သင်သည် သူနှင့်စကားပြော၍ သူ့နှုတ်ထဲသို့ စကားများကိုထည့်ရမည်။ သင်၏နှုတ်နှင့်လည်းကောင်း၊ သူ၏နှုတ်နှင့်လည်းကောင်း ငါအတူရှိမည်။ သင်တို့ပြုရမည့်အရာကို သင်တို့အား ငါသွန်သင်မည်။
တောလည် 23:12 - မြန်မာ့စံမီသမ္မာကျမ်း ဗာလမ်ကလည်း “ငါ၏နှုတ်၌ ထာဝရဘုရားသွင်းပေးတော်မူသောစကားကိုသာပြောရန် ငါသတိပြုရမည်မဟုတ်လော”ဟု ဆိုလျက် ပြန်ဖြေလေ၏။ Common Language Bible ဗာလမ်က``ထာဝရဘုရားဆင့်ဆိုစေလို သည့်အတိုင်းသာလျှင် ငါဆင့်ဆိုနိုင်သည်'' ဟု ပြန်ဖြေလေ၏။ Garrad Bible ကျွန်ုပ် နှုတ် တွင် ထာ ဝ ရ ဘု ရား ထည့် သွင်း တော် မူ ချက် ကို ဆင့် ဆို ရန် သ တိ မူ အပ် သည် မ ဟုတ် ပါ လော ဟု ပြန် ဆို လေ၏။ Judson Bible ဗာလမ်က၊ ထာဝရဘုရားသည် ငါ့နှုတ်၌ထားတော်မူသောစကားကို ပြောရအောင် ငါသတိမပြုရသလောဟု ပြန်ဆို၏။ |
သင်သည် သူနှင့်စကားပြော၍ သူ့နှုတ်ထဲသို့ စကားများကိုထည့်ရမည်။ သင်၏နှုတ်နှင့်လည်းကောင်း၊ သူ၏နှုတ်နှင့်လည်းကောင်း ငါအတူရှိမည်။ သင်တို့ပြုရမည့်အရာကို သင်တို့အား ငါသွန်သင်မည်။
သူ၏စကားသည် ချိုသော်လည်း သူ့ကိုမယုံနှင့်။ အကြောင်းမူကား သူ၏စိတ်နှလုံးထဲ၌ စက်ဆုပ်ရွံရှာဖွယ်ရာ ခုနစ်ပါးရှိ၏။
ညအချိန်၌ ဘုရားသခင်သည် ဗာလမ်ထံသို့လာ၍ “ဤလူတို့သည် သင့်ကိုခေါ်ရန်လာခြင်းဖြစ်လျှင် ထ၍ သူတို့နှင့်အတူလိုက်သွားလော့။ သို့ရာတွင် သင့်အား ငါမိန့်ဆိုသောအရာကိုသာ သင်ပြုရမည်”ဟု မိန့်တော်မူ၏။
ဗာလမ်ကလည်း ဗာလက်မင်းကြီးအား “ယခု သင့်ထံသို့ငါရောက်လာပြီ။ သို့သော် ငါသည် တစ်စုံတစ်ရာ ပြောခွင့်ရှိသလော။ ငါ့နှုတ်၌ ဘုရားသခင်သွင်းပေးသည့်စကားကိုသာ ငါပြောရမည်”ဟု ပြန်ပြောလေ၏။
ဗာလက်မင်းကြီးကလည်း ဗာလမ်အား “အစ္စရေးလူမျိုးအားလုံးကိုမမြင်ရသော်လည်း သူတို့၏တပ်စခန်းအစွန်အဖျားကိုသာမြင်နိုင်သည့် အခြားတစ်နေရာသို့ ငါနှင့်အတူလိုက်ခဲ့ပါလော့။ ငါ့အတွက် သူတို့ကို ထိုနေရာမှ ကျိန်ဆဲပါလော့”ဟု ဆိုလေ၏။
ကောင်းချီးပေးမည့်အကြောင်း အမိန့်တော်ကို ငါခံရပြီ။ ကိုယ်တော်သည် ကောင်းချီးပေးတော်မူသည်ဖြစ်၍ ထိုကောင်းချီးကို ငါမပြောင်းလဲနိုင်။
ဗာလမ်ကလည်း ဗာလက်မင်းကြီးအား “ငါသည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းသာပြုရမည်ဟု သင့်အား ငါပြောခဲ့သည်မဟုတ်လော”ဟု ပြန်ပြော၏။
ဗာလမ်က ဗာလက်မင်းကြီးအား “သင်၏မီးရှို့ရာယဇ်ဘေး၌ သင်ရပ်နေလော့။ ငါတစ်နေရာသို့သွားမည်။ ထာဝရဘုရားသည် ငါနှင့်လာတွေ့ကောင်းလာတွေ့တော်မူမည်။ ငါ့အား ထာဝရဘုရားဖော်ပြသော မည်သည့်အရာမဆို သင့်အား ငါကြားပြောမည်”ဟု ဆိုပြီးနောက် တောင်ကုန်းပေါ်သို့ တက်သွားရာ
‘ဗာလက်မင်းကြီးသည် ရွှေငွေနှင့်ပြည့်သော သူ၏နန်းတော်ကို ငါ့အားပေးလျှင်လည်း ငါသည် ထာဝရဘုရား၏အမိန့်တော်ကိုလွန်ဆန်၍ ကောင်းသောအမှုကိုဖြစ်စေ၊ ဆိုးသောအမှုကိုဖြစ်စေ ငါမပြုဝံ့။ ထာဝရဘုရား မိန့်တော်မူသောစကားကိုသာ ငါပြောမည်’ဟု ငါဆိုခဲ့သည်မဟုတ်လော။
အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့၏သခင်ခရစ်တော်ကို အစေမခံဘဲ မိမိတို့၏ဝမ်းဗိုက်ကိုသာ အစေခံ၍ ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားတို့ဖြင့် ရိုးစင်းသောသူတို့၏စိတ်နှလုံးကို လှည့်ဖြားတတ်ကြ၏။
သူတို့သည် ဘုရားသခင်ကိုသိသည်ဟု ဝန်ခံကြသော်လည်း သူတို့ပြုသောအမှုများအားဖြင့် ဘုရားသခင်ကိုငြင်းပယ်၍ ရွံရှာဖွယ်ကောင်းသောသူ၊ နာခံခြင်းမရှိသောသူ၊ ကောင်းသောအမှုရှိသမျှနှင့်မထိုက်တန်သောသူများဖြစ်ကြ၏။