အကျွန်ုပ်သည် သင့်ကို များစွာဂုဏ်ပြုချီးမြှောက်ပါမည်။ သင်ပြောသမျှကိုလည်း ငါပြုပါမည်။ ယခု လာ၍ အကျွန်ုပ်အတွက် ဤလူမျိုးကို ကျိန်ဆဲပါလော့’ဟူ၍ မှာကြားသည်”ဟု ဆိုကြ၏။
ကိုယ်တော်အားထိုက်ထိုက်တန်တန်ချီးမြှင့် ပါမည်။ ကိုယ်တော်ခိုင်းစေသမျှကိုဆောင်ရွက် ပေးပါမည်။ ကြွလာ၍ဤသူတို့ကိုကျိန်ဆဲ ပါလော့'' ဟူသောဗာလက်၏လျှောက်ထား ချက်ကိုတင်ပြကြ၏။
ဗာ လမ် က၊ ဗာ လက် မင်း သည် ရွှေ ငွေ များ ကို နန်း တော် နှင့် အ ပြည့် ပေး သော် လည်း ငါ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ကို လွန် ကျူး၍ မည် သည့် အ မှု ကြီး ငယ် ကို မျှ ငါ မ ပြု ဝံ့။
ငါသည် ကိုယ်တော်ကို အလွန်ချီးမြှောက်မည်။ ကိုယ်တော်တောင်းသမျှကို ပေးမည်။ သို့ဖြစ်၍ကြွလာပါ။ ဤလူမျိုးကို ငါ့အဖို့ကျိန်ဆဲပါဟု မိန့်တော်မူကြောင်းကို ပြန်ပြောကြ၏။
ဟာမန်က သူတို့အား မိမိမည်မျှ ဓနဥစ္စာဂုဏ်ရှိန်ကြီးကြောင်း၊ သားသမီးများပြားကြောင်း၊ ရှင်ဘုရင်သည်လည်း မိမိအား မည်မျှချီးမြှင့်မြှောက်စားကြောင်း၊ အခြားမှူးမတ်များနှင့် မင်းမှုထမ်းများထက် ရာထူးတိုးမြှင့်ပေးကြောင်းတို့ကို ဝါကြွားပြောဆိုလေ၏။
ထိုအခါ မိန်းမစိုးတစ်ဦးဖြစ်သော ဟာဗောနက ရှင်ဘုရင်အား “အရှင်မင်းကြီးကောင်းကျိုးအတွက် လျှောက်တင်ခဲ့သောမော်ဒကဲကို ချိတ်ဆွဲရန် ဟာမန်ပြုလုပ်ထားသည့် အတောင်ငါးဆယ်မြင့်သောသစ်တိုင်သည် ဟာမန်အိမ်၌စိုက်ထူထားပါသည်”ဟု လျှောက်တင်လျှင် ရှင်ဘုရင်က “ထိုသစ်တိုင်ပေါ်တွင် သူ့ကိုချိတ်ဆွဲထားစေ”ဟု အမိန့်ပေးလေ၏။
ထိုသူတို့သည် ဗာလမ်ထံသို့ရောက်လာ၍ “ဇိဖော်၏သားဗာလက်မင်းကြီးက ‘သင်သည် အကျွန်ုပ်ထံသို့လာရန် မည်သည့်အတားအဆီးမျှမရှိပါစေနှင့်။
ဗာလက်မင်းကြီးက ဗာလမ်အား “အကျွန်ုပ်သည် သင့်ထံသို့ လူအထပ်ထပ်စေလွှတ်၍ ခေါ်စေသည်မဟုတ်လော။ အဘယ်ကြောင့် သင်မလာသနည်း။ အကျွန်ုပ်သည် သင့်ကို ဂုဏ်မပြုနိုင်သလော”ဟု ဆို၏။
ဤလူမျိုးသည် အကျွန်ုပ်ထက်အင်အားကြီးသောကြောင့် ယခုလာ၍ အကျွန်ုပ်အတွက် သူတို့ကို ကျိန်ဆဲပါလော့။ အကျွန်ုပ်သည် သူတို့ကိုတိုက်ခိုက်၍ ဤပြည်ထဲမှ နှင်ထုတ်နိုင်ကောင်းနှင်ထုတ်နိုင်လိမ့်မည်။ သင်ကောင်းချီးပေးသောသူသည် ကောင်းချီးခံစားရ၍ သင်ကျိန်ဆဲသောသူသည် ကျိန်ဆဲခြင်းခံရသည်ကို အကျွန်ုပ်သိ၏”ဟု ဆင့်ဆိုစေ၏။
ယခု သင့်နေရပ်သို့ ပြန်ပြေးလော့။ သင့်ကို ဂုဏ်ပြုချီးမြှောက်မည်ဟု ဆိုခဲ့သော်လည်း ထိုဘုန်းအသရေကို သင်မရရှိစေရန် ထာဝရဘုရား တားဆီးလေပြီ”ဟု ဆို၏။
ထို့ကြောင့် ဟေရုဒ်သည် သင်တောင်းသမျှကိုပေးမည်ဟု သူ့အား ကတိသစ္စာပြုလေ၏။
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း။
သင်သည် ရက်သတ္တပတ်ခုနစ်ပတ်ကို မိမိဘာသာမိမိရေတွက်ရမည်။ ကောက်ပဲသီးနှံစတင်ရိတ်သိမ်းချိန်မှစ၍ ရေတွက်ရမည်။