သင်သည် သူနှင့်စကားပြော၍ သူ့နှုတ်ထဲသို့ စကားများကိုထည့်ရမည်။ သင်၏နှုတ်နှင့်လည်းကောင်း၊ သူ၏နှုတ်နှင့်လည်းကောင်း ငါအတူရှိမည်။ သင်တို့ပြုရမည့်အရာကို သင်တို့အား ငါသွန်သင်မည်။
တောလည် 23:5 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ဗာလမ်၏နှုတ်၌စကားကိုသွင်းပေးတော်မူပြီးလျှင် “ဗာလက်မင်းကြီးထံသို့ ပြန်သွား၍ ဤစကားကိုပြောလော့”ဟု မိန့်တော်မူ၏။ Common Language Bible ထာဝရဘုရားသည်ဗာလက်အား ဆင့်ဆို ရမည့်စကားကိုမိန့်ကြားပြီးလျှင်ဗာလမ် ကိုဗာလက်ထံသို့ပြန်စေတော်မူ၏။- Garrad Bible ထာ ဝ ရ ဘု ရား သည် ဗာ လမ့် နှုတ် တွင် ဗျာ ဒိတ် ချက် ကို ထည့် သွင်း၍ ဗာ လက် မင်း ထံ ပြန် သွား လျက် ထို အ တိုင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ လျှင်၊ Judson Bible ထာဝရဘုရားသည် ဗာလမ်နှုတ်၌ စကားကိုထားလျက်၊ သင်သည် ဗာလက်မင်းထံသို့ပြန်၍ ဤသို့ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊ |
သင်သည် သူနှင့်စကားပြော၍ သူ့နှုတ်ထဲသို့ စကားများကိုထည့်ရမည်။ သင်၏နှုတ်နှင့်လည်းကောင်း၊ သူ၏နှုတ်နှင့်လည်းကောင်း ငါအတူရှိမည်။ သင်တို့ပြုရမည့်အရာကို သင်တို့အား ငါသွန်သင်မည်။
စိတ်နှလုံး၏တွေးတောကြံစည်မှုတို့သည် လူနှင့်ဆိုင်၏။ လျှာဖြေကြားသောစကားမူကား ထာဝရဘုရားထံတော်မှလာ၏။
လူ၏စိတ်နှလုံးသည် မိမိသွားရာလမ်းကို ကြံစည်တတ်၏။ သို့သော် ထာဝရဘုရားသည် သူ၏ခြေလှမ်းများကို တည့်မတ်စေတော်မူမည်။
မိုးကောင်းကင်ကိုနေရာချထားရန်၊ ကမ္ဘာမြေကြီးကို အုတ်မြစ်ချထားရန်နှင့် ဇိအုန်မြို့သားအား ‘သင်သည် ငါ၏လူမျိုးတော်ဖြစ်၏’ဟု ပြောကြားရန် သင့်နှုတ်၌ ငါ့စကားကို သွင်းထားပြီ။ သင့်ကို ငါ့လက်အရိပ်ဖြင့် မိုးထားပြီ”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ဤသည်ကား သူတို့နှင့်ပြုသော ငါ၏ပဋိညာဉ်ဖြစ်၏။ သင်၌တည်နေသောငါ၏ဝိညာဉ်တော်၊ သင့်နှုတ်၌ငါထားသော ငါ၏နှုတ်ကပတ်တော်သည် သင့်နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်၏နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်အဆက်ဆက်၏နှုတ်မှလည်းကောင်း ယခုမှစ၍ ကာလအစဉ်အဆက် တည်ရှိမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် လက်တော်ကိုဆန့်၍ ငါ၏နှုတ်ကိုတို့တော်မူ၏။ ထို့နောက် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏နှုတ်ကပတ်တော်ကို သင့်နှုတ်၌ ငါထားပြီ။
ညအချိန်၌ ဘုရားသခင်သည် ဗာလမ်ထံသို့လာ၍ “ဤလူတို့သည် သင့်ကိုခေါ်ရန်လာခြင်းဖြစ်လျှင် ထ၍ သူတို့နှင့်အတူလိုက်သွားလော့။ သို့ရာတွင် သင့်အား ငါမိန့်ဆိုသောအရာကိုသာ သင်ပြုရမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း ဗာလမ်အား “ဤလူတို့နှင့်အတူလိုက်သွားလော့။ သို့ရာတွင် သင့်အား ငါပြောသောစကားအတိုင်းသာ သင်ပြန်ပြောရမည်”ဟု ဆို၏။ သို့ဖြစ်၍ ဗာလမ်သည် ဗာလက်မင်းကြီး၏မှူးမတ်တို့နှင့်အတူ လိုက်သွားလေ၏။
ထာဝရဘုရားသည် ဗာလမ်နှင့်တွေ့၍ ဗာလမ်၏နှုတ်၌စကားကိုသွင်းပေးတော်မူပြီး “ဗာလက်မင်းကြီးထံသို့ ပြန်သွား၍ ဤစကားကိုပြောလော့”ဟု မိန့်တော်မူ၏။
ဘုရားသခင်နှင့် တွေ့လေ၏။ ထိုအခါ ဗာလမ်က ဘုရားသခင်အား “အကျွန်ုပ်သည် ယဇ်ပလ္လင်ခုနစ်ခုကိုပြင်ဆင်၍ ထိုယဇ်ပလ္လင်တစ်ခုစီ၌ နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင်ကိုပူဇော်ပါပြီ”ဟု လျှောက်လေ၏။
ဗာလမ်သည် ဗာလက်မင်းကြီးရှိရာသို့ ပြန်ရောက်သောအခါ ဗာလက်မင်းကြီးသည် မောဘလူမျိုးအကြီးအကဲအပေါင်းတို့နှင့်အတူ မီးရှို့ရာယဇ်နား၌ ရပ်နေသည်ကို တွေ့ရ၏။
အကြောင်းမူကား သန့်ရှင်းသောဝိညာဉ်တော်သည် ပြောဆိုရမည့်အရာတို့ကို ထိုအချိန်နာရီ၌ပင် သင်တို့အားသွန်သင်ပေးတော်မူလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့သော် ဤစကားကို မိမိဆန္ဒအလျောက် သူပြောဆိုသည်မဟုတ်။ သူသည် ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သည်နှင့်အညီ ယေရှုသည် ထိုလူမျိုးအတွက် အသေခံတော်မူမည်ဖြစ်ကြောင်းနှင့်
သူတို့၏အမျိုးသားချင်းများထဲမှ သင်နှင့်တူသောပရောဖက်တစ်ပါးကို သူတို့အတွက် ငါပေါ်ထွန်းစေမည်။ သူ့နှုတ်၌ ငါ့စကားများကို သွင်းပေးမည်ဖြစ်၍ ငါမိန့်မှာသောအရာရှိသမျှကို သူတို့အား ဆင့်ဆိုလိမ့်မည်။