အစ္စရေးအမျိုးသားတို့သည် သူတို့အခြေချနေထိုင်မည့်ပြည်သို့မရောက်မချင်း အနှစ်လေးဆယ်ပတ်လုံး မန္နမုန့်ကိုစားကြ၏။ သူတို့သည် ခါနာန်ပြည်နယ်နိမိတ်သို့မရောက်မချင်း မန္နမုန့်ကိုစားကြ၏။
တောလည် 26:10 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မြေကြီးသည် မိမိခံတွင်းကို ဖွင့်၍ ကောရနှင့်အတူ သူတို့ကိုမျို၏။ ထိုသို့ ကောရနှင့်သူ၏အပေါင်းပါများသေကြ၏။ လူအယောက်နှစ်ရာ့ငါးဆယ်ကိုလည်း မီးလောင်ကျွမ်းလေ၏။ ထိုသူတို့သည် သတိပြုစရာသက်သေဖြစ်ကြ၏။ Common Language Bible ထို့ကြောင့်သူတို့သည်ကောရ၏နောက်လိုက် များနှင့်အတူမြေမျိုခံရ၏။ ထိုနေ့၌ လောင်မီးကျ၍ လူပေါင်းနှစ်ရာ့ငါးဆယ် အသက်ဆုံးခဲ့ရသည်။ ထိုအဖြစ်အပျက် ကလူအပေါင်းတို့ကိုသတိတရားရစေ၏။- Garrad Bible သက် သေ မော် ကွန်း အ ဖြစ် လူ ပေါင်း နှစ် ရာ့ ငါး ဆယ် ကို မီး ကျွမ်း လောင် သည့် ကာ လ၊ သေ ဒဏ် ခံ သော ကော ရ အ ပေါင်း အ သင်း နှင့် တ ကွ မြေ ခံ တွင်း ဟ လျက် မျို စား ခံ ရ သူ တို့ ပင် တည်း။ Judson Bible မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့ကိုလည်းကောင်း၊ ကောရကိုလည်းကောင်းမျိုသဖြင့်၊ ထိုအပေါင်းအသင်းဝင်သူတို့သည် သေကြ၏။ မီးသည်လည်း လူနှစ်ရာငါးဆယ်တို့ကို အသက်ဆုံးစေ၏။ ထိုသူတို့သည် သတိပေးသော သက်သေဖြစ်သတည်း။ |
အစ္စရေးအမျိုးသားတို့သည် သူတို့အခြေချနေထိုင်မည့်ပြည်သို့မရောက်မချင်း အနှစ်လေးဆယ်ပတ်လုံး မန္နမုန့်ကိုစားကြ၏။ သူတို့သည် ခါနာန်ပြည်နယ်နိမိတ်သို့မရောက်မချင်း မန္နမုန့်ကိုစားကြ၏။
ထိုသူတို့ကြောင့် ဘေဘီလုံမြို့ရှိ ဖမ်းခေါ်သွားခြင်းခံရသောယုဒလူအပေါင်းတို့က ‘ဇေဒကိနှင့် အာဟပ်ကို ဘေဘီလုံဘုရင် မီးရှို့သတ်သကဲ့သို့ သင့်ကို ထာဝရဘုရားပြုပါစေ’ဟု အချင်းချင်းကျိန်ဆဲရာတွင် ခိုင်းနှိုင်းကျိန်ဆဲကြလိမ့်မည်ဟူ၍ မိန့်တော်မူ၏။
သူ့ကိုမျက်နှာလွှဲ၍ အမှတ်သညာပြုစရာ၊ ပုံခိုင်းစရာ ဖြစ်စေမည်။ ငါ့လူမျိုးတော်ထဲမှဖယ်ထုတ်ပစ်မည်။ ထိုမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
လူအစုအဝေးထဲမှ ရွေးကောက်တင်မြှောက်ထားသည့် နာမည်ကျော်စောသော အစ္စရေးအမျိုးသား လူထုခေါင်းဆောင် အယောက်နှစ်ရာ့ငါးဆယ်တို့နှင့်အတူ မောရှေအား ဆန့်ကျင်ကြ၏။
အသက်ဆုံးရှုံးသွားသော ထိုအပြစ်သားတို့၏မီးကျီးခံဗန်းတို့သည် ထာဝရဘုရားရှေ့တော်၌ ပူဇော်ပြီးဖြစ်၍ သန့်ရှင်းသောကြောင့် အပြားခတ်ပြီး ယဇ်ပလ္လင်ကိုအုပ်ထားရမည်။ ၎င်းသည် အစ္စရေးအမျိုးသားတို့အတွက် အမှတ်လက္ခဏာအဖြစ်ရှိရမည်”ဟု မိန့်တော်မူ၏။
အာရုန်၏အမည်ကို လေဝိအမျိုး၏တောင်ဝှေးပေါ်၌ ရေးရမည်။ ဘိုးဘေးတို့၏အမျိုးအနွယ်အကြီးအမှူးတစ်ဦးလျှင် တောင်ဝှေးတစ်ချောင်းစီရှိရမည်။
“အကျွန်ုပ်တို့၏ဖခင်သည် တောကန္တာရ၌ သေဆုံးသွားပါ၏။ ထာဝရဘုရားကိုဆန့်ကျင်လျက်စုဝေးသောလူထုဖြစ်သည့် ကောရ၏အပေါင်းပါများထဲတွင် သူ မပါဝင်ခဲ့ပါ။ သူ့အပြစ်ကြောင့် သူသေဆုံးသွားပါ၏။ သူ၌ သားမရှိပါ။
မြေကြီးသည် မိမိခံတွင်းကိုဖွင့်လျက် အစ္စရေးအမျိုးသားအပေါင်းတို့အလယ်၌ ရုဗင်သားမြေး၊ ဧလျာဘ၏သားများဖြစ်သော ဒါသန်နှင့်အဘိရံတို့နှင့်တကွ သူတို့၏အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့ကိုမျိုခဲ့ပုံ စသည်တို့ကို ယနေ့ သင်တို့အောက်မေ့ကြလော့။
သင်၌လည်းကောင်း၊ သင်၏သားစဉ်မြေးဆက်၌လည်းကောင်း အမှတ်လက္ခဏာအဖြစ်၊ အံ့ဩဖွယ်အဖြစ် အစဉ်အမြဲတည်ရှိလိမ့်မည်။
ထို့ပြင် သောဒုံနှင့်ဂေါမောရမြို့တို့ကို ပြစ်ဒဏ်စီရင်လျက် ပြာပုံအဖြစ်သို့ ပျက်သုဉ်းစေကာ ဘုရားတရားမဲ့ဖြစ်လာမည့်သူတို့အတွက် နမူနာဖြစ်စေတော်မူ၏။
ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် ၎င်းတို့၏ပတ်ဝန်းကျင်မြို့များသည်လည်း ထိုသူတို့နည်းတူ တရားနှင့်မညီမေထုန်ပြုခြင်း၌ကျင်လည်၍ သဘာဝနှင့်ဆန့်ကျင်သော သွေးသားတပ်မက်ခြင်းအလိုသို့လိုက်ကြသဖြင့် ထာဝရမီးနှင့်ဆိုင်သော အပြစ်ဒဏ်ကိုခံရလျက် သင်ခန်းစာယူစရာဖြစ်လာကြ၏။
သင့်အဖို့ နိမိတ်လက္ခဏာကား သင့်သားနှစ်ဦးဖြစ်သော ဟောဖနိနှင့် ဖိနဟတ်တို့၌ ဖြစ်ပျက်မည့်အရာဖြစ်၏။ သူတို့နှစ်ဦးစလုံးသည် တစ်နေ့ချင်းတွင် သေရလိမ့်မည်။