အာရုန်၏အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကိုကိုင်လျက် မိန်းမအပေါင်းတို့သည်လည်း ပတ်သာတီးလျက်၊ ကခုန်လျက် သူ့နောက်သို့လိုက်သွားကြ၏။
တောလည် 26:59 - မြန်မာ့စံမီသမ္မာကျမ်း အာမရံမယား၏အမည်မှာ ယောခေဗက် ဖြစ်၏။ အီဂျစ်ပြည်၌ လေဝိမယားမွေးဖွားသော လေဝိသမီးဖြစ်၏။ ယောခေဗက်သည် အာမရံအားဖြင့် အာရုန်၊ မောရှေနှင့် သူတို့၏အစ်မမိရိအံ တို့ကို မွေးဖွား၏။ Common Language Bible လေဝိ၏သမီးယောခေဗက်၏ခင်ပွန်းဖြစ် သည်။ ယောခေဗက်သည်အီဂျစ်ပြည်၌ဖွား မြင်ခဲ့သည်။ အာမရံနှင့်ယောခေဗက်တို့သည် သားများဖြစ်သောအာရုန်နှင့်မောရှေ၊ သမီး ဖြစ်သောမိရိအံတို့ကိုရကြသည်။- Judson Bible အာမရံ၏မယားကား၊ အဲဂုတ္တုပြည်၌ လေဝိမယားဖွားမြင်သော လေဝိ၏သမီးယောခေဗက်တည်း။ ထိုမိန်းမသည် အာမရံ၏မယားဖြစ်၍၊ အာရုန်၊ မောရှေ၊ နှမမိရိအံတို့ကိုဖွားမြင်လေ၏။ |
အာရုန်၏အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကိုကိုင်လျက် မိန်းမအပေါင်းတို့သည်လည်း ပတ်သာတီးလျက်၊ ကခုန်လျက် သူ့နောက်သို့လိုက်သွားကြ၏။
သူငယ်၏အစ်မသည်လည်း သူငယ်၌ မည်သို့ဖြစ်မည်ကိုသိမြင်နိုင်ရန် အဝေးမှရပ်ကြည့်နေ၏။
အာမရံသည် မိမိ၏အရီးယောခေဗက်နှင့်စုံဖက်၍ ထိုမိန်းမသည် သူ့အတွက် အာရုန်နှင့်မောရှေ တို့ကိုမွေးဖွားပေး၏။ အာမရံအသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်ခုနစ်နှစ်ဖြစ်၏။
သင့်ဖခင်၏အစ်မ၊ သို့မဟုတ် နှမနှင့်ဆက်ဆံခြင်းကိုမပြုရ။ သူသည် သင့်ဖခင်နှင့်ဆွေမျိုးနီးစပ်သူဖြစ်၏။
မောရှေသည် ကုရှိအမျိုးသမီးတစ်ယောက်နှင့်စုံဖက်သဖြင့် ထိုကုရှိအမျိုးသမီးနှင့်ပတ်သက်၍ မိရိအံနှင့်အာရုန်သည် မောရှေအား ဆန့်ကျင်ပြောဆိုကြ၏။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ပထမလ၌ ဇိနတောကန္တာရသို့ရောက်လာ၍ သူတို့သည် ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သူ့ကို ထိုအရပ်မှာပင် သင်္ဂြိုဟ်ကြ၏။