တောလည် 26:10 - Common Language Bible10 ထို့ကြောင့်သူတို့သည်ကောရ၏နောက်လိုက် များနှင့်အတူမြေမျိုခံရ၏။ ထိုနေ့၌ လောင်မီးကျ၍ လူပေါင်းနှစ်ရာ့ငါးဆယ် အသက်ဆုံးခဲ့ရသည်။ ထိုအဖြစ်အပျက် ကလူအပေါင်းတို့ကိုသတိတရားရစေ၏။- အခန်းကိုကြည့်ပါ။Garrad Bible10 သက် သေ မော် ကွန်း အ ဖြစ် လူ ပေါင်း နှစ် ရာ့ ငါး ဆယ် ကို မီး ကျွမ်း လောင် သည့် ကာ လ၊ သေ ဒဏ် ခံ သော ကော ရ အ ပေါင်း အ သင်း နှင့် တ ကွ မြေ ခံ တွင်း ဟ လျက် မျို စား ခံ ရ သူ တို့ ပင် တည်း။ အခန်းကိုကြည့်ပါ။Judson Bible10 မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့ကိုလည်းကောင်း၊ ကောရကိုလည်းကောင်းမျိုသဖြင့်၊ ထိုအပေါင်းအသင်းဝင်သူတို့သည် သေကြ၏။ မီးသည်လည်း လူနှစ်ရာငါးဆယ်တို့ကို အသက်ဆုံးစေ၏။ ထိုသူတို့သည် သတိပေးသော သက်သေဖြစ်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ထို့ကြောင့် မြေကြီးသည် မိမိခံတွင်းကို ဖွင့်၍ ကောရနှင့်အတူ သူတို့ကိုမျို၏။ ထိုသို့ ကောရနှင့်သူ၏အပေါင်းပါများသေကြ၏။ လူအယောက်နှစ်ရာ့ငါးဆယ်ကိုလည်း မီးလောင်ကျွမ်းလေ၏။ ထိုသူတို့သည် သတိပြုစရာသက်သေဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏ယဇ်ပလ္လင်တွင်နံ့သာပေါင်း မီးရှို့ဆက်သရာ မီးကျီးခံအိုးများကို အသုံးပြုသောကြောင့် ယင်းတို့သည်ဆက် ကပ်ထားသောပစ္စည်းများဖြစ်၏။ သို့ဖြစ်၍ မိမိတို့၏အပြစ်ကြောင့်သေဆုံးရသူ တို့ထံမှ မီးကျီးခံအိုးများကိုယူပြီး လျှင်အပြားခတ်၍ယဇ်ပလ္လင်ကိုဖုံးအုပ် လော့။ ထိုကြေးဝါပြားသည်ဣသရေလ အမျိုးသားတို့အားသတိတရား ရစေလိမ့်မည်'' ဟုမိန့်တော်မူ၏။-
သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုလည်း ကောင်း၊ ထိုမြို့များ၏ပတ်ဝန်းကျင်ရှိမြို့များ ကိုလည်းကောင်းသတိရကြလော့။ ထိုမြို့ တို့မှမြို့သူမြို့သားတို့သည်အဆိုပါ ကောင်းကင်တမန်များကဲ့သို့ ကာမဂုဏ် လိုက်စား၍သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကိုလိုက်စားခဲ့ကြ၏။ လူ အပေါင်းတို့အားရှင်းလင်းပြတ်သားစွာ သတိပေးသည့်အနေဖြင့် သူတို့သည် ထာဝရတောက်လောင်သောမီးတွင်အပြစ် ဒဏ်ကိုခံရကြသည်။