ထာဝရဘုရား၏ကောင်းကင်တမန်သည် ဓားကိုကိုင်လျက် လမ်း၌ရပ်နေသည်ကို မြည်းသည် မြင်၍ လမ်းမှလွှဲပြီး လယ်ထဲသို့ ဆင်းသွားလေ၏။ ဗာလမ်သည် မြည်းကို လမ်းပေါ်သို့ပြန်တက်ရန် ရိုက်လေ၏။
မြည်းသည်လမ်းပေါ်တွင်ဋ္ဌားကိုကိုင်ဆွဲလျက် ရပ်နေသော ကောင်းကင်တမန်ကိုမြင်လျှင်လမ်း လွှဲ၍လယ်ကွင်းထဲသို့ဆင်းလေ၏။ ထိုအခါ ဗာလမ်သည်မြည်းကိုရိုက်၍လမ်းမပေါ်သို့ ပြန်တက်စေ၏။-
ဓား လွတ် ကိုင် လျက် လမ်း၌ ရပ် နေ သော ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် ကို မြည်း မြင် လျှင် လမ်း ဖဲ့၍ လွင် ပြင် သို့ သွား သည့် အ တွက် ပြန် လှည့် စေ ရန် ဗာ လမ် ရိုက် နှက် လေ၏။
ထာဝရဘုရား၏ကောင်းကင်တမန်သည် ဓားကိုမိုးလျက်၊ လမ်း၌ ရပ်နေသည်ကို မြည်းသည်မြင်လျှင်၊ လမ်းလွှဲ၍ လယ်သို့ဝင်လေ၏။ ဗာလမ်လည်း မြည်းကိုလမ်းသို့ပြန်စေခြင်းငှာ ရိုက်လေ၏။
ထို့နောက် ဧလိရှဲက “အို ထာဝရဘုရား၊ သူ၏မျက်စိကိုဖွင့်ပေး၍ သူ့ကိုမြင်စေတော်မူပါ”ဟု ဆုတောင်းလျှင် ထာဝရဘုရားသည် ထိုငယ်သား၏မျက်စိကိုဖွင့်ပေးတော်မူသဖြင့် ဧလိရှဲပတ်ပတ်လည်တွင် မြင်းနှင့်ကသောမီးစစ်ရထားများ တောင်တစ်တောင်လုံးပြည့်နေသည်ကို တွေ့ရလေ၏။
ဒါဝိဒ်မင်းကြီးသည် မျှော်ကြည့်လျှင် မိုးနှင့်မြေကြားလေထဲ၌ရပ်နေသောကောင်းကင်တမန်တစ်ပါးကို တွေ့ရ၏။ ထိုကောင်းကင်တမန်သည် ဓားကိုကိုင်ထားလျက် ဂျေရုဆလင်မြို့ဘက်သို့ လက်ဆန့်ထား၏။ ထိုအခါ လျှော်တေအဝတ်ကိုဝတ်ထားသောဒါဝိဒ်မင်းကြီးနှင့်သက်ကြီးဝါကြီးတို့သည် ပျပ်ဝပ်လျက် နေလေ၏။
“မိုးကောင်းကင်၌ပျံဝဲသောငှက်ကျားပင်လျှင် ရာသီအချိန်ကိုသိ၏။ ချိုးငှက်၊ ကြိုးကြာ၊ ပျံလွှားတို့သည်လည်း သွားလာရမည့်အချိန်ကို မှတ်တတ်ကြ၏။ ငါ့လူမျိုးတော်မူကား ထာဝရဘုရား၏စီရင်ထုံးဖွဲ့ချက်ကို မသိကြ။
ငါဒံယေလတစ်ဦးတည်းသာ နိမိတ်အာရုံကို မြင်ရ၏။ ငါနှင့်အတူရှိသောသူတို့မူကား နိမိတ်အာရုံကို မမြင်ရသော်လည်း အလွန်ကြောက်ရွံ့တုန်လှုပ်ကြပြီး ထွက်ပြေးပုန်းအောင်းကြ၏။
သို့သော် ဗာလမ်လိုက်သွားသောကြောင့် ဘုရားသခင်သည် အမျက်ထွက်၍ ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကိုတားဆီးရန် လမ်း၌ရပ်နေ၏။ ဗာလမ်သည် မြည်းကိုစီးလျက် မိမိ၏ငယ်သားနှစ်ယောက်နှင့်အတူ သွားစဉ်တွင်
ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် စပျစ်ခြံ၏ခြံစည်းရိုးနှစ်ခုကြားရှိ လမ်းကျဉ်း၌ ရပ်နေ၏။
အကျွန်ုပ်နှင့်အတူရှိနေသောသူတို့သည် အလင်းကိုမြင်ကြသော်လည်း အကျွန်ုပ်အားပြောသောအသံကို မကြားရကြပါ။
ယောရှုသည် ဂျေရိခေါမြို့နားတွင်ရှိနေစဉ် မျှော်ကြည့်လိုက်သောအခါ လက်၌ဓားကိုင်ထားသောလူတစ်ယောက် သူ့ရှေ့၌ရပ်နေသည်ကို တွေ့၏။ ယောရှုကလည်း သူ့ထံသွား၍ “သင်သည် ငါတို့ဘက်ကလော၊ ရန်သူတို့ဘက်ကလော”ဟု မေးလေ၏။
သို့သော် ဗာလမ်သည် မိမိ၏မှားယွင်းခြင်းအတွက် ဆိုဆုံးမခြင်းကိုခံရ၏။ စကားမပြောတတ်သောမြည်းသည် လူ၏အသံဖြင့် စကားပြောလျက် ထိုပရောဖက်၏မိုက်မဲမှုကို တားမြစ်လေ၏။
သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကာဣန၏လမ်းစဉ်ကိုလိုက်၍ အခကြေးငွေအတွက် ဗာလမ်၏မှားယွင်းခြင်းထဲသို့ကျရောက်သွားကာ ကောရ၏ဆန့်ကျင်မှုမျိုး၌ ပျက်စီးဆုံးရှုံးကြ၏။