သို့သော် ဘုရားသခင်၏လူက ရှင်ဘုရင်အား “အကျွန်ုပ်အား နန်းတော်တစ်ဝက်ပေးလျှင်ပင် အကျွန်ုပ်မလိုက်နိုင်ပါ။ ဤအရပ်၌ အစာကိုလည်း မစား၊ ရေကိုလည်း မသောက်ပါ။
တောလည် 24:13 - မြန်မာ့စံမီသမ္မာကျမ်း ‘ဗာလက်မင်းကြီးသည် ရွှေငွေနှင့်ပြည့်သော သူ၏နန်းတော်ကို ငါ့အားပေးလျှင်လည်း ငါသည် ထာဝရဘုရား၏အမိန့်တော်ကိုလွန်ဆန်၍ ကောင်းသောအမှုကိုဖြစ်စေ၊ ဆိုးသောအမှုကိုဖြစ်စေ ငါမပြုဝံ့။ ထာဝရဘုရား မိန့်တော်မူသောစကားကိုသာ ငါပြောမည်’ဟု ငါဆိုခဲ့သည်မဟုတ်လော။ Judson Bible ထာဝရဘုရား၏ပညတ်တော်ကို လွန်ကျူး၍ ကောင်းသောအမှု၊ မကောင်းသောအမှုတစ်စုံတစ်ခုကို ကိုယ်အလိုအလျောက် ငါမပြုနိုင်။ ထာဝရဘုရားမိန့်တော်မူသမျှကို ငါပြောပါမည်ဟု မင်းကြီးစေလွှတ်သော သံတမန်တို့အား ငါပြောနှင့်ပြီမဟုတ်လော။ |
သို့သော် ဘုရားသခင်၏လူက ရှင်ဘုရင်အား “အကျွန်ုပ်အား နန်းတော်တစ်ဝက်ပေးလျှင်ပင် အကျွန်ုပ်မလိုက်နိုင်ပါ။ ဤအရပ်၌ အစာကိုလည်း မစား၊ ရေကိုလည်း မသောက်ပါ။
သို့သော် မိက္ခာယက “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ ငါ့အား ထာဝရဘုရားမိန့်တော်မူသောအရာကိုသာ ငါဟောမည်”ဟု ပြန်ပြော၏။
မောရှေက သူတို့အား “ဤအမှုအားလုံးကို ငါ့စိတ်သဘောအတိုင်း ငါပြုသည်မဟုတ်၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူ၍ ငါပြုခြင်းဖြစ်ကြောင်း ဤနည်းဖြင့် သင်တို့ သိကြရမည်။
သို့သော် ဗာလမ်က ဗာလက်မင်းကြီး၏အစေအပါးတို့အား “ဗာလက်မင်းကြီးသည် ရွှေငွေနှင့်ပြည့်သော သူ၏နန်းတော်ကို ငါ့အားပေးလျှင်လည်း ငါသည် ငါ၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကိုလွန်ဆန်၍ ငယ်သောအမှုကိုဖြစ်စေ၊ ကြီးသောအမှုကိုဖြစ်စေ ငါမပြုဝံ့။
ညအချိန်၌ ဘုရားသခင်သည် ဗာလမ်ထံသို့လာ၍ “ဤလူတို့သည် သင့်ကိုခေါ်ရန်လာခြင်းဖြစ်လျှင် ထ၍ သူတို့နှင့်အတူလိုက်သွားလော့။ သို့ရာတွင် သင့်အား ငါမိန့်ဆိုသောအရာကိုသာ သင်ပြုရမည်”ဟု မိန့်တော်မူ၏။
ဗာလမ်ကလည်း သူတို့အား “ဤနေရာတွင် ညအိပ်နားကြဦးလော့။ ငါ့အား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သင်တို့အား ငါပြန်ပြောမည်”ဟု ဆိုလေ၏။ သို့ဖြစ်၍ မောဘလူမျိုးတို့၏အကြီးအကဲတို့သည် ဗာလမ်ထံ၌နေကြ၏။