ဣဇက်၏အစေအပါးတို့သည် ချိုင့်ဝှမ်း၌ရေတွင်းတူးကြသောအခါ စမ်းရေထွက်သောတွင်းကိုတွေ့ရှိကြ၏။
တောလည် 19:17 - မြန်မာ့စံမီသမ္မာကျမ်း မစင်ကြယ်သောသူအတွက် အပြစ်ဖြေရာယဇ်ဖြစ်သည့်မီးရှို့ထားသောနွားမတမ်း၏ပြာကို ယူ၍ စမ်းရေနှင့်အတူ အိုးထဲသို့ ထည့်ပြီးလျှင် Common Language Bible ထိုကဲ့သို့မသန့်စင်သူများကိုသန့်စင်လာ စေရန် အပြစ်ဖြေရာနွားနီမ၏ပြာအိုး တစ်လုံးတွင်စမ်းရေနှင့်ရော၍ထည့်ရမည်။- Garrad Bible ထို သို့ မ သန့် ရာ ရောက် သူ တို့ အ ဖို့ ကျွမ်း ပြီး ကင်း ရှင်း ရာ ကင်း ရှင်း ကြောင်း နွား ပြာ မုန့် အ ချို့ အ ဝက် ကို ယူ၍ အိုး ရှိ စမ်း ရေ နှင့် ဖျော် စပ် ပြီး လျှင်၊ Judson Bible မစင်ကြယ်သောသူဖို့ အပြစ်ကင်းစေရာ မီးရှို့သောနွားမ၏ ပြာအချို့ကိုယူ၍၊ စီးသောရေနှင့်အတူ အိုး၌ထည့်ပြီးမှ၊ |
ဣဇက်၏အစေအပါးတို့သည် ချိုင့်ဝှမ်း၌ရေတွင်းတူးကြသောအခါ စမ်းရေထွက်သောတွင်းကိုတွေ့ရှိကြ၏။
ဥယျာဉ်ထဲမှစမ်းချောင်း၊ စမ်းရေတွင်း၊ လက်ဘနွန်တောင်မှ စီးဆင်းလာသောရေ ဖြစ်၏။”
သင်တို့ကို သန့်ရှင်းသောရေနှင့်ပက်ဖျန်းသဖြင့် သင်တို့သည် စင်ကြယ်လိမ့်မည်။ သင်တို့၏အညစ်အကြေး၊ သင်တို့၏ရုပ်တုဆင်းတုရှိသမျှတို့မှလည်း သင်တို့ကို စင်ကြယ်စေမည်။
ထိုနေ့ရက်တွင် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့ အပြစ်နှင့်မစင်ကြယ်မှုများကို ဆေးကြောရန် စမ်းရေတွင်းတစ်ခု ပေါ်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
စင်ကြယ်သောသူသည် ဟုဿုပ်ညွန့်ကိုယူ၍ ထိုရေထဲသို့နှစ်ပြီး တဲနှင့် တဲထဲရှိအသုံးအဆောင်အားလုံးကိုလည်းကောင်း၊ တဲထဲရှိလူတို့ကိုလည်းကောင်း၊ လူသေအရိုး၊ အသတ်ခံရသူ၊ အလိုလိုသေသောသူ၊ သင်္ချိုင်းဂူကို ထိမိသောသူကိုလည်းကောင်း ဖျန်းရမည်။
စင်ကြယ်သောယောက်ျားတစ်ယောက်က နွားမတမ်း၏ပြာကို စုသိမ်း၍ တပ်စခန်းအပြင်ဘက် စင်ကြယ်သောနေရာတွင် ထားရမည်။ ထိုပြာကို အစ္စရေးအမျိုးသားလူထုအပေါင်းတို့၏အပြစ်ဖြေလွှတ်ခြင်းအတွက် စင်ကြယ်စေခြင်းရေ ဖော်စပ်ရန် သိမ်းထားရမည်။
မီးဒဏ်ခံနိုင်သောအရာရှိသမျှကို မီးဖြင့် စစ်ခြင်းဖြင့် စင်ကြယ်စေရမည်။ စင်ကြယ်စေခြင်းရေဖြင့်လည်း စင်ကြယ်စေရမည်။ မီးဒဏ်မခံနိုင်သောအရာရှိသမျှကိုကား ရေနှင့်ဆေးကြောရမည်။
ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာကဆိုထားသည့်အတိုင်း သူ၏နှလုံးသားအထဲမှ အသက်ရေမြစ်များ စီးထွက်လိမ့်မည်”ဟု ကြွေးကြော်တော်မူ၏။
အကြောင်းမူကား ညစ်ညူးခြင်းရှိသောသူတို့အပေါ်ပက်ဖျန်းသော ဆိတ်သွေး၊ နွားလား၏သွေးနှင့် နွားမတမ်း၏ပြာတို့သည် ကိုယ်ကာယကိုစင်ကြယ်စေ၍ သူတို့ကိုသန့်ရှင်းစေသည်ဆိုလျှင်
အကြောင်းမူကား ပလ္လင်တော်အလယ်တွင်ရှိသောသိုးသငယ်တော်သည် သူတို့ကိုအုပ်ထိန်း၍ အသက်ရေထွက်ရာစမ်းရေတွင်းသို့ သူတို့ကိုလမ်းပြပို့ဆောင်တော်မူလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်”ဟု ဆို၏။