ငါသည် သင်၏သားစဉ်မြေးဆက်ကို မြေမှုန့်ကဲ့သို့များပြားစေမည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် မြေမှုန့်ကိုရေတွက်နိုင်လျှင် သင်၏သားစဉ်မြေးဆက်ကိုလည်း ရေတွက်နိုင်လိမ့်မည်။
တောလည် 23:10 - မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်အမျိုးမြေမှုန့်ကို မည်သူရေတွက်နိုင်မည်နည်း။ အစ္စရေးလူမျိုး၏လေးပုံတစ်ပုံကို မည်သူရေတွက်နိုင်မည်နည်း။ ဖြောင့်မှန်သောသူတို့သေသကဲ့သို့ ငါသေပါရစေ။ ငါ၏နိဂုံးသည်လည်း သူ၏နိဂုံးကဲ့သို့ဖြစ်ပါစေ”ဟု ဆိုလေ၏။ Common Language Bible ဣသရေလအဆက်အနွယ်တို့သည်များပြား လှသဖြင့် မြေမှုန့်ကိုမရေမတွက်နိုင်သကဲ့သို့၊ သူတို့ကိုမရေမတွက်နိုင်။ ဘုရားသခင်၏လူစုဝင်တစ်ယောက်ကဲ့သို့ သေရပါလို၏။ ဖြောင့်မတ်သောသူကဲ့သို့ငြိမ်းချမ်းစွာသေရ ပါလို၏။'' Garrad Bible မြေ မုန့် နှင့် အ မျှ များ သော ယာ ကုပ် အ မျိုး ကို မည် သူ ရေ တွက် နိုင် သ နည်း။ ဣ သ ရေ လ အ နွယ် တစ် စိတ် ကို မည် သူ စာ ရင်း ကောက် နိုင် သ နည်း။ ငါ သည် ထို ဖြောင့် သူ တို့ သေ ခြင်း မျိုး ကို လည်း ကောင်း၊ အို ခြင်း မျိုး ကို လည်း ကောင်း ခံ စား ရ ပါ စေ သော ဟု ဆို သော်၊ Judson Bible ယာကုပ်အမျိုးမြေမှုန့်ကို အဘယ်သူရေတွက်နိုင်သနည်း။ ဣသရေလအမျိုးလေးစုတစ်စုကိုမျှ အဘယ်သူရေတွက်နိုင်သနည်း။ ဖြောင့်မတ်သောသူသေသကဲ့သို့ ငါသေပါစေသော။ ငါ့အဆုံးသည် သူ၏အဆုံးကဲ့သို့ ဖြစ်ပါစေသောဟု မြွက်ဆို၏။ |
ငါသည် သင်၏သားစဉ်မြေးဆက်ကို မြေမှုန့်ကဲ့သို့များပြားစေမည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် မြေမှုန့်ကိုရေတွက်နိုင်လျှင် သင်၏သားစဉ်မြေးဆက်ကိုလည်း ရေတွက်နိုင်လိမ့်မည်။
ငါသည် သင့်ကို အမှန်ပင်ကောင်းချီးပေး၍ သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်နှင့်အမျှ၊ ပင်လယ်ကမ်းခြေရှိသဲပွင့်နှင့်အမျှ အလွန်များပြားစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်လိမ့်မည်။
သင်၏သားစဉ်မြေးဆက်သည် မြေမှုန့်ကဲ့သို့များပြား၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်ရပ်သို့ပျံ့နှံ့လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင့်အားဖြင့်လည်းကောင်း၊ သင်၏အမျိုးအနွယ်အားဖြင့်လည်းကောင်း ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။
အပြစ်တင်စရာမရှိသောသူကို မှတ်သားဆင်ခြင်လော့။ ဖြောင့်မှန်သောသူကို ကြည့်ရှုလော့။ အကြောင်းမူကား ငြိမ်းချမ်းခြင်းဆောင်ကြဉ်းသူအတွက် အနာဂတ်ရှိ၏။
ဆိုးယုတ်သောသူသည် မိမိပြုသောမကောင်းမှုထဲ၌ လဲကျလိမ့်မည်။ ဖြောင့်မတ်သောသူမူကား သူ၏သေခြင်းထဲ၌ပင် ခိုလှုံရာကိုတွေ့လိမ့်မည်။
တပ်ဖွဲ့အလိုက် ရုဗင်တပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းငါးသောင်းတစ်ထောင့်လေးရာ့ငါးဆယ် ဖြစ်၏။ သူတို့သည် ဒုတိယနေရာမှ ခရီးပြုရမည်။
တပ်ဖွဲ့အလိုက် ဧဖရိမ်တပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းရှစ်ထောင့်တစ်ရာ ဖြစ်၏။ သူတို့သည် တတိယနေရာမှ ခရီးပြုရမည်။
တပ်ဖွဲ့အလိုက် ဒန်တပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းငါးသောင်းခုနစ်ထောင့်ခြောက်ရာ ဖြစ်၏။ သူတို့သည် မိမိတို့၏အလံနှင့်အတူ နောက်ဆုံးနေရာမှ ခရီးပြုရမည်”ဟု မိန့်တော်မူ၏။
တပ်ဖွဲ့အလိုက် ယုဒတပ်စခန်းရှိလူအရေအတွက်စုစုပေါင်းမှာ တစ်သိန်းရှစ်သောင်းခြောက်ထောင့်လေးရာ ဖြစ်၏။ သူတို့သည် ရှေ့ဆုံးနေရာမှ ခရီးပြုရမည်။
ယောက်ျားအားလုံးကိုသတ်သည့်အပြင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘစသော မိဒျန်ဘုရင်ငါးပါးကိုလည်းသတ်၏။ ဗောရ၏သား ဗာလမ်ကိုလည်း ဓားဖြင့်သတ်လေ၏။
ယာယီတဲဖြစ်သော ငါတို့၏မြေကြီးအိမ်သည် ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့်မတည်ဆောက်၊ ဘုရားသခင်တည်ဆောက်တော်မူသော ထာဝရအိမ်ရှိကြောင်းကို ငါတို့သိကြ၏။
ထို့နောက် ကောင်းကင်မှအသံက “ရေးထားလော့။ ယခုမှစ၍ သခင်ဘုရား၌သေဆုံးသည့် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့သည် မိမိတို့၏ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့်ရကြလိမ့်မည်။ သူတို့ပြုသောအမှုများသည်လည်း သူတို့နှင့်လိုက်ပါလာ၏”ဟု မိန့်တော်မူ၏။