တောလည် 25:12 - Common Language Bible12 ထို့ကြောင့်ငါသည်ထာဝစဉ်တည်မည့်ပဋိ ညာဉ်ကို သူနှင့်ပြုလုပ်မည်ဖြစ်ကြောင်းသူ့ အားပြောလော့။- အခန်းကိုကြည့်ပါ။Garrad Bible12-13 သို့ နှင့် အ ညီ ကိုယ့် ဘု ရား သ ခင် အ တွက် မ ရှု စိတ် လျက် ဣ သ ရေ လ အ မျိုး သား တို့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု သော ကြောင့် ထို သူ နှင့် သား စဉ် မြေး ဆက် တို့ အား ပ ရော ဟိတ် ရာ ထူး ဆိုင် ရာ မ ဟာ မိတ် ပ ဋိ ညာဉ် ကို ငါ အ မြဲ ဖွဲ့ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible12 သို့ဖြစ်၍သင်ပြောရသည်ကား၊ ငါ၏ချမ်းသာပဋိညာဉ်ကို သူ့အားငါပေး၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ထို့ကြောင့် ဖိနဟတ်အား ‘ငါ၏ငြိမ်သက်ခြင်းပဋိညာဉ်ကို သူ့အား ငါပေး၏။ အခန်းကိုကြည့်ပါ။ |
တောင်ကြီးတောင်ငယ်တို့သည်ပြိုကွဲ ပျက်စီးကြလိမ့်မည်။ သို့ရာတွင်သင်တို့အပေါ်၌ထားရှိသည့် ငါ၏မေတ္တာတော်သည်အဘယ်အခါ၌မျှ ပျက်သုဉ်းလိမ့်မည်မဟုတ်။ ငြိမ်းချမ်းရေးဆိုင်ရာကတိတော်ကိုငါသည် အစဉ်တည်မြဲစေမည်'' ဟု သင်တို့ကိုချစ်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
သူတို့၏လုံခြုံရေးကိုစိတ်ချရစေရန်ငါ သည်သူတို့နှင့်ပဋိညာဉ်ပြုတော်မူမည်။ ကြောက်မက်ဖွယ်ကောင်းသည့်သားရဲတိရစ္ဆာန် အပေါင်းကိုပြည်တွင်းမှဖယ်ရှားပစ်မည်။ သို့မှသာလျှင်ငါ၏သိုးတို့သည်ဘေးမဲ့ လုံခြုံစွာတောကန္တာရများ၌နေရကြ ၍ တောများတွင်အိပ်ရကြလိမ့်မည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မိမိ၏တမန်တော်ကိုစေလွှတ်၍ ငါ့ အဖို့လမ်းခရီးကိုပြင်ဆင်စေမည်။ ထို နောက်သင်တို့စောင့်မျှော်နေသောထာဝရ ဘုရားသည် မိမိ၏ဗိမာန်တော်သို့ကြွလာ တော်မူလိမ့်မည်။ သင်တို့စောင့်မျှော်နေသော တမန်တော်သည်လာ၍ ငါ၏ပဋိညာဉ်တော် ကိုဖော်ပြကြေညာလိမ့်မည်'' ဟုမိန့်တော် မူ၏။
အာမလက်အမျိုးသားတို့သည်ထိုပြည်၏ တောင်ပိုင်းတွင်နေထိုင်၍ ဟိတ္တိအမျိုးသား၊ ယေဗုသိအမျိုးသား၊ အာမောရိအမျိုးသား တို့သည်တောင်ကုန်းများပေါ်၌လည်းကောင်း၊ ခါနာန်အမျိုးသားတို့သည်မြေထဲပင် လယ်ကမ်းခြေနှင့်ယော်ဒန်မြစ်ဝှမ်းတစ် လျှောက်၌လည်းနေထိုင်ကြပါသည်'' ဟု ဆိုကြ၏။