တောလည် 26:11 - မြန်မာ့စံမီသမ္မာကျမ်း ကောရ၏သားတို့မူကား အသတ်မခံရကြ။ Common Language Bible သို့ရာတွင်ကောရ၏သားများသည်သေ ဘေးမှလွတ်ကြ၏။) Garrad Bible ထို သို့ ဖြစ် သော် လည်း ကော ရ၏ သား တို့ သည် သေ ဒဏ် မ ခံ ရ ချေ။ Judson Bible သို့ရာတွင် ကောရ၏သားသမီးတို့သည် သေဘေးနှင့် လွတ်ကြ၏။ |
ကောရေ၏မြစ်၊ ဧဗျာသပ်၏မြေး၊ ကောရ၏သား ရှလ္လုံနှင့် သူ၏ဘိုးဘေးအိမ်ထောင်စုမှ ဆွေမျိုးသားချင်းဖြစ်သော ကောရအမျိုးတို့သည် တဲတော်တံခါး စောင့်ကြပ်သောအမှုကို ထမ်းဆောင်ရသူများ ဖြစ်၏။ သူတို့၏ဘိုးဘေးများသည်လည်း ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်ဝင်ပေါက်ကို စောင့်ကြပ်ခဲ့ရသူများ ဖြစ်၏။
သမင်ဒရယ်သည် ရေစီးသောချောင်းတို့ကိုတောင့်တသကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုတောင့်တပါ၏ဘုရား။
အို ဘုရားသခင်၊ အကျွန်ုပ်တို့၏ဘိုးဘေးတို့က သူတို့လက်ထက် ရှေးကာလ၌ ကိုယ်တော်ပြုတော်မူသောအမှုကို အကျွန်ုပ်တို့အားပြောပြကြ၍ အကျွန်ုပ်တို့၏နားဖြင့် ကြားရကြပါ၏။
ငါ့စိတ်နှလုံးသည် ကောင်းမြတ်သောစကားနှင့် ပြည့်လျှံလျက်ရှိ၏။ ရှင်ဘုရင်အတွက် ငါစီကုံးသောအရာများကို ငါရွတ်ဆိုမည်။ ငါ့လျှာသည် ကျွမ်းကျင်သောစာရေးဆရာ၏ ကလောင်တံကဲ့သို့ဖြစ်၏။
ဘုရားသခင်သည် ငါတို့၏ခိုလှုံရာနှင့် အစွမ်းသတ္တိဖြစ်တော်မူ၏။ ဆင်းရဲဒုက္ခရောက်သောအခါ အမှန်တကယ်တွေ့ရသည့် ကူညီမစသောအရှင်ဖြစ်တော်မူ၏။
လူမျိုးအပေါင်းတို့၊ လက်ခုပ်တီးကြလော့။ ရွှင်လန်းစွာကြွေးကြော်သောအသံဖြင့် ဘုရားသခင်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
ထာဝရဘုရားသည် ကြီးမြတ်တော်မူ၍ ငါတို့ဘုရားသခင်၏မြို့တော်၌ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူ၏။ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်သည်
လူမျိုးအပေါင်းတို့၊ ဤအရာကိုနားထောင်ကြလော့။ ကမ္ဘာလောက၌နေထိုင်သူအပေါင်းတို့၊ စူးစိုက်နားထောင်ကြလော့။
ဘုန်းတန်ခိုးရှင်ဘုရားသခင် ထာဝရဘုရားသည် အမိန့်တော်ရှိ၍ နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် ကမ္ဘာမြေကိုဆင့်ခေါ်တော်မူ၏။
ကောရ၏သားများမှာ အဿိရ၊ ဧလကာနနှင့် အဗျာသပ် တို့ဖြစ်ကြ၏။ ဤသည်ကား ကောရအမျိုး၏မျိုးနွယ်စုဖြစ်၏။
လူတို့သည် ကောရ၊ ဒါသန်၊ အဘိရံတို့၏တဲနှင့် ဝေးဝေးနေကြလေ၏။ ဒါသန်နှင့်အဘိရံသည်လည်း မိမိတို့၏သားမယားများနှင့် ကလေးငယ်များပါထွက်လာ၍ တဲအဝင်ဝ၌ ရပ်နေကြ၏။
မြေကြီးသည် မိမိခံတွင်းကို ဖွင့်၍ သူတို့နှင့်သူတို့၏အိမ်သူအိမ်သားများ၊ ကောရနှင့်ဆိုင်သောသူရှိသမျှ၊ သူတို့၏ဥစ္စာရှိသမျှတို့ကို မျိုလေ၏။
ထိုသူတို့သည် သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့နှင့်အတူ မရဏာနိုင်ငံသို့ အရှင်လတ်လတ်ဆင်းသွားကြရ၏။ မြေကြီးသည် ပြန်ပိတ်သွားလေ၏။ သူတို့သည် လူအစုအဝေးထဲမှ ပျောက်ကွယ်သွားလေ၏။
ထို့နောက် မောရှေက ကောရနှင့်သူ၏အပေါင်းပါအားလုံးတို့အား “မည်သူသည် ထာဝရဘုရား၏လူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် သန့်ရှင်းသောသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် ကိုယ်တော်ထံသို့ချဉ်းကပ်ခွင့်ရမည်ကိုလည်းကောင်း မနက်ဖြန်နံနက် ထာဝရဘုရားဖော်ပြတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိရွေးချယ်တော်မူသောသူကို မိမိထံသို့ ချဉ်းကပ်ခွင့်ပေးတော်မူလိမ့်မည်။
မျိုးနွယ်စုအလိုက် ရှိမောင်၏အမျိုးအနွယ်များကား နေမွေလမှဆင်းသက်သော နေမွေလမျိုးနွယ်စု၊ ယာမိန်မှဆင်းသက်သော ယာမိန်မျိုးနွယ်စု၊ ယာခိန်မှဆင်းသက်သော ယာခိန်မျိုးနွယ်စု၊
မြေကြီးသည် မိမိခံတွင်းကိုဖွင့်လျက် အစ္စရေးအမျိုးသားအပေါင်းတို့အလယ်၌ ရုဗင်သားမြေး၊ ဧလျာဘ၏သားများဖြစ်သော ဒါသန်နှင့်အဘိရံတို့နှင့်တကွ သူတို့၏အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့ကိုမျိုခဲ့ပုံ စသည်တို့ကို ယနေ့ သင်တို့အောက်မေ့ကြလော့။
ဖခင်သည် သားသမီးအပြစ်ကြောင့် သေဒဏ်မခံရ။ သားသမီးသည်လည်း ဖခင်အပြစ်ကြောင့် သေဒဏ်မခံရ။ လူတိုင်း မိမိအပြစ်ကြောင့် သေဒဏ်ခံရမည်။