တောလည် 25:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဖိနဟတ်အား ‘ငါ၏ငြိမ်သက်ခြင်းပဋိညာဉ်ကို သူ့အား ငါပေး၏။ Common Language Bible ထို့ကြောင့်ငါသည်ထာဝစဉ်တည်မည့်ပဋိ ညာဉ်ကို သူနှင့်ပြုလုပ်မည်ဖြစ်ကြောင်းသူ့ အားပြောလော့။- Garrad Bible သို့ နှင့် အ ညီ ကိုယ့် ဘု ရား သ ခင် အ တွက် မ ရှု စိတ် လျက် ဣ သ ရေ လ အ မျိုး သား တို့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု သော ကြောင့် ထို သူ နှင့် သား စဉ် မြေး ဆက် တို့ အား ပ ရော ဟိတ် ရာ ထူး ဆိုင် ရာ မ ဟာ မိတ် ပ ဋိ ညာဉ် ကို ငါ အ မြဲ ဖွဲ့ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။ Judson Bible သို့ဖြစ်၍သင်ပြောရသည်ကား၊ ငါ၏ချမ်းသာပဋိညာဉ်ကို သူ့အားငါပေး၏။ |
ထိုအမှုကြောင့် သူသည် မျိုးဆက်အစဉ်အဆက် အစဉ်အမြဲဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခြင်းခံရ၏။
တောင်ကြီးတို့သည်ရွေ့သွား၍ တောင်ငယ်တို့သည် တုန်လှုပ်ကြလျှင်လည်း ငါ၏မေတ္တာကရုဏာသည် သင့်ထံမှမရွေ့ရ။ ငြိမ်သက်ခြင်းနှင့်ဆိုင်သည့် ငါ၏ပဋိညာဉ်သည်လည်း မရွေ့ရ”ဟု မိန့်တော်မူ၏။
ထို့ပြင် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကို ဖွဲ့မည်။ ထိုပြည်ရှိ သားရဲတိရစ္ဆာန်တို့ကို ဖယ်ရှားမည်။ သူတို့သည် တောကန္တာရထဲတွင် ဘေးကင်းလုံခြုံစွာနေရမည်။ တောအုပ်ထဲတွင် အိပ်ရလိမ့်မည်။
ငါသည် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကိုဖွဲ့၍ ထိုပဋိညာဉ်သည် ထာဝရပဋိညာဉ်ဖြစ်မည်။ သူတို့ကို နေရာချထားမည်။ သူတို့ကို တိုးပွားစေမည်။ ငါ၏သန့်ရှင်းရာဌာနကို သူတို့အလယ်တွင် အစဉ်တည်စေမည်။
သို့သော် သင်တို့ လမ်းလွဲလေပြီ။ သင်တို့၏သွန်သင်ချက်များဖြင့် လူအများကို ခလုတ်တိုက်လဲကျစေပြီ။ လေဝိအမျိုးနှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို သင်တို့ ချိုးဖောက်လေပြီ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏စေတမန်ကို ငါစေလွှတ်မည်။ သူသည် ငါသွားရမည့်လမ်းကို ကြိုတင်ပြင်ဆင်လိမ့်မည်။ သင်တို့ရှာဖွေသောအရှင်သခင်သည် ဗိမာန်တော်သို့ ချက်ချင်းကြွလာလိမ့်မည်။ ကြည့်ရှုလော့။ သင်တို့အလိုရှိသောပဋိညာဉ်တမန်သည်လည်း ကြွလာနေပြီ”ဟု မိန့်တော်မူ၏။
အာမလက်လူမျိုးတို့သည် နေဂေ့အရပ်၌ နေထိုင်ကြ၏။ ဟိတ္တိလူမျိုး၊ ယေဗုသိလူမျိုးနှင့် အာမောရိလူမျိုးတို့သည် တောင်ပေါ်ဒေသ၌ နေထိုင်ကြ၏။ ခါနာန်လူမျိုးတို့သည် ပင်လယ်ကမ်းနားဒေသနှင့်ဂျော်ဒန်မြစ်ကမ်းနားတစ်လျှောက်တွင် နေထိုင်ကြ၏”ဟု ဆိုကြ၏။