုတော်မူခြင်း၌ ဆက်၍တည်နေလျှင် သင့်အပေါ်၌ရှိ၏။ ဆက်၍မတည်လျှင် သင်သည်လည်း ခုတ်ဖြတ်ခြင်းခံရလိမ့်မည်။
သို့သော် ယေဖုန္နာ၏သား ကာလက်သည် ထာဝရဘုရားနောက်သို့လုံးလုံးလိုက်သောကြောင့် ထိုပြည်ကို သူမြင်ရမည်။ သူခြေချသောမြေကို သူနှင့်သူ၏သားမြေးတို့အား ငါပေးမည်’ဟု ကျိန်ဆိုတော်မူ၏။
ယောရှုသည် အစ္စရေးအမျိုးသားတို့အား အရေဖျားလှီးပေးရသည့်အကြောင်းကား ဤသို့ဖြစ်၏။ အီဂျစ်ပြည်မှထွက်လာသောလူတို့တွင် စစ်သူရဲယောက်ျားအပေါင်းတို့သည် တောကန္တာရလမ်းခရီး၌ သေဆုံးကြပြီဖြစ်၏။
သင်တို့သည် ဤအရာအားလုံးကိုသိကြပြီဖြစ်သော်လည်း သင်တို့ကို ငါသတိပေးနှိုးဆော်လိုသည်မှာ ထာဝရဘုရားသည် လူမျိုးတော်ကို အီဂျစ်ပြည်မှ အပြီးအပိုင်ကယ်လွှတ်တော်မူပြီးနောက် မယုံကြည်သောသူတို့ကို တစ်ဖန်ဖျက်ဆီးတော်မူ၏။