သို့သော် ဧဒုံဘုရင်က “ငါ့နယ်မြေထဲမှ သင်တို့ဖြတ်မသွားရ။ ဖြတ်သွားလျှင် ငါသည် ထွက်လာ၍ သင်တို့ကို ဓားဖြင့်တိုက်ခိုက်မည်”ဟု ဆို၏။
ဧဒုံအမျိုးသားတို့က``သင်တို့အားငါတို့ ၏ပြည်ကိုဖြတ်သန်းခွင့်မပြုနိုင်။ သင်တို့ ဖြတ်သန်းလာလျှင်ငါတို့သည်အလုံး အရင်းနှင့်ချီတက်၍သင်တို့အားတိုက်ခိုက် မည်'' ဟုဖြေကြားကြလေသည်။
ဧ ဒုံ ဘု ရင် က၊ ဓား လက် နက် နှင့် ငါ ချီ ထွက်၍ မ ဆီး မ ဆို့ ရန်၊ မ ဖြတ် မ သွား ကြ ရ ဟု ဆို သော်၊
ဧဒုံကလည်း၊ သင်သည်ငါ့ပြည်အလယ်၌ မလျှောက်မသွားရ။ လျှောက်သွားလျှင်၊ ဓားလက်နက်နှင့် ဆီးတားမည်ဟုပြန်ပြော၏။
အစ္စရေးအမျိုးသားတို့ကလည်း “အကျွန်ုပ်တို့သည် ရှင်ဘုရင်လမ်းမအတိုင်းသာ သွားပါမည်။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏တိရစ္ဆာန်တို့သည် အရှင်၏ရေကိုသောက်မိလျှင် အဖိုးအခကိုပေးပါမည်။ ခြေဖြင့်ဖြတ်သွားရုံသာဖြတ်သွားပါမည်”ဟု ပြန်လျှောက်၏။
သို့သော် ဧဒုံဘုရင်က “သင်တို့ဖြတ်မသွားရ”ဟု ဆိုလျက် သူတို့ကိုတိုက်ခိုက်ရန် အားကြီးသောစစ်သူရဲများစွာတို့ဖြင့် ထွက်လာ၏။
သို့သော် ရှိဟုန်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို မိမိ၏နယ်မြေထဲမှ ဖြတ်သွားခွင့်မပြုသည့်အပြင် ရှိဟုန်မင်းကြီးသည် မိမိလူအားလုံးကို စုဝေးစေပြီး အစ္စရေးလူမျိုးတို့ကို ဆီးတားရန် တောကန္တာရသို့ ထွက်သွား၏။ ယာဟတ်အရပ်သို့ရောက်သောအခါ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်လေ၏။
ထို့နောက် သူတို့သည် ဧဒုံပြည်ကိုရှောင်ကွင်းသွားရန် ဟောရတောင်မှ ထွက်ခွာ၍ ပင်လယ်နီလမ်းအတိုင်း ခရီးပြုကြရာ လူတို့သည် လမ်းခရီး၌ စိတ်ပျက်အားလျော့ကြ၏။
ဧဒုံပြည်သည် သိမ်းယူခြင်းကို ခံရလိမ့်မည်။ စိရပြည်သည် မိမိရန်သူ၏သိမ်းယူခြင်းကို ခံရလိမ့်မည်။ အစ္စရေးလူမျိုးတို့မူကား ရဲစွမ်းသတ္တိနှင့်ပြည့်လိမ့်မည်။